spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းဒေသခံရွာသားမှ ကွန်ကရစ်တံတား လေးစင်း ဆောက်လုပ်လှူဒါန်

    ဒေသခံရွာသားမှ ကွန်ကရစ်တံတား လေးစင်း ဆောက်လုပ်လှူဒါန်

    -

    ခေါဇာမြို့နယ်မှ ပျက်ဆီးနေသည့် ပေါင်းကူးတံတားတွေ့ရှိစဉ်

    ဝီရမာဉ် – မွန်ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ်ရှိ ပေါင်းကူးတံတာ ၄ စင်းကို ပုဂ္ဂလိကအလှူရှင်တစ်ဦးက သိန်း ၂၀၀ ကျော်အကုန်အကျခံကာ တည်ဆောက်ပြုပြင်လျှက်ရှိသည်။

    ရေးမြို့နယ်တောင်ပိုင်း ကလော့ကျေးရွာနှင့် ဟံဂံကျေးရွာကြား မြေနီလမ်းပေါ်ရှိ ချောင်းကူးတံတားတစ်စင်းနှင့် ပေါင်းကူးတံတားသုံးစင်းကို အသက် (၇၀) နှစ်ခန့်ရှိ နိုင်သာမိုင်က အကုန်ကျခံ၍ တည်ဆောက်နေလျှက်ရှိသည်။

    ယင်းအလှူရှင်မှ တံတားများပြုပြင်ပေးခြင်းမှာ ထီပေါက်ထားသည့်အတွက် ပြုပြင်နိုင်ကြောင်း အသက် (၃၅) ဝန်းကျင်ခန့် ဟံဂံရွာသားက ပြောသည်။

    “ဒီတံတား လေးခုတော့ သိန်းနှစ်ရာလောက်ကုန်မယ်လို့ ပြောသံကြားတယ်” ဟု အသက် (၃၀) နှစ် ကလော့ကျေးရွာ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခုအခါ၌ ချောင်းကိုကူးရသော တံတားတစ်စင်းသည် ဆောက်လုပ်၍ ပြီးနေလျှက်ရှိကြောင်း ထိုတံတားအား ဆောက်လုပ်ရာ၌ ကုန်ကျစရိတ် အတွက် ကျပ်ငွေ ရှစ်ဆယ်သိန်း ကျော်ကုန်ကျခဲ့သည်။

    ဆောက်လုပ်နေဆဲ ပေါင်းကူးတံတားသုံးစင်းမှာ တစ်စင်းလျှင် ကျပ်ငွေ လေးဆယ်သိန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ယခုအခါတွင် ပေါင်းကူးတံတားတစ်စင်းလျှင် ငွေကျပ် သိန်းနှစ်ဆယ်ကျော် ကုန်ကျသွားပြီးဖြစ်ကြောင်း တံတားအလှူရှင်ဖြစ်သော နိုင်သာမိုင်က ပြောကြားခဲ့သည်ဟု ၄င်းအမျိုးသမီးက ပြောသည်။

    “ဒီတံတားက နှစ်တွေကြာနေပါပြီး” ဟု ပြောပြီး၊ ၄င်းတံတားသည် ဟောင်းနွမ်းနေပြီးဖြစ်ကြောင်း လက်ရန်များပင် မရှိတော့ကြောင်း ကလော့ကျေးရွာနှင့် ဟံဂံကျေးရွာကြားရှိ မြေနီလမ်းသည် လယ်ကွင်းကို ဖြတ်သွားရသည့်လမ်းဖြစ်သည့်အတွက် မကြာခဏ မိုးရေလျံလျှက်ရှိပြီး ရေတိုက်စားသည့်အတွက် လမ်းပျက်စီး၍ မကြာခဏ ပြုပြင်ရကြောင်း ယခုကဲ့သို့ လမ်းကိုဖြတ်၍ ပေါင်းကူးတံတားကို ဆောက်လုပ်လိုက်သည့်အတွက် ၄င်းလမ်းမှာ ရေတိုက်စားသည့်ဒဏ်မှ ကင်းဝေးသွားမည်ဖြစ်ကြောင်း ဟံဂံရွာသားက ပြောသည်။

    လွန်ခဲ့သည့် နှစ်နှစ်ခန့်ကလည်း ဟံဂံကျေးရွာမှ ခေါဇာမြို့သို့သွားသည့် မြေနီလမ်းမကြီးအား ရေးမြို့ရှိ ပုဂ္ဂလိက မီးစက်ပိုင်ရှင် ဦးကုလားကြီး ဆိုသူက ကျပ်ငွေသိန်းသုံးရာကို အကုန်ကျခံ ပြုပြင်သွားကြောင်း အသက်( ၄၀) နှစ် ဝန်းကျင် ခေါဇာမြို့ခံတစ်ဦးက ပြောသည်။

    သို့သော် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြုပြင်ဖောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရေးနှင့် လွှဲပြောင်းပေးရေး (B.O.T) ပဋိညာဉ်စာချုပ်ကို မက်စ်မြန်မာကုမ္ပဏီ၊ လီဒိုဟိုင်းဝေးကုမ္ပဏီ၊ ထွန်းညိုလူဆောက်လုပ်ရေးကုမ္ပဏီ၊ အေးကိုမိသားစုဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆုထူးပန်ကုမ္ပဏီ စသောပုဂ္ဂလိကကုမ္ပဏီ ငါးခုနှင့်ချုပ်ဆိုခဲ့ပြီး မွန်ပြည်နယ်တွင် မော်လမြိုင်- ရေး မလွှဲတောင်အထိ အေးကိုမိသားစုဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူပြုပြင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks