spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းသုံးဆူမြို့၌ အခြေချရန် တပ်ရင်း (၂) ရင်း ထပ်မံရောက်ရှိမည်

    သုံးဆူမြို့၌ အခြေချရန် တပ်ရင်း (၂) ရင်း ထပ်မံရောက်ရှိမည်

    -

    ဂျူရီချိုင်း – ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၌ အခြေချရန်အတွက် အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၁၉) လက်အောက်မှ တပ်ရင်း (၂) တပ်ရင်း ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

    ထိုတပ်ရင်း (၂) ရင်းမှာ ယခင်က ကြာအင်းဆိပ်ကြီးမြို့နယ်၌  အခြေချထားသည့် စစ်အင်အား (၁၁၀) ခန့်စီရှိ ခလရ (၂၈၃) နှင့် (၂၈၄) တို့ ဖြစ်ကြသည်။

    ထိုတပ်ရင်း (၂) ရင်းတွင် တပ်ရင်းမှူး၊ ဗျူဟာမှူး နှင့် အထက်အရာရှိတို့လည်း ပါရှိလာကြောင်း၊ မြို့ပေါ်တွင် အခြေချထားသည့် ခလရ (၃၂) ရှေ့တန်းတပ်ရင်း နှင့် တပ်ပြောင်းရန် အစီအစဉ်ရှိသည့်အတွက် ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်ကြောင်း သုံးဆူမြို့ရှိ အာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

    “ဒီညနေလောက်ဆို အဲဒီတပ်တွေ မြို့ထဲရောက်မယ်လို့ ကြားရတယ်။ ဒီနယ်စပ်မှာ အခြေချဖို့အတွက် လာတာ ဖြစ်တယ်” ဟု သူက ပြောသည်။

    ၄င်းတပ်ရင်းများ ရောက်ရန် ရှိသည့်အတွက် ယနေ့မှ စ၍ ဘုရားသုံးဆူမြို့တွင် ချဲဝိုင်း၊ ကစားဝိုင်းများ၊ တရားမဝင် သစ်ရောင်းဝယ်မှုများနှင့် တရားမဝင် ပစ္စည်းတင်သွင်းမှုများကို မြို့နယ် မယကမှ ပိတ်ထားကြောင်း သိရသည်။

    ထိုစစ်ကြောင်းများ ချီတက်လာသည့် ခရီးစဉ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း မည်သည့်အဖွဲ့နှင့် ဖြစ်ပွားသည်ကို အသေချာ မသိရှိရကြောင်း ဘုရားသုံးဆူမြို့ရှိ အာဏာပိုင် အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    သို့သော်လည်း ကေအန်ယူ တပ်မဟာ (၆) မှ ဗိုလ်မှူးကြီး ဗဒိုစောထဲနေက ယခုလ (၂၄) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာ အထက်ပိုင်း လေးပိုရွာတွင် ဒု-ဗိုလ်မှူးကြီး မြတ်ထွန်းအေး ဦးစီးသည့် ခလရ (၂၈၃) ကို ကေအန်ယူ တပ်မဟာ (၆) မှ တပ်ရင်း (၁၆)၊ ခွဲ (၂) က ပျောက်ကြားခြုံခို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ငါးမိနစ်သာ ကြာကြောင်း၊ နအဖ ဘက်မှ တစ်ဦးဒဏ်ရာ ရပြီး ကေအန်ယူဘက်မှ အထိအခိုက် မရှိကြောင်း  ပြောသည်။

    လွန်ခဲ့သည့် (၂၀၀၇-၂၀၀၈) တွင် မြို့ပေါ်အခြေချထားသည့် တပ်ရင်းမှူးက ဘုရားသုံးဆူနယ်စပ်ရှိ ချောင်းဆုံကျေးရွာအနီး တစ်နေရာ နှင့် မဲကသာတောဘက် တစ်နေရာကို တပ်အခြေချရန်အတွက် ကြည့်ရှုလေ့လာခဲ့ကြောင်း၊ အထက်ပါ တပ်ရင်းတစ်ရင်းမှာ ထိုနေရာတွင် အခြေချရန် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks