spot_img
Saturday, January 31, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ရွေးကောက်ပွဲမှ မွန်အမျိုးသားများ ဘာကို မျှော်လင့်ပါသလဲ

    ရွေးကောက်ပွဲမှ မွန်အမျိုးသားများ ဘာကို မျှော်လင့်ပါသလဲ

    -

    စစ်အစိုးရမှ ရွေးကောက်ပွဲကို နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပရန် စီစဉ်လျှက်ရှိသည်။ မွန်အမျိုး သားများကိုယ်စား၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျှက်ရှိသည်။ ထိုအနည်းတူ၊ တခြားသောတိုင်းရင်းသား နိုင်ငံရေးပါတီများမှာလည်း ရွေး ကောက်ပွဲတွင် အနိုင်ရရှိရန် အလို့ငှာ ဝင်ရောက်ယှဉ်ပြိုင်နေပေသည်။

    ယခု အသစ်ဖွဲ့စည်းလိုက်သည့် မွန်ပါတီအသစ်ပေါ်တွင်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲပေါ်တွင် လည်းကောင်း၊ မွန်လူမျိုးများအနေဖြင့် အမြင်အမျိုးမျိုး ရှိကြပေသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအပေါ် တည်မှီထားသည့်အတွက် ရွေးကောက်ပွဲသို့ ဝင်ရောက်သည့် မွန်ပါတီသည် အသစ်တက်လာမည့် စစ်တပ်အုပ်ချုပ်ရေး၏အခိုင်းအစေဘဝသာ ရောက်သွားနိုင် မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကို မဝင်သင့်ဟု သုံးသပ်ကြပေသည်။ နိုင်ငံတကာရောက် မွန်အမျိုးသားများမှရွေးကောက်ပွဲကို ဆန့်ကျင်သည့်အတွက် ရွေးကောက်ပွဲမဝင်ရန် မွန်ပါတီအသစ်မှ ခေါင်းဆောင်များကို တိုက်တွန်းထားပေသည်။

    သို့ရာတွင် မွန်ဒေသမှ စာပေ/ယဉ်ကျေးမှု ခေါင်းဆောင်များကား နှစ်အပါင်း (၂၀) အတွင်း မည်သည့် နိုင်ငံရေးလှုပ်ရှားမှုကိုမှ လုပ်ဆောင်၍မရသည့် အခြေအနေတွင် အနည်းဆုံး ရွေးကောက်ပွဲတွင် မနိုင် သည့်တိုင် မွန်အမျိုးသားများအကြား နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်ရန် အခွင့်အလမ်းတရပ်ပေါ်ပြီးဟု သုံး သပ်ကြပေသည်။ မိမိတို့အနေဖြင့် ပြင်ပတွင် နေထိုင်သူများမဟုတ်၊ မွန်ဒေသအတွင်း ဆက်လက် နေထိုင်သွားမည့်သူများဖြစ်သည့်အတွက် ဖြစ်ပေါ်လာမည့် အခြေအနေအပေါ် တည်မှီပြီး လှုပ်ရှားသွားရန် ပြင်ဆင်နေပေသည်။

    စစ်အစိုးရမှ ဝါရင့်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဲတွင် မဝင်ရောက်နိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့် ဟန့်တားထားသည့်အတွက် ရွေးကောက်ပွဲဝင်မည့် မွန်ပါ တီအသစ်တွင် နိုင်ငံရေးသမားများ သိပ်မရှိပေ။ စစ်အစိုးရအဆက်ဆက်တွင် ဝန်ထမ်းဘဝဖြင့် ရပ်တည် ခဲ့သည့်သူများကသာလျှင် ဦးဆောင်နေပေသည်။ ဝန်ထမ်းဘဝတွင် ဦးညိတ်တတ်သည့် အကျင့်သာ ရှိပေသည်။ အကယ်၍ ၎င်းတို့ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အခါ စစ်တပ်ကိုယ် စားလှယ်များ ပြောသည့်အတိုင်း ဆက်လက်ခေါင်းညိတ်နေမည်ဆိုပါက မဲပေးထားသည့် မွန်ပြည်သူ များ၏ တံထွေးခွက်တွင် မျောသွားနိုင်ဖွယ်ရှိပေသည်။

    ထို့အပြင် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် မွန်ကိုယ်စားလှယ်အမတ်များကား၊ အမျိုးသားအကျိုးစီး ပွားကို မကြည့်ပဲ စီးပွားရေးလိုင်စင်၊ လုပ်ငန်းလိုင်စင်ရရှိရေးအတွက်ကိုသာ ကြည့်မည်ဆိုပါက သို့တည်းမဟုတ်၊ စစ်အာဏာရှင်များနှင့် ဖက်စက်လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်မည်ဆိုပါက မွန်အမျိုးသားတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

    ယခုလက်ရှိ မွန်နိုင်ငံရေးပါတီတွင် ဝါရင့်သည့် နိုင်ငံရေးသမားများမရှိသည့်အားလျှော်စွာ နိုင်ငံရေး အရှုံးပေါ်မည်ကို စိုးရိမ်ရပေသည်။ မွန်ဒေသတွင် မွန်ပါတီနှင့် အကြိတ်အနယ် ပြိုင်မည့် ကြံ့ခိုင်ရေးပါတီသည်လည်း မွန်အမျိုးသားအကျိုးအတွက် ဆောင်ရွက်သယောင် ဟောပြောစည်းရုံးနေသည့်အတွက် မွန်အမျိုးသားများ နားယောင်နေပေသည်။

    မွန်နိုင်ငံရေးပါတီအနေဖြင့် မွန်ပြည်သူများအတွက် မည်သည့်အကျိုးများ ဆောင်ရွက်ပေးနိုင်သည် ဆိုသည့် နိုင်ငံရေးမူဝါဒ တိတိကျကျရှိသင့်ပေသည်။ ရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီအပေါ် နိုင်ငံတကာနှင့် ထိုင်းနိုင်ငံရောက် မွန်ပြည်သူများ အနီးကပ် စောင့်ကြည့်လျှက်ရှိပေသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြအကြောင်းကို ဘာကြောင့် ဒီသတင်းအေဂျေစ႘ မရေးတလဲ?????????????????????

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks