spot_img
Sunday, June 1, 2025
More
    spot_img
    Homeသတင်းမွန်ငြိမ်းချမ်း တပ်ဖွဲ့ဝင်အား လုပ်ကြံသူ မမိသေး

    မွန်ငြိမ်းချမ်း တပ်ဖွဲ့ဝင်အား လုပ်ကြံသူ မမိသေး

    -

    နိုင်စန် – မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးအား လုပ်ကြံမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက လျစ်လျူရှုထားခြင်းကြောင့် တရားခံကို မမိသေးကြောင်း လုပ်ကြံခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ဒီနေ့ပါရောဆို (၅) ရက်တောင် ပြည့်သွားပြီ၊ ဘယ်သူပစ်လဲ ဆိုတာ မသိသေးဘူး၊ အပစ်ခံရတဲ့ ညနဲ့ မနက်ဖြန် မနက်ပိုင်းမှာ လာပြီး မေးမြန်းတာလောက်ပဲ ရှိတယ်” ဟု သူက ပြောသည်။

    စက်တင်ဘာလ (၃၀) ရက်နေ့ ည (၈) နာရီခွဲခန့်တွင် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့မှ နိုင်မန်းအား မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ အဝင် (မော်လမြိုင်-ရေး အဝေးပြေး ကားလမ်းဘေး) တွင် ဖွင့်ထားသည့် ၄င်း၏ စားသောက်ဆိုင်အတွင်း အမည်မသိ သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့ရာမှ ပေါင်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ညတွင်းချင်း မော်လမြိုင်ဆေးရုံကြီးသို့ တင်ကာ အတွင်းလူနာအဖြစ် ကုသခံနေရသည်။

    ပစ်ခတ်သူမှာ မော်တော်ဆိုင်ကယ်ဖြင့် ဆိုင်ရှေ့သို့ လာပြီး လက်နက်တိုဖြင့် သုံးချက်တိုင် ပစ်ခတ်ခဲ့ကြောင်း၊ ဝမ်းဗိုက်ဒဏ်ရာမှာ မပြင်းထန်သဖြင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။
    ငွေကြေးလိမ်လည်မှုကြောင့် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်း မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့နှင့် စီးပွားရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    နိုင်မန်းမှာ ယခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင် နိုင်အောင်နိုင်၏ လူယုံတစ်ဦး ဖြစ်ပြီး မော်တော်ယာဉ် တရားဝင် လိုင်စင် ပြုလုပ်ပေးမည်ဟု ဆိုကာ ကားပိုင်ရှင်များထံမှ ကြိုတင်ငွေ သိန်းပေါင်းများစွာ ရယူထားသည်ဟု ဆိုသည်။

    ၄င်းမှာ မော်လမြိုင်မြို့ ရခိုင်ကုန်းတွင်လည်း လောင်စာဆီ ရောင်းဝယ်လျက် ရှိပြီး မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် မြဝတီမြို့တွင် စီးပွားရေး လုပ်ကိုင်ခဲ့ရာမှ လိမ်လည်မှုကြောင့် မြဝတီမြို့မှ ရှောင်တိမ်းသွားခဲ့ကြောင်း မြဝတီမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ယမန်နှစ် စက်တင်ဘာလတွင်လည်း သံဖြူဇရပ်မြို့အဝင် ခလရ (၆၂) တပ်ရင်းရှေ့ ကားလမ်းမပေါ်၌ မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့မှ နိုင်ချစ်စိန်နှင့် တပည့်တစ်ဦး အမည်မသိ သေနတ်သမားတစ်ဦး၏ လုပ်ကြံမှုကို ခံရပြီး ဒဏ်ရာရရှိခဲ့ဘူးသည်။ သို့သော်လည်း တရားခံကို ယနေ့တိုင် ဖမ်းဆီးရမိခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,800SubscribersSubscribe
    spot_img

    Latest posts