spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းထုံးအိုင်ရွာ အထက်ပိုင်း တိုက်ကျောင်းကြီး မီးလောင်

    ထုံးအိုင်ရွာ အထက်ပိုင်း တိုက်ကျောင်းကြီး မီးလောင်

    -

    မော်လမြိုင်စျေးကြီး မတော်တဆ မီးလောင်းကျွမ်းမှုဖြစ်ခဲ့သလို ထုံးအိုင်မှာလည်း မီးလောင်းခဲ့သည်

    လရီထော ။ ။ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ထုံးအိုင်ကျေးရွာအထက်ပိုင်း တိုက်ကျောင်းကြီးသည် ဖယောင်းတိုင်မီးကူးစက်ရာမှ ကျောင်းတိုက်တခုလုံး မီးလောင်ပြာကျသွားခဲ့သည်။

    မီးလောင်ဖြစ်ပွားမှုသည် ဇူလိုင်လ ၁၇ ရက်နေ့ ည ၉ နာရီနှင့် ၁၀ နာရီအကြားမှာ ဖြစ်ပွားခဲ့သည်။ တိုက်ကျောင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း (၁၅၀) ကျော်က ဆောက်ထားသည့်ကျောင်းတစ်ကျောင်းဖြစ်ကြောင်းကို ကျောင်းဒါယိကာတစ်ဦးက ပြောသည်။

    မီးလောင်ကျွမ်းချိန်တွင် ဘားအံမြို့ရှိ မီးသတ်ဌာနသို့ ဆက်သွယ်အကြောင်းကြားပြီး ၂ နာရီကြာ မီးလောင်ကျွမ်းပြီးမှသာ မီးသက်ကား ၅ စီးရောက်လာခဲ့သည်။ ဘားအံမြို့မှ ထုံးအိုင်ကျေးရွာအကြား နာရီဝက်ခရီးမောင်းနှင်းရသည်။

    မီးလောင်ကျွမ်းမှုကြောင့် ကျောင်းရှိ ရဟန်းသံဃာများ သံမဏေများ တစုံတရာ ထိခိုက်ဒဏ်ရရှိမှု မရှိဟု ကျောင်းဒါယိကာက ပြောသည်။

    မီးလောင်ကျွမ်းမှုကြောင့် ကျောင်းတိုက်ပေါ်ရှိ ရှေးဟောင်းရုပ်ထုများ၊ ဆင်းထုတော်များအပါအဝင် မွန်ရှေးဟောင်း ပေရပိုက် ယဉ်ကျေးမှုအမွေအနှစ်မျာပါ ဆုံးရှုံးခံရသည်ဟု ဒါယိကာက ပြောသည်။

    မီးထဲပါသွားသည့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အတိအကျ တွက်ချက်မှုမပြုနိုင်သေးသော်လည်း ခန့်မှန်းချေ ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၂၀၀၀ ခန့်ကျော် ရှိနိုင်သည်ဟု ကျောင်းဒါယိကာတို့က ခန့်မှန်းကြသည်။

    ကရင်ပြည်နယ်အတွင်းရှိ ထုံးအိုင်ရွာသည် မွန်ရွာကြီး တစ်ရွာဖြစ်ပြီး၊ ရှေးအလွန်ကျသော ရွာတစ်ရွာဖြစ်သည်။ စုစုပေါင်းအိမ်ခြေ ၄၀၀၀ ကျော်ခန့်ရှိပြီး တိုက်နယ်အဆင့်ရွာကြီးဖြစ်သည်။

    ကျေးရွာပညာရေးဖွ့ံဖြိုးရေးအပိုင်းမှာ အထက်တန်းကျောင်းတစ်ကျောင်း မူလတန်း ၇ ကျောင်းနှင့် ရဲစခန်း၊ တိုက်နယ်ခွဲဆေးရုံးရှိပြီး၊ သံလွင်မြစ်ကမ်းနံဘေးက ရွာတစ်ရွာဖြစ်သည်။

    ထုံးအိုင်ကျေးရွာအတွင်း ဘုန်းကြီးကျောင်း () ကျောင်းရှိပြီး၊ ယခုမီးလောင်ကျွမ်းသွားသည့် အထက်ပိုင်းတိုက်ကျောင်းကြီးသည် အကြီးဆုံးကျောင်းတိုက်ဖြစ်ကြောင်း ထုံးအိုင်ရွာခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ဒါယကာဟီုမ္ဂး ဒကာဘာ၊ ဒါယိကာဟီုမ္ဂး ဒကာဗျဉ်၊ ဒကာဘာ ဒကာဗျဉ် မိက်သ္ဂောံချူမ္ဂးချူ၊ ဒါယကာဘာ ဒါယိကာဗျဉ် မိက်သ္ဂောံချူမ္ဂးချူ ချူဂွံသီုၐါရ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks