Friday, March 13, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲရက် နိုဝင်ဘာလ ၇ ရက်ဟု MRTV-4 ကြေညာ

    ရွေးကောက်ပွဲရက် နိုဝင်ဘာလ ၇ ရက်ဟု MRTV-4 ကြေညာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည့်ရက်မှာ နိုဝင်ဘာလ ၇ ရက်နေ့ဟု မြန်မာစစ်အစိုးရပိုင်ရုပ်မြင်သံကြား MRTV-4 မှ ယနေ့နံနက် ၁၀ နာရီခန့်တွင် ကြေညာသွားခဲ့သည်။

    ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးက ၄င်းကြေညာချက်ကို မြန်မာဘာသာဖြင့်  MRTV-4 သတင်းအစီအစဉ်တွင် ကြေညာခဲ့သည်။

    ယခုနှစ်ထဲ ကျင်းပမည်ဟု စစ်အစိုးရကြေညာထားသော ရွေးကောက်ပွဲသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဟု ကြားသိကြောင်း၊ ယခုရွေးကောက်ပွဲကို စစ်အစိုးရ ချုပ်ကိုင်ထားမှန်သော်လည်း ရွေးကောက်ပွဲတွင် အတိုက်အခံတချို့ နေရာရလာပါက ၄င်းဟာ နိုင်ငံရေးအရ ရှေ့တစ်လမ်း တိုးတက်မှုဖြစ်မည်ဟု အမေရိကန်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်၏ ပြောဆိုမှုကို ကိုးကား၍ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) တွင် ဖော်ပြထားသည်။

    ရန်ကုန်အခြေစိုက် အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ် ခေါင်းဆောင် ဦးအုန်းလွင်က ၄င်းနှင့် ရွေးကောက်ပွဲပါဝင်မည့် ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကြေညာချက်ကို ကြိုဆိုကြောင်း၊ ၄င်းကြေညာချက်သည် ဒီမိုကရေစီသို့ ဦးတည်နေသည့် မြန်မာနိုင်ငံ၏ လှုပ်ရှားမှုဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

    အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအုန်းလွင်က “ကျနော်တို့က စစ်အုပ်ချုပ်ရေး ပြောင်းချင်တဲ့လူတွေ စစ်အုပ်ချုပ်ရေးမကြိုက်တဲ့လူတွေ ဒီတိုင်ပင်ကိုစောင့်နေတာ။ ရွေးကောက်ပွဲပြီးတာနဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ ပြည်သူ့လွှတ်တော် ခေါ်ယူရမယ်၊ ပြီးတော့ တစ်ပတ်အတွင်းမှာ အမျိုးသားလွှတ်တော် ခေါ်ယူရမယ်၊ နောက်တစ်ခါ ပြည့်ထောင်စုလွှတ်တော် ခေါ်ယူမယ်၊ အစိုးရအသစ်ဖွဲ့မယ်ဆိုတဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်အုပ်ချုပ်ရေးအစီအစဉ်က အခုတိုင်ပင်စပြီးပေါ့ဗျာ အဲဒီတိုင်ပင်ချက်က ကျနော်တို့ ကြိုဆိုတာပေါ့ဗျာ။ ကျနော်တို့ရတာ မရတာထက် ဒီမူ၀ါဒ အုပ်ချုပ်ရေးအပြောင်းအလဲဖြစ်တာ ကျနော်တို့ ကြိုဆိုတာပေါ့ဗျာ ကျနော်တို့လည်း ကြိုးစားမှာပေါ့ အုပ်ချုပ်ရေမူ၀ါဒ ပြောင်းတာကို ပထမစစချင်း အမိအရယူထားရမှာပေါ့ဗျာ နောက်ပြီးတော့မှ second term, third term ကြရင် ဒီ့ထက်ကောင်းအောင် ကျနော်တို့လုပ်နိင်မှာပေါ့” ဟု ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks