spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအပေါ် ငွေညှစ်ပြီး မောင်းနှင်ခွင့်ပေး

    လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအပေါ် ငွေညှစ်ပြီး မောင်းနှင်ခွင့်ပေး

    -

    မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတလျှောက် ဆိုင်ကယ်အဖမ်းအဆီးကြောင့် ရပ်နားနေသည့်ဆိုင်ကယ်များ

    ဂျူရီချိုင်း – မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုဒုံမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအတွက်  မော်တော်ဘီကယ်မှ စာရွက်ဖြင့် တစ်ရက်စာသွားလာခွင့်ကို ငွေပေးပြီး ထုတ်ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောသည်။

    လိုင်စင်မဲ့ ဆိုင်ကယ်ပိုင်ရှင်များက သက်ဆိုင်ရာတာဝန်ရှိမော်တော်ဘီကယ်ထံမှ တစ်ရက်စာမောင်းနှင်ခွင့်စာရွက်ကို ကျပ်တစ်သောင်းပေးဆောင်ကာ ရယူနိုင်ကြောင်း၊ အကယ်၍ နောက်နေ့များတွင် သွားလာချင်သော် ထပ်မံရယူပြန်ဟု မော်လမြိုင်မြို့ရှိ ဆိုင်ကယ်လိုင်းဆွဲနေသူတစ်ဦးက ပြောသည်။

    “ယခု မြို့တွင်းမှာ ယာဉ်ထိန်းတွေ အတော်ကိုစစ်ဆေးရေးတွေ လုပ်နေတယ်၊ မိလို့ လိုင်စင်မရှိရင် သုံးထောင် ဒဏ်ရိုက်တယ်၊ ဦးထုပ်မပါရင်လည်း သုံးထောင်ပဲ၊ နောက်တော့ လေလျော့တာတို့ သုံးယောက်စီးတာတို့ ဟွန်းသံမမြည်တာ အစရှိတာတွေလည်း ၃ ထောင်ပဲ အဲလိုပဲ တခုခု ချွတ်ယွင်းရင် (၃၀၀၀) ဒဏ်ရိုက်တယ်၊ တကယ်လို့ ကိုယ့်မှာ (၃) ခုလောက်  သူတို့ အနားရှာတွေ့သွားရင် ကိုးထောင်ပေါ့ ချက်ချင်းပေးဆောင်ရတယ်” ဟု ၄င်းက ပြောသည်။

    လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို သက်ဆိုင်ရာအာဏာပိုင်မှ လိုင်စင်ပြုလုပ်ပေးနေသော်လည်း လိုင်စင်စရိတ်ကြီးမားနေသည့်အတွက် ဆိုင်ကယ်ပိုင်ရှင်များ လိုင်စင်ပြုလုပ်ရန် တွန့်ဆုတ်နေကြသည်။

    လိုင်းဆွဲ ဆိုင်ကယ်များနှင့် ကိုယ်ပိုင်စီးသူများ ယာဉ်ထိန်းနှင့် ဆုံမိပါက နောက်လိုက်စီးသူကို  မသင်္ကာပါက စစ်ဆေးမှုပြုလုပ်ပြီး အခမသင့်လျှင်လည်း ဒဏ်ငွေပါ အရိုက်ခံရသည်ဟု မုဒုံမြို့မှ လိုင်းဆွဲနေသည့် ဆိုင်ကယ်သမားတစ်ဦးက ပြောသည်။

    “အခု ကျတော်တို့ မော်တော်ဘီကယ်နဲ့ ဝေးရာကို ရှောင်ပြီး သွားလာနေရတယ်၊ သူတို့စောင့်တက်တဲ့နေရာဆို ဖြတ်လမ်းကနေ ရှောင်ပြီး သွားလာနေရတယ်” ဟု ၄င်းက ပြောသည်။

    မြန်မာစစ်အစိုးရမှ လိုင်စင်မဲ့ဆိုင်ကယ်၊ မော်တော်ယာဉ်များကို ဇွန်လကုန်အထိ လိုင်စင်ပြုလုပ်ခိုင်းနေပြီး ဇူလိုင်လတစ်ရက်နေ့မှ စပြီး လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးပြီး နိုင်ငံတော်ပိုင်အဖြစ် သိမ်းမည်ဟု တရားဝင်ကြေငြာထားသည်။ သို့သော်လည်း ယနေ့ထိ ယခုကဲ့သို့ ရသည့်နည်းဖြင့် ငွေကြေးတောင်းခံပြီး သွားလာနေကြဆဲဖြစ်သည်။

    ထိုမျှမက ယခုလပိုင်းအတွင်း အသိမ်းခံထားရသောကားများကိုလည်း လိုင်စင်လုပ်ပေးနေသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

    လွန်ခဲ့သော ဇွန်လတွင်လည်း ရေးမြို့နယ်တစ်ဝိုက်ရှိ လိုင်စင်မဲ့ မော်တော်ကားများနှင့် ဆိုင်ကယ်များ ဖမ်းဆီးမှုးများပြုလုပ်နေခြင်းကြောင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ဝင်ရောက်မှုနည်းပါးသွားသည်ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks