spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းခလရ ၃၂ မှ ရွာသားများအား ပေါ်တာအဖြစ်ဖမ်းဆီး

    ခလရ ၃၂ မှ ရွာသားများအား ပေါ်တာအဖြစ်ဖမ်းဆီး

    -

    ဂျူရီချိုင်း- တပ်အပြောင်းအလဲပြုလုပ်သွားသော ယခင် ထိုင်း-မြန်မာနယ်စပ် ဘုရာသုံးဆူမြို့ အခြေစိုက် ခလရ (၃၂) တပ်ရင်းက ယမန်နေ့မှာ ရွာသားများအား ပေါ်တာ ဖမ်းဆီးခေါ်ဆောင်မှုရှိသည်။

    ဘုရားသုံးဆူနယ်စပ်ရှိ ချောင်းဆုံကျေးရွာ အောက်ဘက်ပိုင်း အနီးအနားရှိ ရွာသား ၆ ဦး ဖမ်းဆီးသွားသည်။ ခလရ (၃၂) သည် ခလရ (၂၈၃) နှင့် တပ်အပြောင်းအလဲပြုလုပ်ပြီး အပြန်ခရီးမှာ ယခုလို ရွာသားများကို ဖမ်းဆီးခဲ့ကြောင်း မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောသည်။

    “ဟုတ်တယ် ဖမ်းသွားတယ် မနေ့ညနေကတည်းကခေါ်သွားတာ အခုအချိန်ထိ ပြန်မလွတ်လာသေးဘူး” ဟု ၄င်းက ပြောသည်။

    ထိုမျှမက ၄င်းတပ်ရင်း အပြန်ခရီးစဉ်တစ်လျှောက်မှာ ယခုလို နောက်ထပ်ရွာသားများ ပေါ်တာဆက်လက်ဖမ်းဆီးသွားမည့် အလားလာရှိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

    ဖမ်းဆီးခံရသူ ၆ ဦးအနက် မိပရံကျေးရွာမှ အသက် ၄၀ ခန့်ရှိ ရွာဥက္ကဌဟောင်း ဦးကျော်ရင်လည်း ပါဝသည်။ သူတို့ကို တောလမ်းတစ်နေရာကနေ ခေါ်ဆောင်သွားတာဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ မူးယစ်ဆေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

    “ဖမ်းဆီးခံရတဲ့သူတွေအားလုံးက မိပရံ ရွာသားတွေပဲလို့ ကြားတယ် အသေအချာတော့ မပြောတတ်ဘူး စုံစမ်းနေတုန်းပဲ” ဟု ၄င်းက ပြောသည်။

    ယခင်က ဘုရားသုံးဆူအခြေစိုက်တပ်ရင်းများ တပ်အပြောင်းအလဲပြုလုပ်မည်ဆိုလျှင် လိုအပ်သည့် အထမ်းသမားအရေအတွက်ကို မြို့နယ်မယကမှတဆင့် ရှာပေးခိုင်းပြီး ထိုအတွက် ကုန်ကျစရိတ်ကို မြို့တို့ကသာ ကျခံပေးရလေ့ရှိသော်လည်း ယခု ခလရ ၃၂ တပ်အပြောင်းအလဲမှာ ပေါ်တာအကြောင်း ပြောကြားခြင်းမရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    ဇူလိုင်လတုန်းကလည်း ဘုရားသုံးဆူဒေသအတွင်း စစ်ရေးလှုပ်ရှားသော ကမ်းရိုးတမ်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံစစ်တပ်မှ ချောင်းဆုံကျေးရွာ၌ ခေတ္တခြေအချထားသည့် တပ်ရင်း (၄၀၉) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်စိုးလွင်ဦးစီးစစ်ကြောင်းက မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင် သုံးဦးကို ပေါ်တာဖမ်းဆီးခေါ်ဆောင်ခဲ့ဖူးသည်။

    ထိုစဉ်က မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်တွေသာမက ဒေသခံတွေကိုလည်း ဖမ်းဆီးခဲ့ပြီး ခရီးလမ်းတလျှောက် အလေးထမ်းခံရသည့်ဒဏ်ကို မခံနိုင်သော တချို့ အထမ်းသမားတွေက ထွက်ပြေးလွတ်မြောက်လာကြသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအပစ်ခတ်ရပ်စဲသဘောတူညီချက်တစ်ရက်တွင် မည့်သည့်တပ်ဖွဲ့မှ ပေါ်တာဖမ်းဆီးခြင်းမပြုဟု သဘောတူညီမှုရှိခဲ့သည်။

    တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်တင့်ခိုင် ဦးစီးသော ခလရ (၃၂) တပ်ရင်းသည် စစ်ကြောင်းအင်အား အရေအတွက် ၁၁၀ ခန့်ရှိကြောင်း ကေအန်ယူ အရာရှိတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူဒေသအတွင်း မွန်နှင့် ကရင်လူမျိုးအများစု နေထိုင်လျှက်ရှိပြီး၊ လယ်ယာ၊ ခြံလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်း ပြုကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks