Friday, March 13, 2026
More
    spot_img
    Homeသတင်းအခွင့်အရေးပေးခြင်းဖြင့် ကြံ့ဖွံ့ စည်းရုံးရေးဆင်းနေ

    အခွင့်အရေးပေးခြင်းဖြင့် ကြံ့ဖွံ့ စည်းရုံးရေးဆင်းနေ

    -

    နိုင်မာန် ။  ။ကြံ့ဖွံ့တို့မှ ဒေသခံပြည်သူတွေကို အခွင့်အရေးအမျိုးမျိုးပေးခြင်းဖြင့် စည်းရုံးရေးဆင်းနေပြီး ပြည်သူအများကလည်း ကြံ့ဖွံ့ပါတီအပေါ် စိတ်ဝင်စားမှုရှိလာကြောင်း သိရသည်။

    “အခွင့်အရေးလိုချင်သူတွေအတွက်တော့ စိတ်ဝင်စားတာပေါ့ ကြံ့ဖွံ့ကဒ်ရှိရင် မော်တော်ဘီကယ်လည်းမကြောက်ထိဘူး၊ အခုဆိုလည်း လိုင်စင်မဲ့တွေဖမ်းနေတာဆိုတော့လေ ဖုန်းတွေကအစ လိုချင်ရင် တင်လိုက် ခဏလေးနဲ့ကျလာမယ် အဲဒီလို နည်းတွေနဲ့ စည်းရုံးနေတယ်” ဟု လမိုင်းမြို့နယ်ခွဲမှ စာပေအရေးလေ့လာသူတစ်ဦးက ပြောသည်။

    ကြံ့ဖွံ့ပါတီသည် ယခင်က လူမှုရေးရာလှုပ်ရှားမှုအပိုင်းတွင် လုပ်ဆောင်နေပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မွန်ဒေသတခုလုံးမှာ ပါဝင်ယှုဉ်ပြိုင်ရန်ရှိသည်။

    ကြံ့ဖွံ့ပါတီသည် မြန်မာစစ်အစိုးရတို့မှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ဘယ်နိုင်ငံရေးပါတီမဆို အစိုးရဘဏ္ဍာရေးသုံးစွဲခြင်း၊ တရားမဝင်ငွေကြေးတွေကို သုံးစွဲခွင့်မရှိပါ။ ကြံ့ဖွံ့ပါတီတို့က ဘဏ္ဍာရေး၊ အခွင့်အရေးအမျိုးမျိုးဖြင့် စစ်အစိုးရထံမှ ရရှိထားသည့် ယနေ့အနေအထားမှာ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေသည်။

    ကြံ့ဖွံ့ပါတီ၏ ဘဏ္ဍာရေး အားအကောင်းဆုံးတခုမှာ ဆက်သွယ်ရေးဝန်ကြီးဌာနမှ CDMA ဖုန်းများကို ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့ပါတီဘဏ္ဍာရေးအတွက် ပြည်နယ်တိုင်း မြို့နယ်တိုင်းမှာ ချပေးနေသည်။

    ထိုမျှမက အစိုးရဝန်ထမ်းတွေကလည်း နိုင်ငံရေးပါတီဝင်မရဆိုပြီး ဥပဒေမှာထုတ်ပြန်ထားသော်လည်း လူဝတ်လဲထားသည့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသိန်းစိန်က ထင်ထင်ပေါ်ပေါ် ဥပဒေချိုးဖောက်နေမှုအပေါ် ဘယ်နိုင်ငံရေးပါတီကမှ မဆန့်ကျင်နိုင်ခဲ့ပါ။

    ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးခရီးစဉ်မှာ မွန်ပြည်သူတွေအကြား နိုင်ငံရေးပါတီဘက် စိတ်ဝင်စားမှုမရှိသော်လည်း အများအားဖြင့် အခွင့်အရေးလိုချင်သူတွေအတွက် ကြံ့ဖွံ့ပါတီထဲ ဝင်လာကြသည်။

    “ကြံ့ဖွံ့အသင်းဝင်တွေများလာတာပေါ့ တချို့ စည်းရုံးရေးဆင်းသူတွေက ပုဂ္ဂိုလ်ရေးရာလည်းမလိုဘူး ကိုယ့်ဟာနဲ့ ကိုယ်စာရင်းလုပ်ပြီးတော့ လက်မှတ်ထိုးစရာတောင်မလိုဘူး အလိုလို အသင်းဝင်ဖြစ်သွားရောပဲ” ဟု အစည်းရုံးခံထားသူ ရေးမြို့ခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks