spot_img
Monday, June 2, 2025
More
    spot_img
    Homeသတင်းသေနတ်ပစ်ဖောက်သူနှစ်ဦး အဖမ်းခံရ

    သေနတ်ပစ်ဖောက်သူနှစ်ဦး အဖမ်းခံရ

    -

    မြဝတီမြို့

    ဂျူရီချိုင်း။  ။ကရင်ပြည်နယ် မြဝတီမြို့ပေါ်တွင် သေနတပစ်ဖောက်သူ အပစ်ရပ်တပ်သားနှစ်ဦးကို သက်ဆိုင်ရာရဲတို့က ဖမ်းဆီး ချုပ်နှောင်ထားလိုက်သည်။

    အဆိုပါ ပစ်ဖောက်သူနှစ်ဦးမှာ ဒီကေဘီအေက တပ်သားတစ်ဦးနှင့် နိုင်အောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်မှာ တပ်သားတစ်ဦးဖြစ်သည်။

    ဖြစ်စဉ်မှာ မြဝတီမြျိ့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင် ထိုတပ်သားနှစ်ဦးတို့က ယမန်နေ့ နာရီ ၁၅ မိနစ်ခန့်တွင် ပစ္စတိုသေနတ် စမ်းသပ်ပစ်ခတ်မှုကြောင့် အနီအနားရှိ လူများ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ရဲများ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ခံများက ပြောသည်။

    ရန်ဖြစ်ကြတာတော့မဟုတ်ဘူး၊ အရက်မူးပြီးတော့ တစ်ယောက်ကို နှစ်ချက် တစ်လှည့်စီ မိုးပေါ်ထောင်ပစ်ကြတယ်၊ အားလုံး ချက်လောက်တော့ ပစ်ကြတယ်ဟု အမည်မဖေါ်လိုသူ မြဝတီရှိ မွန်ကုန်သည်တစ်ဦးက ပြောသည်။

    ၄င်းဖြစ်ပွားမှုသည် မြဝတီမြို့ပေါ်ရှိ မိကျောင်းကုန်းရပ်ကွက်၊ ဝေဘာဂီလမ်းရှိ စားသောက်ဆိုင် တစ်ဆိုင် ဖြစ်ပွားခဲ့သည်။

    ထိုသူနှစ်ဦးမှာ မြဝတီမြို့၌ စီးပွားရေးရုံးဖွင့်ခွင့်ရရှိထားသော နိုင်အောင်နိုင် ဦးစီးသည့် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ညီညီဆိုသူနှင့် ဒီကေဘီအေ တပ်ရင်း ၉၀၁ မှတပ်သားများဖြစ်ပြီး လက်ရှိမှာ မြဝတီမြို့ရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု ၄င်းက ပြောသည်။

    လက်နက်အရောင်းအဝယ်လုပ်ဖို့လား၊ ဝယ်လာတာလားတော့မသိဘူး၊ သေနတ်ကောင်းမကောင်း စမ်းကြည့်တာပဲ၊ သေနတ်ကိုတော့ ရဲကသိမ်းလိုက်တယ်၊ ခု နှစ်ယောက်စလုံးအချုပ်ထဲမှာပဲဟု မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်မှ ညီညီနှင့် ရင်းနှီးသူ မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    နိုင်အောင်နိုင် ဦးဆောင်သည့် မွန်ငြိမ်ချမ်းရေးနှင့် ကာကွယ်ရေးတပ်သည် မြဝတီမြို့ပေါ်၌ စီးပွားရေးရုံးဖွင့်လှစ်ထားပြီး ပြည်တွင်းသို့ ကုန်ပစ္စည်းများ အတင်အချပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံမှာ လိုင်စင်မဲ့မော်တော်ကားများ တင်သွင်းခြင်းအစရှိသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,800SubscribersSubscribe
    spot_img

    Latest posts