spot_img
Sunday, November 23, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူရှိ ဒီကေဘီအေဂိတ်ရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲ

    ဘုရားသုံးဆူရှိ ဒီကေဘီအေဂိတ်ရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲ

    -

    သူရိန်၊ ဂျူရီချိုင်း –  ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ မြို့ပြင်ရှိ ဒီကေဘီအေဂိတ်ရှေ့တွင် ယနေ့နံနက်ပိုင်းမှာ ပိုင်ရှင်မသိ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲကြောင်း မြို့ခံတို့က ပြောသည်။

    ထိုပေါက်ကွဲမှုသည် ဘုရားသုံးဆူမြို့ပြင် တောင်ဝိုင်းအနီး မဲကသာသွားရာလမ်းရှိ ဒီကေဘီအေ ဂိတ်ရှေ့တွင်ဖြစ်ကြောင်း ပေါက်ကွဲမှုသည် နံနက် ၃ နာရီလောက်မှာ ဖြစ်ပွားသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

    “ဗုံးပေါက်တယ်လေ၊ သေဆုံးသူတွေ ဒဏ်ရာရသူတွေတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။ မြို့တွင်းရှိ အာဏာပိုင်တွေက မည်သူ့လက်ချက်ဖြစ်သည်ကို မဖော်ထုတ်နိုင်သေးပေ။

    ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဆက်တည်းမှာပင် မြို့တွင်းရှိ မြေစာရင်းရုံးမှာလည်း မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။ မြေစာရင်းရုံးအနီးတွင် လဝကရုံးနှင့် စရဖရုံးလည်းရှိသည်ဟု ထိုမြေစာရင်းရုံးနားရှိ မြို့ခံတစ်ဦးက ပြောသည်။

    “အဲဒီမြေစာရင်းရုံးအနားတစ်ဝိုက်မှာ ၆ နာရီခွဲ နောက်ပိုင်းဆို အပြင်လူဝင်လို့မရတော့ဘူး၊ ကြည့်ရတာ ဗုံးက အဝေးကနေပစ်ထည့်တာပဲဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

    ယခုရက်ပိုင်းအတွင်း သုံးဆူမြို့ပေါ်တွင် ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားနေခြင်းကြောင့် အာဏာပိုင်တို့က မြို့ပြင်နှင့် မြို့ပေါ်နေရာတော်တော်များများမှာ လုံးခြုံရေး တင်းကြပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

    သြဂုတ်လ ၁၂ ရက်နေ့တွင်လည်း မြို့ပေါ်လျှပ်စစ်မီးဓါတ်အားပေးစက်ရုံ ထရန်စဖေါ်မာအောက်၌ လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး အာဏာပိုင်းတို့က ယနေ့ထိ လက်သည်မဖော်ထုတ်နိုင်သေးဟု မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

    လွန်ခဲ့သော ဇူလိုင်လ ၃ ရက်နေ့ကလည်း ဒီကေဘီအေဂိတ်တွင် ခလေများဆော့ကစားနေသည့် ဝါယာကြိုးအတွင်း တပ်ဆင်ထားသော ဗုံးတစ်လုံးကိုလည်း ဒီကေဘီအေတပ်ဖွဲ့တို့က သိမ်းယူလိုက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts