spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ခရိုင်အတွင်း စစ်တပ် စစ်ရေးလှုပ်ရှားပြီး ရွာသားများအား ပေါ်တာဆွဲ

    မော်လမြိုင်ခရိုင်အတွင်း စစ်တပ် စစ်ရေးလှုပ်ရှားပြီး ရွာသားများအား ပေါ်တာဆွဲ

    -

    ဗမာစစ်သားများ စစ်ကြောင်းချီတက်နေပုံ

    မင်းအဲ၊ ဂျူရီချိုင်း ။   ။ ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော မြန်မာစစ်အစိုရးတပ်တို့သည် မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မော်လမြိုင်ခရိုင်ဒေသတွင် ကရင်အမျိုးသားအစည်းအရုံးကို ထိုးစစ်ဆင်ရန်အတွက် ဒေသခံလယ်သမားနှင့် ရွာသားများကို ပေါ်တာဆွဲနေသည်။

    ပဲခူးတိုင်း ပဲခူးမြို့ အခြေစိုက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်နှင့် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ ပူးပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကို ထိုးစစ်ဆင်ရန်အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသတွင် စစ်ရေးလှုပ်ရှားနေသည်။

    “ခြေမြန်တပ်မ ၇၇ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ပေါင်းပြီးတော့ အင်အား (၄၀၀) လောက်က မွန်ပြည်သစ်နယ်မြေ မော်လမြိုင်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၄ ရွာအတွင်းမှာ လှုပ်ရှားနေတယ်၊ စစ်ရေးဆင်ဖို့ရှိတယ်” ဟု မော်လမြိုင်ခရိုင်အတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။

    စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက “စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်ဖို့ မော်လမြိုင်ခရိုင်ဘက်မှာ စစ်ရေးလှုပ်ရှားနေတယ်၊ သူတို့ စစ်ရေးအရ ထုတ်ဖော်ပြောနေတာကတော့ ကေအန်ယူ တပ်မဟာ ၆ ကို ထိုးစစ်ဆင်ဖို့ပေါ့လေ ဒါပေမယ့် အခုက သူတို့ လှုပ်ရှားနေတာက မွန်ပြည်သစ်နယ်မြေ မော်လမြိုင်ခရိုင်ဘက်မှာ” ဟု ပြောသည်။

    လက်ရှိအခြေအနေအရ မွန်ပြည်သစ်ပါတီအပေါ် မြန်မာစစ်တပ်တို့က တစုံတရာပြုလုပ်ခြင်းမရှိသေးပါ။ ရှေ့ဆက် ဘာဖြစ်လာနိုင်မလဲဆိုတာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း အဆိုပါ စစ်ရေးလေ့လာသူက ပြောသည်။ ယခုကဲ့သို့ စစ်အစိုးရတပ်များ ထိုးစစ်ဆင်ရန် လှုပ်ရှားနေမှုအပေါ် မော်လမြိုင်ခရိုင်အတွင်းရှိ ဒေသခံများက ပေါ်တာဖမ်းမည်ကို စိုးရိမ်နေကြသည်။

    “တကယ်လို့ ကေအဲန်ယူနဲ့ တိုက်ပွဲဖြစ်မယ်ဆိုရင် ဒေသခံတွေကို စစ်အစိုးတပ်တွေက ပေါ်တာခေါ်ဖို့ရှိတယ်၊ ခြေမြန်တပ်မ ၇၇ ဗျူဟာမှူးကနေ ဒီမော်လမြိုင်ခရိုင်ထဲက ကျေးရွာဥက္ကဌတွေကို ပြောထားတာရှိတယ် ပေါ်တာယူဖို့ကို” ဟု မော်လမြိုင်ခရိုင်ရှိ ရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    သို့သော်လည်း ကရင်ပြည်နယ် အနန်းကွင်း-ဘုရားသုံးဆူဒေသအကြား စစ်ရေးလှုပ်ရှားနေသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) လက်အောက် ခမရ ၄၀၉ တပ်ရင်း စစ်ကြောင်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနန်းကွင်းရွာသား လယ်သမား ၆ ဦးကို ပေါ်တာအဖြစ် ဖမ်းဆီးခဲ့သည်။

    ဇူလိုင်လ ၁၂ ရက်နေ့တွင် ခမရ ၄၀၉ ဗျူဟာမှူး (၂) ဗိုလ်မှူးကြီး မောင်မောင်ဦးသည် ဘုရားသုံးဆူဒေသ ကျွန်းချောင်းကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီ အရန်တပ်သား ၃ ဦး ပေါ်တာအဖြစ် ဖမ်းခဲ့သည်။

    အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဘုရားသုံးဆူဒေသမှတဆင့် အနန်းကွင်းရွာသို့ရောက်ရှိရာ ရွာဥက္ကဌကိုခေါ်၍ ပေါ်တာအထမ်းသမားများ အလိုရှိသည်ကိုပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ရွာဥက္ကဌမှ ပေါ်တာအထမ်းသမားများ မစီစဉ်ပေးနိုင်သည့်အတွက် လမ်း၌တွေ့သမျှ ဒေသခံယောက်ျားသားများကို ယခုကဲ့သို့ ဖမ်းဆီးနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အရာရှိတစ်ဦးက ပြောသည်။

    အဆိုပါ ပေါ်တာဖမ်းဆီးခံသူ ၆ ဦးအပြင် အခြားရွာမှ လက်လုပ်လက်စား အလုပ်သမားများလည်း ပါဝင်သေးကြောင်း သက်ဆိုင်ရာ မိသားစုဝင်များက စိုးရိမ်နေကြရသည်။ အနန်းကွင်းကျေးရွာ အနီးအနားတဝိုက်ရှိ အခြားကျေးရွာတွင်လည်း သတ်မှတ်ထားသည့် ပေါ်တာအထမ်းသမား အရေအတွက်ကို စစ်ကြောင်းထံ ပို့ပေးရန် ရွာဥက္ကဌများကို အကြောင်းကြားထားသည်။
    အဖမ်းခံထားရသော ရွာသားများအတွက် လူသစ်အစားထိုးမပေးနိုင်လျှင် ပြန်မလွတ်ဟု   ပေါ်တာအဖမ်းခံထားရမှ ပြန်လွတ်လာသူ နိုင်ရီအောင်က ပြောသည်။  ၄င်းက “ချောင်းဆုံရွာ မြောက်ဘက်ခြမ်း ခြံကနေခေါ်သွားတာ တောင်စွန်းရွာရောက်မှ ပြန်လွှတ်လာပေးတာ စစ်ပစ္စည်းတွေထမ်းထားရတာ ကြောမှာ အနာပေါက်သွားသေးတယ်”။

    မြန်မာစစ်ကြောင်းများ ယခုလိုမျိုး လှုပ်ရှားသွားလာနေရာမှာ ရွာအနီးအနားတစ်ဝိုက်သို့ ရောက်ရှိလာနေချိန်မှာ ဒေသခံရွာသားများ ရွာပြင်သို့ လုံးဝမထွက်ရဲကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    အဆိုပါစစ်ကြောင်းသည် ဘုရားသုံးဆူဒေသမှ စတင်ထွက်ခွာသည့် ဇူလိုင်လ ၁၂ ရက်နေ့မှစပြီး လမ်းခရီးတလျှောက် ပေါ်တာဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး၊ အနန်းကွင်းမှ တောင်စွန်းရွာဘက်သို့ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားသည်ဟု အနန်းကွင်းရွာသားတစ်ဦးက ပြောသည်။ “သူတို့က ဒီလိုပဲ တွေ့တဲ့လူ လိုက်ဖမ်းနေတယ်ဆိုတော့ လယ်သမားတွေ လယ်ကွင်းတောင်မသွားရဲဘူးလေ၊ ဒီကလူတွေ အလုပ်တွေအတော်ပျက်ကုန်ကြတယ်”။  ဘုရားသုံးဆူ- အနန်းကွင်းဒေသ၌ မွန်နှင့် ကရင်လူမျိုးအများစု နေထိုင်လျှက်ရှိပြီး၊ လယ်ယာ၊ ခြံလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်း ပြုကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks