Homeသတင်းမှတ်ပုံတင် ရရန် ငွေခုနစ်သောင်း ပေးရ

မှတ်ပုံတင် ရရန် ငွေခုနစ်သောင်း ပေးရ

-

ဝီရမာဉ် – မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့နယ်၌ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရန် အာဏာပိုင်တို့ ပြောသော်လည်း အမြန်ပြုလုပ်လိုသူများမှာ ကျပ် ငါးသောင်းနှင့် အထက် ပေးဆောင်ကြရကြောင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်သူတို့က ပြောသည်။

ရေးမြို့ရှိ မှတ်ပုံတင်ရုံး (လဝကရုံး) ၌ အမြန်ပြုလုပ်ပါက ကျပ်ခုနစ်သောင်း ပေးရပြီး၊ ခုနစ်ရက်အတွင်း ရယူလိုပါက ကျပ်ငါးသောင်း ကုန်ကျမည် ဖြစ်ကြောင်း ယခု စက်တင်ဘာလ၌ မှတ်ပုံတင် ပြုလုပ်ခဲ့သူ ရေးမြို့သားတစ်ဦးက ပြောသည်။

ယခုနှစ် ဇူလိုင်လတွင် (၂၀၁၀) ရွေးကောက်ပွဲတွင် မဲထည့်နိုင်ရန်အတွက် ဆိုကာ ရပ်ကွက်ရုံးများ၌ မှတ်ပုံတင် မရှိသူများကို ရယက မှ ခေါ်ယူ လုပ်ပေးခဲ့ပြီး ကျပ် (၆၀၀၀) ကုန်ကျခဲ့ကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ မှတ်ပုံတင် မရရှိသေးသည့်အတွက် ယခုကဲ့သို့ အမြန်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်က စားဝတ်နေရေး အခက်အခဲကြောင့် ခရီးတစ်ခု သွားစရာရှိလို့ အခုလို မှတ်ပုံတင် အမြန်လုပ်ရတာပါ” ဟု ပြောသည်။

ယခုလအတွင်း မှတ်ပုံတင် ပြုလုပ်ခဲ့သည့် အခြားအမျိုးသမီးတစ်ဦးကလည်း “ ကျမတို့ တစ်ယောက်ကို ငါးသောင်း ကျတယ်။ ဒါပေမယ့် သုံးရက်တောင် စောင့်လိုက်ရတယ် ” ဟု ပြောသည်။

ဤနှုန်းထားဖြင့် ရရှိခဲ့သည်မှာ မှတ်ပုံတင်ရုံး ဝန်ထမ်းတစ်ဦးနှင့် မိတ်ဆွေဖြစ်သောေကြောင့် ဖြစ်ကြောင်း အခြားသူများမှာ ခုနစ်သောင်း ပေးရကြောင်း သူမက ပြောသည်။

ရေးမြို့နယ်အတွင်းရှိ ပြည်သူများမှာ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များသည့်အတွက် မှတ်ပုံတင်ရုံးဝန်ထမ်းများက ယခုကဲ့သို့ မှတ်ပုံတင် အလွယ်တကူ မပြုလုပ်ပေးဘဲ ငွေအဆမတန် တောင်းတတ်ကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts