spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးပါတီများ မဲထည့်ပုံ ပညာပေးသော်လည်း ပြည်သူများ နားမလည်

    နိုင်ငံရေးပါတီများ မဲထည့်ပုံ ပညာပေးသော်လည်း ပြည်သူများ နားမလည်

    -

    နိုင်စန် -ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ရှိ နိုင်ငံရေးပါတီများက ပြည်သူများအား မဲထည့်သည့် နည်းပညာများ ပေးနေသော်လည်း ပြည်သူများ နားမလည်ကြဟု သိရပါသည်။

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အတွက် မည်သို့မဲပေးရမည်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က သင်တန်းပေးပြီး ရှင်းပြသော်လည်း မဲထည့်ပုံမှာ ရှုပ်ထွေး၍ နားမလည်ဟု အသက် (၆၀) အရွယ်ရှိ မွန်အမျိုးသားတစ်ဦးက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲထည့်သည့် ပညာပေးမှုကို တက်ရောက်ခဲ့သူတစ်ဦးက “တော်တော်လေး ရှုပ်တယ် မဲထည့်တဲ့ ပုံစံက။ သုံးလေးမျိုးလောက် မဲထည့်ရတော့ ဘယ်ဥစ္စာက ဘယ်ဟာမှန်းလဲ မသိ၊ ဘာကိုထည့်ရမှန်းလဲ မသိဘူး” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း ဆန္ဒမဲပေးခြင်းကို ဇယားကွက်များဖြင့် ပြည်သူများ နားလည်ရန် ပညာပေးသော်လည်း တကြိမ်တည်းဖြင့် ပြည်သူများ နားမလည်းကြကြောင်း ပါတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

    မည်သို့မည်ပုံ မဲပေးရမည့် ကြေညာချက် အတိအကျကို ရွေးကောက်ပွဲ ကော်မရှင်က မထုတ်ပြန်ရသေးသည့်အတွက် အခြေခံအချက်ကိုသာ နိုင်ငံရေးပါတီများက ပညာပေးနေကြသည်။

    “ဘယ်လိုပညာပေးပေး ပြည်သူတွေက ထည့်လို့တတ်မှာ မဟုတ်ဘူး၊ ကျနော်တို့သင်တန်းသား (၁၅) ယောက် သင်တန်းမှာ မဲအစမ်းထည့်ကြည့်ကြတယ်၊ (၆) ယောက်ပဲ မှန်တယ်၊ ကျန်တဲ့ (၉) ယောက်က အားလုံး ပယ်မဲတွေ ဖြစ်ကုန်တယ်” ဟု ပညာပေး အစီအစဉ်သို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

    မဲရုံအတွင်းသို့ ရောက်ရှိသည့်အခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစုလွှတ်တော် ကိုယ်စားလှယ်တို့အတွက် ဆန္ဒပြုရန် လျှို့ဝှက်ဆန္ဒပြုခန်း (သို့မဟုတ်) လုံခြုံအောင် ဆောင်ရွက်ပေးထားသော နေရာများကို မြင်တွေ့ရမည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    ၄င်းအပြင် မဲဆန္ဒရှင်တစ်ဦးသည် လွှတ်တော်သုံးရပ်အတွက် မဲလက်မှတ်သုံးမျိုးဖြင့် ဆန္ဒမဲ ပေးကြရမည် ဖြစ်ပြီး ယင်းဆန္ဒမဲလက်မှတ်များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်နှင့် သင်္ကေတတို့ကိုလည်းကောင်း၊ ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်တံဆိပ်နှင့် ရေစာတို့ကိုလည်းကောင်း ဖော်ပြထားကြောင်း ထိုသတင်းစာက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks