spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းစစ်ပြေးဒုက္ခသည်များ စားသောက်ရေး အခက်ကြုံ

    စစ်ပြေးဒုက္ခသည်များ စားသောက်ရေး အခက်ကြုံ

    -

    စစ်ပြေး ဒုက္ခသည်များ နားခိုရာ ယာယီ တဲစခန်း

    အာကာ – မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရကြား စစ်ရေးတင်းမာမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီ ဒုက္ခသည်စခန်းနှင့် ပလဲ့ဒွန်းဖိုက်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ပြေးဒုက္ခသည်များ စားသောက်ရေး အခက်အခဲနှင့် ကြုံတွေ့နေရသည်။

    ဇူလိုင်လမှ စ၍ အလှူရှင်များ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက်တွင် ပြည်ပရောက် မွန်လူငယ် အဖွဲ့အစည်းများမှ   အထောက်အပံ့များ ပေးနေသော်လည်း မလုံလောက်ခြင်းကြောင့် ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေရခြင်း ဖြစ်သည်။

    “ကျမတို့က ဒီကို ရောက်လာကတည်း ဘာမှ အလုပ်အကိုင် မရှိဘူး၊ ဘယ်သူမှလည်း ကျမတို့ကို ငွေမချေးပေးဘူး၊ ကျမ သားသမီးတွေ ကျောင်းတက်တာ သိပ်မျက်နှာငယ်ရတယ်၊ ငွေတစ်မတ် တစ်ကျပ်မှ မပေးနိုင်ဘူး” ဟု အသက် (၄၅) နှစ် အရွယ်ရှိ ကလေး (၅) ယောက် မိခင် ဒုက္ခသည် မိစန်းရီက ပြောသည်။

    လွန်ခဲ့သည့် ဧပြီလ (၂၂) ရက်နေ့တွင် စစ်အစိုးရ ကမ်းလှမ်းထားသည့် ဌာနေပြည်သူ့စစ် အသွင်ပြောင်းခြင်းကို မွန်ပြည်သစ်ပါတီက တရားဝင်ငြင်းပယ်ပြီးနောက်ပိုင်း နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်နေခြင်းကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းမှ ရွာသား (၆၀၀) ကျော် ထွက်ပြေးလာခဲ့သည်။

    မေလကုန်ခန့်တွင် စစ်ဖြစ်နိုင်မည့် အရိပ်အယောင် မမြင်တွေ့ရခြင်းကြောင့် ထွက်ပြေးလာသော ရွာသားများအနက် (၅၀၀) ခန့် နေရပ်ပြန်သွားကြသော်လည်း ဒုက္ခိတများ၊ နို့စို့အရွယ်ကလေးမိခင်များနှင့် ၎င်းတို့၏ ကလေးငယ်များ အိမ်ထောင်စု (၂၀) ကျန်ရှိနေသေးသည်။

    ၎င်းတို့တွင် (၅) နှစ်အထက် အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၃၉) ဦး နှင့် (၅) နှစ်အောက် ယောကျာ်းလေး (၈) ဦး၊ မိန်းကလေး (၉) ဦး ပါဝင်ပြီး မွန်ပြည်သစ်ပါတီက ဗလဲ့ဒွန်းဖိုက်ကျေးရွာတွင် ယာယီတဲ (၃၀) ခန့် ဆောက်လုပ်ပေးကာ နေရာ ချထားပေးခဲ့သည်။

    မွန်ပြည်သစ်ပါတီအား စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရန် စစ်အစိုးရက ညွှန်ကြားထားသည့်အပေါ် လက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီက ပြန်လည် အကြောင်းကြားခဲ့ပြီး နောက်ပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ နယ်မြေအတွင်းမှ ရွာသားများ စစ်လန့်နေကြသည်။ သို့သော်လည်း မိုးရာသီ ဖြစ်၍ ထွက်မပြေးနိုင်ကြကြောင်း ထိုဒေသမှ ရွာသူရွာသားများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks