Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲမတိုင်ခင် ကျောင်းပိတ်ရခြင်းကြောင့် အလျှင်စလိုစာသင်နေရ

    ရွေးကောက်ပွဲမတိုင်ခင် ကျောင်းပိတ်ရခြင်းကြောင့် အလျှင်စလိုစာသင်နေရ

    -

    မိလရီထော – ရွေးကောက်ပွဲမတိုင်ခင် ကျောင်းပိတ်ရမည်ဖြစ်သည့်အတွက် ကျောင်းသင်ခန်းစာကုန်အောင် ဆရာ ဆရာမများက အလျှင်စလို စာသင်နေကြရသည်။

    အောက်တိုဘာ ၂၂ ရက်နေ့မှာ တပြည်လုံးရှိ ကျောင်းများအားလုံး တစ်လပိတ်ရမည်ဟု ပြည်နယ်ပညာရေးတို့မှတဆင့် ကျောင်းအသီးသီးတွေကို အကြောင်းကြားစာပေးပို့ထားသည်။

    ကျောင်းတစ်လပိတ်မည်ကို စစ်အစိုးရတို့မှ တရားဝင် ကြေငြာချက်ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သို့သော်လည်း ကျောင်းမှာ ကျောင်းပိတ်မည့် အကြောင်းကြားစာကြောင့် ဆရာ/ဆရာတွေက အလျှင်စလို စာဖိသင်နေကြသည်။

    ပိတ်ရက်မတိုင်ခင်မှာလည်း နှစ်ဝက်စာမေးပွဲ အပြီးစစ်ဆေးသွားရမှာဖြစ်သည့်အတွက်  သင်ခန်းစာကုန်အောင် သင်နေရသည့် ဆရာ/ဆရာမနှင့် စာကို နိုင်အောင် လိုက်လုပ်နေရသည့် ကျောင်းသူ/သားများ အလွန်ပင်စိတ်ညစ်နေကြသည်။

    ယခုလို ရွေးကောက်ပွဲမတိုင်ခင်မှာ ကျောင်းပိတ်ခြင်းမှာ ဆရာ/ဆရာမများ အားလပ်ချိန်မှာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဘယ်လိုမဲပေးရမည်ဆိုတာကို အနီးကပ် သင်တန်းပေးသွားရန်ရှိသလို ကျောင်းသားတွေ မစုမိအောင် လုပ်ဆောင်တာလဲ ဖြစ်နိုင်သည်ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

    “အခုဆို ကြံ့ဖွံပါတီကနေ မြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေမှာ လာရောက်စည်းရုံးနေတာရော ဆရာ/မတွေကို ရွေးကောက်ပွဲအတွက်လာပြီး လုပ်ခိုင်းနေတဲ့အတွက်ကြောင့်  ဒီကြံ့ဖွံ့ပါတီတွေအပေါ် စိတ်မဝင်စားတဲ့ရွာသူ/ရွာသားတွေက ဆရာ/မတွေကို ကြံ့ဖွံပါတီတွေကို ထောက်ခံအားပေးနေတဲ့လူတွေအဖြစ် အထင်မှားမှာကို အလွန် စိုးရိမ်နေတယ်” ဟု မုဒုံရှိ အထက်တန်းပြဆရာမတစ်ဦး၏ အစ်မက ပြန်ပြောပြသည်။

    ၄င်းက သင်တန်းမှပြန်လာသောဆရာ/ဆရာများသည် ရွာသို့ပြန်ရောက်ပါက သင်တန်းမှပို့ချသည်များကို ရွာ သူ/သားများအား တဆင့်ပြန်လည်းသင်တန်းပေးရမည်ဖြစ်ပြီး၊ ယခုလောလောဆယ်တွင်လည်း ရွေးကောက်ပွဲအတွင်း မည်သို့မည်ပုံ မဲပေးရမည်ကို သရုပ်ပြလုပ်ဆောင်ရန်အတွက် ကျောင်းကနေဆရာမများအား တစ်ကြိမ်လျှင် တစ်ဦး၊ နှစ်ဦးခန့် ခေါ်ယူနေသည်။

    ရွေးကောက်အချိန်တွင် အဖွဲ့များဖြစ်စေ၊ ကျောင်းသူ/သားများမှ အုပ်စုအလိုက်ဖြစ်စေ စုဝေးခြင်းကို စစ်အစိုးရတို့က ခွင့်မပြုသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီအတွင်း ပွဲလမ်းသဘင် ကျင်းပခွင့်မပြုဟု မြို့နယ်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) များက ကျေးရွာဥက္ကဌများကို ညွန်းကြားစာ ပေးပို့ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks