Monday, March 16, 2026
More
    spot_img
    Homeသတင်းပါတီဝင်များသွားလာရာတွင် စစ်ဆေးမှုပြုလုပ်လာ

    ပါတီဝင်များသွားလာရာတွင် စစ်ဆေးမှုပြုလုပ်လာ

    -

    ရိုင်မရော့ – လက်ရှိအခြေအနေမှာ ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီဝင်များ သွားလာနေသည်ကို စစ်အစိုးရတို့မှ စစ်ဆေးနေကြောင်း သိရသည်။

    လက်နက်စွန့်လွှတ်ရမည်ဟု မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရတို့တောင်းဆိုသည်ကို မွန်ပြည်သစ်ပါအနေဖြင့် လက်မခံနိုင်ကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် အကြောင်းပြန်ထားပြီဖြစ်သည်။

    ပြည်တွင်းမွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးအသီးသီးမှ တာဝန်ထမ်းဆောင်နေသည့်ပါတီဝင်များအား စက်တင်ဘာ ၁ ရက်မတိုင်မီ နီးစပ်ရာ ခရိုင်သို့ရောက်ရှိရန် ပါတီမှ ပြန်လည်ခေါ်ဆောင်ထားပြီးဖြစ်သည်။

    “ဒီအတောအတွင်းမှာ စစ်ဆေးရေးက တော်တော်တင်းကျပ်တယ်၊ နယ်စပ်က သွားလာလို့ရတဲ့ဘက်မှာဆို ပိုဆိုးတယ်၊ ဥပမာဆို မြဝတီကနေ မော်လမြိုင်ကို ဆင်းလာတဲ့လမ်း ပြီးတော့ ဘုရားသုံးဆူကို တက်တဲ့လမ်း ရေးဘက်တွေမှာလည်း စစ်ဆေးတယ်၊ အိတ်တွေ ဘာတွေ ဖွင့်တဲ့အထိ စစ်တယ်၊ ပါတီက လူတွေပါလားဆိုတာလည်းမေးတယ်” ဟု ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူသို့ တက်လာသူတစ်ဦးက ပြောသည်။

    ယခုဆိုလျှင် ပစ်ခတ်သည့်အခြေအနေ မရောက်သေးသော်လည်း ပြည်တွင်းရှိ ကားအသွားအလာတွေမှာ စစ်ဆေးရေးဂိတ်၌ မွန်ပြည်သစ်ပါတီဝင် ပါ၊ မပါသည်ကို မေးမြန်းနေတဲ့အခြေအနေမှာ ရှိနေပါတယ်ဟု ပါတီနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

    အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ မွန်ပြည်သစ်ပါတီနှင့် သြဂုတ်လ ၂၃ ရက်နေ့ တွေ့ဆုံစဉ်မှာ အကယ်၍ လက်နက်စွန့်လွှတ်ရေးကို ပါတီအနေနှင့် လက်မခံပါက နကိုယ်မူလ လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်လိုက်မည်ဖြစ်ပြီး မိမိတို့နှင့်လည်း ဥပဒေအရ တရားဝင်ဆက်ဆံ၊ ဆက်သွယ်ခွင့်မရှိတော့ကြောင်း အသိပေးထားသည်။

    ထိုမျှမက မွန်ပြည်နယ် မုဒုံမြို့နှင့် သံဖြူဇရပ်မြို့ အကြားတွင်လည်းကောင်း၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းရှိ ရဲတံခွန်ကျေးရွာအနီးတွင်လည်းကောင်း စစ်အစိုးရတပ်များကို ဖြန့်ကျက်ချထားပြီး မွန်ပြည်သစ်ပါတီကလည်း တပ်လှန့်ထားသည့်အနေအထားမှာ ရှိနေသည်။

    တပ်အသွင်ကူးပြောင်းရေးကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင်သေးကြောင်းကို ဧပြီလ ၂၂ ရက်နေ့၊ ဧပြီလ ၂၅ ရက်နေ့ နှင့် သြဂုတ်လ ၃၀ ရက်နေ့တို့၌ ယခုနှစ်တွင် သုံးကြိမ်တိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ စာဖြင့် အကြောင်းပြန်ခဲ့သည်။

    မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်ခတ်ရပ်စဲလာခဲ့သည်။ ထိုနောက်ပိုင်း မြန်မာစစ်အစိုးရတို့နှင့် သဘောတူညီချက်ရယူပြီး မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်၊ ဘုရားသုံးဆူအစရှိသည့်မြို့တွေမှာ ဆက်ဆံရေးရုံးများ ဖွင့်လှစ်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks