spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းမွန်အမျိုးသားရေးရာအဖွဲ့ချူပ်က ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် တိုက်တွန်း

    မွန်အမျိုးသားရေးရာအဖွဲ့ချူပ်က ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရန် တိုက်တွန်း

    -

    မွန်အမျိုးသားရေးရာအဖွဲ့ချူပ်မှ ထုတ်ပြန်တိုက်တွန်းလိုက်သည့် Statement

    မင်းအဲ – မြန်မာစစ်အစိုးရမှ ကျင်းပသွားမည့် နိုဝင်ဘာ ၇ ရက် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သွားရန် မွန်ပြည်သူများအကြား မွန်အမျိုးသားရေးရာအဖွဲ့ချူပ်က တိုက်တွန်းနိုးဆော်စာ ထုတ်ပြန်ကြေညာ လိုက်သည်။

    မွန်အမျိုးသားရေးရာအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင်များနှင့် ဒေသကြီး (၄) ခုမှ ကိုယ်စားပြုဗဟိုကော်မတီဝင်များက ထိုင်းနယ်စပ်တနေရာတွင် (၃) ရက်ကြာ အစည်းအဝေးကျင်းပခဲ့ပြီးနောက် လာမည့် ရွေးကောက်တွင် မဲရုံးသို့ မဲဆန္ဒသွားမပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်ဟု  မွန်အမျိုးသားရေးရာအဖွဲ့ချူပ်မှ အထွေထွေအတွင်းရေးမှုး နိုင်လရီရော့က ပြောသည်။

    “အစည်းအဝေးထဲမှာ မဲရုံးမသွားဖို့ ကျနော်တို့ သဘောတူလိုက်တယ်၊ နောက်ပြီး ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေမူကြမ်းကိုပဲ အသက်သွင်းနေတော့ မြန်မာစစ်အစိုးရက  သူတို့စိတ်ကြိုက် ရေးဆွဲထားတာ တွေ့ရတယ်၊ သူတို့ ပါတီကိုတော့ နေရာတိုင်းမှာ သွားရေးလာရေး ကောင်းမွန်စွာ စီစဉ်ထားတယ်၊ အခြားနိုင်ငံရေးပါတီကိုတော့ ဟိုပိတ်ဒီပိတ်နဲ့ လုပ်နေတယ်” ဟု  အဆိုပါ နိုင်လရီရော့က ပြောသည်။

    မြန်မာစစ်အစိုးရသည် ရွေးကောက်ပွဲကာလအတွင်းမှာ ၄င်းတို့၏ ကျောထောက်နောက်ခံဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးသာ မဲဆွယ်စည်းရုံးရေးဆင်းပိုင်ခွင့်ပေးသည့်အတွက်  မွန်အမျိုးသားရေးရာအဖွဲ့ချူပ်မှ ယခုကဲ့သို့ ယင်းကြေညာချက်ကို ထုတ်ပြန်ရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေရှင်းမှ နိုင်အဲမွန်က ပြောသည်။

    “ဒီအချိန်မှာ စစ်အစိုးရကပဲ အာဏာအုပ်စိုးထားတော့ ကြံ့ခိုင်ရေးပါတီတစ်ခုပဲ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးရတာ၊ အခု အထဲမှာ ဖြစ်နေပြီး တကယ်လို ကြံ့ခိုင်ရေးပါတီကို မဲပေးမယ်ဆိုရင် ‘ခင်ဗျာတို့ ရှေ့ရေး တာဝန်ယူပေးမယ်’ ဆိုပြီး လိုက်ပြောနေတယ်၊ နောက်ပြီး စစ်အစိုးကလဲ ကျေးလက်တောရွာမှာ ဆင်းတိုင်း သူတို့ရဲ့ပါတီကိုပဲ ထည့်ပါ၊ ထည့်ဖို့လည်း ခြိမ်းခြောက်နေတယ်” ဟု အဆိုပါ နိုင်အဲမွန်က ပြောသည်။

    မွန်အမျိုးသားရေးရာအဖွဲ့ချူပ်၏ထုတ်ပြန်ချက်အရ “ပစ္စုပ္ပန်ကာလတွင် စစ်အစိုးရသည် ၄င်းတို့အလိုအကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းရန် စီစဉ်လျှက်ရှိပါသည်။ ၄င်းတို့၏ စစ်အစိုးရကို လူထုရွေးကောက်တင်မြောက်ထားသော အစိုးရသဖွယ်ဖြစ်လာစေရန် လိမ်လည်ခြင်း၊ ခြောက်လှန့်ခြင်းစသည့် မသမာသောနည်းမျိုးစုံသုံးကား အာဏာကို လှည့်ပတ်ရယူသွားမည်မှာ ထင်ရှားလျက်ရှိပါသည်”။

    ထိုနည်းတူ တိုးတက်သောမွန်လူငယ်များအစည်းအရုံးကလည်း ပြည်တွင်းရှိ မွန်လူငယ်တို့နှင့် ပူးပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဆန့်ကျင်သပိတ်မှောက်သွားရန် စီစဉ်နေကြောင်း သိရပါသည်။

    မွန်အမျိုးသားရေးရာအဖွဲ့ချူပ်သည် ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၈မှ စတင်၍ ယနေ့ချိန်ထိ မွန်လူမျိုးအတွက် လှုပ်ရှားနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts