Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမြဝတီမြို့ပေါ်တွင် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွား

    မြဝတီမြို့ပေါ်တွင် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွား

    -

    "လူစည်ကားသည့် မြဝတီမြို့တစ်နေရာ"

    ဂျူရီချိုင်း – ကရင်ပြည်နယ် မြဝတီမြို့ပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်က ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားပြီး အိမ်အချို့နှင့် အဆောက်အဦးအချို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့ခံများက ပြောသည်။

    အဆိုပါ ဂတ်စ်အိုးပေါက်ကွဲမှုမှာ မြို့အတွင်းရှိ ဂတ်စ်အိုးထားသည့်ဂိုဒေါင်မှ ဂတ်စ်အိုးများ ကားပေါ်တင်ရင်း ကားပေါ်ရောက်ရှိနေသော ၎င်းဂတ်စ်အိုးမှ ဂတ်စ်များစတင်စိမ့်ထွက်နေပြီး ကားသမားက မြို့တွင်း ပေါက်ကွဲမှုမဖြစ်ရန် ကားကို မြို့ပြင်အရောက် မောင်းသော်လည်း မြို့ပြင်မရောက်ဘဲ အမှတ် (၁) အထက်တန်း စာသင်ကျောင်းရှေ့မှာ ပေါက်ကွဲခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

    “လက်နက်ကြီးတွေ ဗုံးတွေ ကျကွဲတဲ့အသံလိုပဲ၊ တစ်လုံးစပေါက်ပြီးဆို ကျန်တဲ့အလုံးတွေလည်း ဆက်တိုက်ပေါက်တာပေါ့၊ ပေါက်ကွဲမှုကနေ သေဆုံးသူတော့မရှိဘူး” ဟု ၎င်းက ပြောသည်။

    ကားပေါ်တွင် တင်ထားပြီးသော ဂက်စ်အိုး အလုံးပေါင်း အနည်းဆုံး ၅၀ လုံးခန့်ပါသည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကားသမားလည်း ထွတ်ပြေးလိုက်လေသည်။

    ယင်းပေါက်ကွဲမှုကြောင့် မီးသတ်သမား ၃ ဦး မီးအရှိန်ဟပ်ကာ ဒဏ်ရာရရှိခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ အိမ်နှစ်လုံးနှင့် တဲအိမ်တစ်ချို့လည်းလောင်ကျွမ်းခဲ့သည်။ ဂက်စ်အိုးတင်ထားသည့် ကားတစ်စီးလုံးလောင်ကျွမ်းသွားပြီး အထက (၁) စာသင်ကျောင်းလည်း အနည်းငယ်လောင်ကျွမ်းသွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါပေါက်ကွဲမှုမှာ မြဝတီမြို့ပေါ်ရှိ အမှတ် (၄ နှင့် ၅) ရပ်ကွက်အကြားတွင် ဖြစ်ပွားခဲ့သည်။
    ထိုပေါက်ကွဲသံကြီးကို တဘက်ကမ်း မဲဆောက်ဒေသခံများလည်း မီးအရှိန်နှင့်အတူ ပေါက်ကွဲသံများကိုပါ မြင်တွေ့ကြားရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    “ယခင်ကလို အပြင်ကနေ ဗုံးလှမ်းပစ်တာလားလို့ ထင်နေကြတာ၊ နောက်တော့မှ ဂက်စ်အိုးပေါက်မှန်း သိရတယ်၊” ဟု ၎င်းက ပြောသည်။

    ထိုပေါက်ကွဲသွားသည့်ဂတ်စ်သည် မြန်မာနိုင်ငံသို့ တင်သွင်းမည့်ဂတ်စ်များဖြစ်ပြီး ပိုင်ရှင်မှာ ဦးဝင်းလှိုင်ဖြစ်သည်။ ဦးဝင်းလှိုင်သည် ဂက်စ်ပေါက်ကွဲမှုဖြင့် ထောင်ဒဏ်တစ်နှစ်ကျခံခဲ့ဘူးသူ ဖြစ်ပြီး ယခုအခါလည်း ၎င်းသည် ယမန်နေ့ ပေါက်ကွဲမှုဖြစ်ပွားပြီး ညတွင်းချင်းမှာပင် မဲဆောက်ဘက်ကမ်းသို့ ရှောင်ပြေးသွားခဲ့သည်။ သူနှင့်အတူ  ကားသမားလည်း ပါသွားခဲ့သည်ဟု ဦးဝင်းလှိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လွန်ခဲ့သော ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းကလည်း ယခုလို ပေါက်ကွဲမှုမျိုးဖြစ်ပွားခဲ့ကြောင်း ယခုအခါ ပေါက်ကွဲခြင်းသည် ဒုတိယအကြိမ်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    2 COMMENTS

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks