spot_img
Saturday, May 10, 2025
More
    spot_img
    Homeသတင်းတလမွန်ခရီးသွားလုပ်ငန်းအား ခရီးသွားများ အားပေး

    တလမွန်ခရီးသွားလုပ်ငန်းအား ခရီးသွားများ အားပေး

    -

    နိူင်မာန် – တလမွန်ကုမ္ပဏီမှ ခရီးသွားပို့ဆောင်ရေး စဖွင့်လှစ်ခဲ့သည့်နေ့တွင် အခြားခရီးသည်ပို့ဆောင်ရေးတွင် ခရီးသွားနေသည့် ခရီးသည်များက တလမွန်မှန်လုံခရီးသည်ပို့ဆောင်ရေးနှင့်လည်း အားပေး ခရီးသွားကြကြောင်း သိရပါသည်။

    သံဖြူဇရပ်မြို့ပရိသတ်များနှင့် စျေးဝယ်သူများတို့သည် စက်တင်ဘာလ ၂၇ ရက်နေ့ တလမွန်ကားအခမ်းအနားဖွင့်သည်ကိုတွေခဲ့ပြီးနောက် လက်ခုပ်သံံနှင့်အတူ လာရောက်အားပေးနေပြီး ရန်ကုန်မြို့သို့ခရီးသွားပါက တလမွန်ကားဖြင့်သွားရန် နှိုးဆော်နေကြသည်။
    “ရွှေမြိုင်သူကားတို့ ရောင်နီထွန်းကားတွေကို စီးနေတဲ့ရန်ကုန်ခရီးသည်တွေ တလမွန်ကားအခမ်းအနားစဖွင့်တယ်လို့ ပြောတာနဲ့ ဘုန်းကြီးကအစ တလမွန်ကားနဲ့ သွားကြတယ်” ဟု ကားစီးထားသော မော်လမြိုင်တက္ကသိုလ် ကျောင်းသူတစ်ဦးက ပြောသည်။

    ရန်ကုန်ခရီးသည်များတွင် မွန်လူမျိုးအများစုဖြစ်ပြီး ရန်ကုန်နှင့် သံဖြူဇရပ်ပြေးဆွဲနေသော တလမွန်ကားကိုတွေ့ပြီးနောက် လူတိုင်းစိတ်ဝင်စားလာကာ တလမွန်ကုမ္ပဏီတွင် ရှယ်ယာဝင်ရန် မေးမြန်းနေကြသည်။

    ၎င်းကုမ္ပဏီဖွင့်ပွဲအခမ်းအနားအတွင်း ဒါရိုက်တာတစ်ဦးက ”ဒီနေ့ တလမွန်ကုမ္ပဏီ ဖွင့်ရတဲ့ရည်ရွယ်ချက်ကလည်း မွန်အမျိုးသားတွေအတွက်ပဲဖြစ်တယ်၊ နှမ်းတစ်လုံးနဲ့ ဆီကြိတ်လို့မရဘူး။ နှမ်းတင်များများမှ ကြိတ်နိုင်တယ်၊ အခု ရန်ကုန်မှာရှိတဲ မွန်နဲ့ နယ်ကမွန် စုပေါင်းပြီးဖွင့်ထားတာ၊ ဒီကုမ္ပဏီဖွင့်ထားတာက ကျနော်တို့မွန်အမျိုးသား ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးအတွက်ပဲ” ဟု တလမွန်ကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောသည်။

    အခြားမှန်လုံးခရီးသည်ပို့ဆောင်ရေးအများစုသည် မိသားစုစီးပွားရေး၊ စီးပွားရေးမိတ်ဆွေများအနေဖြင့် စုပေါင်းဖွင့်လှစ်ထားသော်လည်း တလမွန်ကုမ္ပဏီသည် ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ မွန်ဓနရှင်တို့ပူးပေါင်းပြီး မွန်အမျိုးသားများနှိုးဆော်ရန်အတွက် ယခုကဲ့သို့ တလမွန်ကုမ္ပဏီကို ဖွင့်လှစ်ထားခဲ့သည်။

    တလမွန် ကုမ္ပဏီ၏ အမြင့်ဆုံးရှယ်ယာ တစ်ရှယ်ယာလျှင် ကျပ်သိန်း (၅၀) ၊ အနိမ့်ဆုံးရှယ်ယာတစ်ခုအတွက် ကျပ် (၅) သိန်းဖြစ်သည်။ ရှယ်ယာ ၁၀ စုပါဝင်သူများမှာ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရပြီး ရှယ်ယာ ၁၀ စုအောက် ပိုင်ဆိုင်သူများမှာ ရိုးရိုးအဖွဲ့ဝင်အဖြစ်သာ ဖြစ်သည်။ ဒါရိုက်တာအဖွဲ့ဝင်အား ၅၀ ဦးအထိ လက်ခံပြီး ၄င်းအဖွဲ့ဝင်တွင်လည်း အဖွဲ့ဝင်တို့၏အရည်အချင်းပေါ်မူတည်၍ ၁၅ ဦးအာ အုပ်ချုပ်ရေးဒါရိုက်တာခန့်အပ်မည် ဖြစ်သည်။

    တလမွန်ကုမ္ပဏီကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ Trader Hotel ၌စတင်တည်ထောင်ခဲ့ပြီး အစုရှယ်ယာ နှစ်သောင်းအထိလက်ခံသွားမည်ဟု တလမွန်ကုမ္ပဏီ၏အထွေထွေစီမံခန့်ခွဲရေး နိုင်ချစ်ဖေက ပြောသည်။

    တလမွန်ကုမ္ပဏီသည် အမျိုးသားစည်းရုံးရေးကို အဓိကထားပြီး အမျိုးသားအကျိုးစီးပွားအတွက် လုပ်ဆောင်မည်ဖြစ်သည်။ ကုမ္ပဏီကို စိတ်ဝင်စားသည့်ရှယ်ယာမဝင်နိုင်သူများကိုလည်း ကျပ် ၁ သိန်းတန်ရှယ်ယာဝင်နိုင်ရန်၊ ထိုရှယ်ယာဖြင့် ကုမ္ပဏီအဖွဲ့ဝင်ဖြစ်ရန် ဒါရိုက်တာအဖွဲ့ဝင်များမှ စဉ်းစားနေကြောင်း ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,400SubscribersSubscribe
    spot_img

    Latest posts