Tuesday, March 10, 2026
More
    spot_img
    Homeသတင်းလျာထားသည့်ကြံ့ဖွံ့ပါတီအင်အားမပြည့်၍ ဗိုလ်ချုပ်မှ ကြိမ်းမောင်း

    လျာထားသည့်ကြံ့ဖွံ့ပါတီအင်အားမပြည့်၍ ဗိုလ်ချုပ်မှ ကြိမ်းမောင်း

    -

    ဟောင်ဒိန်း – မြို့နယ်အတွင်း လျာထားသည့်ကြံ့ဖွ့ံပါတီအင်အား ပြည့်အောင် မဖြည့်ရသေးသည့် မြို့နယ်အထွေထွေအတွင်းရေးမှူးတို့အား သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်က ဆူပူကြိမ်းမောင်းကြောင်း သိရသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီအင်အား သုံးသောင်း မပြည့်သည့်အတွက် ဗိုလ်ချုပ်အုန်းမြင့်မှ မုဒုံမယကဥက္ကဌအား စိတ်ခုသွားကြောင်း ၄င်းပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “သူတို့ပါတီအင်အားမပြည့်တဲ့အတွက် လွန်ခဲ့တဲ့ ၂ လ ၃ လတုန်းက နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) လုပ်ဖို့ ကောက်ယူထားတဲ့အိမ်ထောင်စုစာရင်းတွေ အကုန်လုံးနီးပါးကို သူတို့ပါတီထဲ ထည့်တယ်” ဟု မုဒုံမြို့နယ် ကျိုက်ရွဲရွာသားတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် ၂ လ ၃ လခန့်တွင် မှတ်ပုံတင်လုပ်ရန် ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းများမှာ ကျေးရွာစာရေးများထံတွင်သာရှိနေပြီး မှတ်ပုံတင်မပြုလုပ်ရသေးသည့်အတွက် မြို့နယ်မယကဥက္ကဌမှ ၄င်းကို အလျင်စလို ပြုလုပ်ရန် ကျေးရွာဥက္ကဌများအား ညွန်ကြားထားသည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ကြံ့ဖွံ့ပါတီအင်အားပြတဲ့နေ့မှာ လူဦးရေ မပြည့်တော့ (ဗိုလ်ချုပ်) က မယကဥက္ကဌကို ဟောက်တယ်၊ မယကဥက္ကဌက ကျေးရွာဥက္ကဌတွေကို ပြန်ဟောက်တယ် အဲဒီစာရင်းတွေ မပြီးလို့လေ။ အခုတော့ အဲဒီစာရင်းကို ရွာတိုင်း ပြီးအောင်လုပ်နေရတယ်” ဟု ၄င်းနီးစပ်သူက ပြောသည်။

    ယခုလောလောဆယ်တွင် ကျေးရွာစာရေးရရှိထားသော အိမ်ထောင်စုစာရင်းများကို ၄င်းတို့ပါတီထဲသို့ စာရင်းသွင်းနေသည်။ ကြံ့ဖွံ့ပါတီတို့သည် အခြားသော ပါတီများကဲ့သို့ စည်းရုံးရေးမဆင်းဘဲ ၄င်းတို့နီးစပ်သူတို့၏အိမ်များကိုသာ သွားရောက်စည်းရုံးနေသည်ဟု နိုင်လှုံရွာသားတစ်ဦးက ပြောသည်။

    ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူက သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်ကို မုဒုံမြို့နယ်အမတ်အဖြစ် လျားထားကြောင်း၊ ၄င်းတို့စည်းရုံးရေးခရီးစဉ်တွင်လည်း ကျေရွားလှည့်ကာ ၄င်းတို့ပါတီဝင်အဖြစ် ဓာတ်ပုံများကို ရိုက်ယူနေသည်။

    ကြံ့ဖွံ့ပါတီသည် မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဗိုလ်ချုပ်အုန်းမြင့်၊ အခြားသော ဗိုလ်မှူးနှစ်ဦးနှင့် ဒေါက်တာလှသိန်းတို့အား လျားထားသည်ဟု သိရသည်။

    လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှှယ်လောင်း အမည်စာရင်းစတင် တင်သွင်းနိုင်သည့်နေ့ရက်မှာ  သြဂုတ်လ ၁၆ ရက်နေ့ဖြစ်ပြီး နောက်ဆုံးနေ့ရက်မှာ  သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည်။ သို့သော်လည်း သြဂုတ်လ ၂၇ ရက်နေ့တွင် နောက်ဆုံးရက်တင်သွင်းမည်ဟု ကြံ့ဖွံ့ပါတီနှင့်နီးစပ်သူက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks