spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပါတီရှိခြင်းအားဖြင့် မွန်ပြည်သူများက ပြောရေး ဆိုရေးရဲလာသည်ဟု ပါတီဥက္ကဋ္ဌပြော

    မွန်ပါတီရှိခြင်းအားဖြင့် မွန်ပြည်သူများက ပြောရေး ဆိုရေးရဲလာသည်ဟု ပါတီဥက္ကဋ္ဌပြော

    -

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း (နိုင်ဇနူမွန်)

    မင်းအာသံ လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားအများစုက မွန်ပါတီ၏ စည်းရုံးရေးအားကောင်းမှုကြောင့် ၄င်းတို့က နိုင်ငံရေး၏အရေးကို ပိုမိုစိတ်ဝင်စားလာကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌက ပြောသည်။

    မွန်ပြည်သူကိုယ်စားပြုသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းခဲ့သည့် ကာလတလျှောက်မှာ ပြည်သူများက ကြောက်ရွံ့မှုမရှိပဲ ကောင်းကောင်းမွန်မွန် ကြိုဆိုနေသည်ကို တွေ့ရသည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း (နိုင်ဇနူမွန်)က ပြောကြားသည်။

    စည်းရုံးရေးဆင်းပြီးတဲ့ကာလနှင့် မဆင်းရသေးတဲ့ကာလ တော်တော်လေးကို ကွာခြားမှုရှိတယ် မွန်ဒေသမှာရှိတဲ့ မွန်ပြည်သူအများစုဟာ ကျနော်တို့ပါတီကိုလည်း အားပေးတယ်။ ဗဟိုမှာ မစုရသေးတဲ့ စရင်းအတိုင်းဆို ပါတီအဖွဲ့ဝင်တွေ သောင်းကျော်နေပြီ၊ နောက်ပြီး ပြည်သူတွေက နိုင်ငံရဲ့အရေးကို လုပ်တာရယ် ပြောရေးဆိုရေးမှာရယ် သိပ်မကြောက်တော့ဘူး၊ ဒါဟာ ပါတီရဲ့ ကြီးကြီးကျယ်ကျယ် အားရမှု တရပ်ပါပဲ” ဟု ဥက္ကဋ္ဌက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အကယ်၍ မဲနိုင်ခဲ့လျှင် မွန်ပြည်သူများအတွက် ရသင့်ရထိုက်သည့် အခွင့်ရေးကို တောင်းဆိုသွားမည်ဟု အဆိုပါ ပါတီဥက္ကဋ္ဌက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ် ဧပြီလ () ရက်နေ့တွင် အငြိမ်းစား အစိုးရဝန်ထမ်းများ၊ တတ်သိပညာရှင်များ၊ မွန်အမျိုးသားဒီမိုကရေစီပါတီဝင်အချို့နှင့် မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် ပါတီဝင်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလ ၄ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်သည်။

    ပါတီ၏စည်းရုံးရေးကာလတလျှောက်မှာ မြို့နယ်ပေါင်းစုံမှ အတည်မပြုရသေးသည့်စာရင်းအရ ပါတီအဖွဲ့ဝင်အင်အား တစ်သောင်းကျော်ကျော်ရှိသည်ဟု ပါတီဥက္ကဋ္ဌက ဆက်ပြောသည်။

    သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပြည်သူကိုယ်စားပြု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားရန်ရှိသော်လည်း အချို့သော မွန်အဖွဲ့အစည်းများက ရွေးကောက်ပွဲ မဝင်ရန် မတားဆီးသလို အချို့သောအဖွဲ့အစည်းများက “မတားမြစ်သလို အားမပေးတာ” လည်းရှိသည်။

    မွန်အမျိုးသားဆိုင်ရာတပ်ပေါင်းစုမှ အထွေအထွေ အတွင်းရေးမှူး နိုင်လရီရွတ်ကလည်း “ဒို့အနေနဲ့ မွန်နိုင်ငံရေးအသစ်နဲ့ပတ်သက်ပြီး အားလည်းမပေးဘူး၊ ဆန့်လဲ မဆန့်ကျင်ဘူး၊ ဒါပေမဲ့ ပြည်သူလူထုတွေ ဘယ်လိုထောက်ခံနိုင်မယ်ဆိုတာကို သူတို့အပေါ်မှာ ရပ်တည်တယ်၊ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒို့မွန်အမျိုးသားကိုယ်စား ဝင်ပြိုင်မည့်ပါတီဆိုရင် သူတို့ပါတီနဲ့ သူတို့ပြိုင်တာ ဒို့အားမပေးဘူး ဒို့လည်းမဆန့်ကျင်ဘူး“။

    ထိုနည်းတူ တိုးတက်သောမွန်လူငယ်အဖွဲ့မှ ဥက္ကဋ္ဌ မိ်အိုင်းစွန်းကလည်း “ကျမတို့ အဖွဲ့အစည်းအမြင် ပြောရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတဲ့အတွက် ရွေးကောက်ပွဲကို မဝင်စေချင်ဘူးလို့ ပြောချင်တယ်။ ပါလဲ မပါစေချင်ဘူး၊ အကျိုးမရှိဘူးဆိုတာ သိတယ်။ မွန်ပါတီအတွက်ရော အခြားပါတီအတွက်ပါ သူတို့ရဲ့ စည်းရုံးရေးခရီးစဉ်မှာ လွတ်လွတ်လပ်လပ် ပြောဆိုစည်းရုံးခွင့် ဘာမှ မရှိဘူး” ဟု ပြောသွားသည်။

    လာမည့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်းရေးပါတီမှလွဲ၍ အခြားသောနိုင်ငံရေး ပါတီများ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တင်းကြပ်သောဥပဒေကြောင့် စည်းရုံးရေးဆင်းရာတွင် အခက်အခဲများစွာ တွေ့ကြုံနေရသည်။ ထိုအပြင် ပါတီရန်ပုံငွေအခက်အခဲနှင့် လွှတ်တော်ကိုယ်စားလှယ် စာရင်းများကို အချိန်တိုတိုအတွင်း ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းရသောကြောင့် လိုအပ်သော ကိုယ်စားလှယ်အရေတွက် မတင်ပြနိုင်သောအခက်အခဲများနှင့်လည်း ရင်ဆိုင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks