spot_img
Tuesday, September 16, 2025
More
    spot_img
    Homeသတင်းမွန်ပါတီ၏ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လျောက်တင်ချက် ငြင်းပယ်ခံရ

    မွန်ပါတီ၏ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လျောက်တင်ချက် ငြင်းပယ်ခံရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ– ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းရှိ မွန်လူမျိုးများအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လျောက်တင်ချက် ငြင်းပယ်ခံရသည်။

    စစ်အစိုးရမှ ငြင်းပယ်လိုက်သည့် အဓိကအကြောင်းပြချက်မှာ ၄င်းတိုင်းအတွင်းရှိ မွန်လူမျိုးများမှာ မွန်လူမျိုး အစစ်မဟုတ်ကြောင်း၊ သတ်မှတ်ထားသည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်း မပြည့်ခြင်းကြောင့် ဖြစ်သည်ဟု မွန်ပါတီမှ အမတ်လောင်းတို့က ပြောသည်။

    မုဒုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ကိုယ်စားလှယ်လောင်း နိုင်ကွန်းချမ်းက “ကျနော်တို့ မွန်လူမျိုးတွေအတွက် အများကြီး နစ်နာသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မွန်ဖြစ်ပေမယ့် မှတ်ပုံတင်မှာက ဗမာလူမျိုး ဖြစ်နေကြတယ်” ဟု ပြောသည်။

    နိုင်ငံသား စိစစ်ရေးကဒ်ပြားတွင် လူမျိုးနေရာ၌ မွန်-မြန်မာ ဖြစ်နေပါက မြန်မာစစ်အစိုးရမှ မွန်လူမျိုးအဖြစ် မသတ်မှတ်သည့်အတွက် အရေအတွက်မပြည့်မီရခြင်း ဖြစ်သည်ဟု နိုင်ကွန်းချမ်းက ပြောသည်။ ရန်ကုန်တိုင်းတွင် မွန်လူမျိုး သိန်းချီ ရှိနိုင်ကြောင်း ၄င်းတို့က ခန့်မှန်းသည်။

    “မွန်လူမျိုး ဖြစ်ပေမဲ့ မှတ်ပုံတင်မှာ ဗမာလူမျိုးတွေပဲ ဖြစ်နေကြတယ်” ဟု နိုင်ကွန်းချမ်းက ပြောသည်။ တနင်္သာရီတိုင်းရှိ ထားဝယ်၊ ရေဖြူ၊ ကော့သောင်း၊ ကလိန်အောင် နှင့် ဘုတ်ပြင်းမြို့နယ်များတွင် မွန်ကျေးရွာ အများအပြား ရှိသည့်အတွက် လူဦးရေ သောင်းကျော် ရှိကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် မရသည့်အတွက် များစွာနစ်နာရကြောင်း သူက ပြောသည်။

    (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဥပဒေပြုရေးဆိုင်ရာအခန်း အခြေခံဥပဒေပုဒ်မ (၂၃) အပိုဒ်ခွဲ (ခ) အရ တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီး ရရှိပြီးသော သို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမတစ် (၀.၁) ရာခိုင်နှုန်းနှင့် အထက် ရှိပါက တိုင်းရင်းသား ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးကောက်တင်မြှောက်ခွင့် ရှိသည်။

    မွန်လူမျိုးတို့၏ အကျိုးစီးပွားနှင့် အခွင့်အရေးများအတွက် မွန်လူမျိုးများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ရပ် ရှိသင့်သည်ဟူသော ယုံကြည်ချက်ဖြင့် မွန်ဒေသလုံးဆိုင်ရာ နိုင်ငံရေးပါတီကို ဖွဲ့စည်းခဲ့သည်။

    မွန်ပါတီတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ပါတီဝင်အချို့၊ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ပါတီဝင်အချို့၊ အငြိမ်းစားဝန်ထမ်းများနှင့် အသိပညာ အတတ်ပညာရှင်များဖြင့် ဧပြီလ (၇) ရက်နေ့တွင် ပါဝင်ဖွဲ့စည်းထားပြီ မေလ (၄) ရက်နေ့တွင် စစ်အစိုးရမှ တရားဝင်ပါတီ တည်ထောင်ခွင့် ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts