spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းကိုယ်စားလှယ်လောင်းစာရင်း မွန်ပါတီ ကြိုတင်မပေးရဲ

    ကိုယ်စားလှယ်လောင်းစာရင်း မွန်ပါတီ ကြိုတင်မပေးရဲ

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ

    နိုင်စန်၊ ဟောင်ဒိန်း– လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို  ကြိုတင်မပေးသေးဘဲ နီးကပ်မှသာ စာရင်းတင်သွင်မည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒုစည်းရုံးရေးမှူး၏ပြောပြချက်အရ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို မတင်ပြရဲသေးသည့်အကြောင်းမှာ ကြံ့ဖွံ့ပါတီသည် တခြားပါတီတို့၏  လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး မိမိတို့ပါတီ၏စာရင်းကို အရင်ကြေညာပါက  မိမိတို့ပါတီကိုယ်စားလှယ်တို့ထက် အစစအရာရာ တော်သည့် ကိုယ်စားလှယ်ကို ၄င်းတို့က ထပ်မံရွေးချယ်တင်ပြမည်။

    “လွန်ခဲ့တဲ့လတုန်းက လမိုင်းဘက်မှာ သူတို ့ပါတီက ကိုယ်စားလှယ်လောင်းက မွန်ပါတီထက် စည်းရုံးရေး မကောင်းဘူးဆိုတော့ မွန်ကိုယ်စားလှယ်လောင်းထက် သာတဲ့ ပါတီကိုယ်စားလှယ်လောင်းကို သူတို့ပြန်တင်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

    လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှှယ်လောင်း အမည်စာရင်းစတင် တင်သွင်းနိုင်သည့်နေ့ရက်မှာ  သြဂုတ်လ ၁၆ ရက်နေ့ဖြစ်ပြီး နောက်ဆုံးနေ့ရက်မှာ  သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်သည်။ အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်ဖြစ်ပြီး ၄င်းအမည်စာရင်းတင်သွင်လွှာစိစစ်မည့်နေ့ရက်မှာ စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည်။

    ကြံ့ဖွံပါဝင်များသည်လည်း ၄င်းတို့ပါတီ၏အပေါ်  တခြားပါတီများအသာစီးရမည် စိုးသောကြောင့် အခြားပါတီဝင်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြကြောင်း၊ ၄င်းအတွက်ကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်တို့၏ ပါတီကိုယ်စားလှယ်စာရင်းကို မတင်ပြခြင်းဖြစ်ကြောင်း ဒုစည်းရုံးရေးမှူးက ပြောသည်။

    “အခုလောလောဆယ်တော့ မပြောသေးဘူး၊ ပါတီအတွက် အခက်အခဲဖြစ်မှာစိုးလို့လေ” ဟု ဒုစည်းရုံးရေးမှူးက ပြောသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ၄င်းနေ့ရက်ထက် နောက်ကျပါက ရွေးကောက်ပွဲကို မည်ကဲ့သို့ ကျင်းပနိုင်မည်နည်းဟု ၄င်းက သုံးသပ်ပါသည်။

    မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနည်းတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ရွေးကောက်ပွဲမကြေညာသည့်အချိန်မှ စ၍ ၄င်းတို့ပါတီအတွက် စည်းရုံးရေးစတင်နေကြောင်း “မြန်မာပြည်တခုလုံးတွင် အစိုးရသစ်ဖွဲ့စည်းဖို့အတွက်  နိုင်ငံရေးပါတီနှစ်ခု (တစညနှင့် ကြ့ံဖွံ့ပါတီ) ပဲ ရှိတယ်။ ကျန်တဲ့ပါတီတွေက ပါတီငယ်တွေပဲ” ဟု ၄င်းတို့စည်းရုံးဟောပြောစဉ်တွင် ပြောကြားခဲ့သည်။ မွန်ပြည်နယ်ရှိ တစညပါတီတွင် တိုင်းရင်းသားလူမျိုးများလည်း ပါဝင်ကြောင်း တစညတို့က ပြောသည်။

    ၄င်းအပြင် စည်းရုံးရေးခရီးစဉ်၌ တက်ရောက်လာသူများနှင့် ၄င်းတို့ပါတီအား ထောက်ခံအားပေးသည့်အနေဖြင့် အသင်းဝင်ကဒ်ပြားပေးခြင်းနှင့် ဓာတ်ပုံရိုက်ရန်စီစဉ်သော်လည်း တက်ရောက်သူများက ၄င်းတို့လေ့လာရုံသာဖြစ်ပြီး သေသေချာချာမသိသည့်အတွက် စိတ်မချဘဲ ထိုအစီအစဉ်ကို ငြင်းဆိုခဲ့သည်။

    တစညပါတီနည်းတူ မွန်ပြည်နယ်ရှိ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးအသင်းသည် ၄င်းတို့အသင်းအတွက် အသင်းဝင်ဖြည့်ပုံစံများထုတ်ပေးနေသော်လည်း ပါတီအသင်းဝင်အတွက် ထုတ်ပေးခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    1 COMMENT

    1. သေနတ်စာကျွေးပြီး မွန်ဒေသကနေမောင်းထုတ်လိုက်ပါတော့

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts