spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံဝင်သူများ မြဝတီမှာရပ်နားနေရ

    ထိုင်းနိုင်ငံဝင်သူများ မြဝတီမှာရပ်နားနေရ

    -

    မြဝတီမြို့

    မင်းအာသံ ။   ။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား တစ်ပတ်ကြာ ပိတ်ထားလိုက်သည့်အတွက် ထိုင်းနိုင်ငံသို့ ဝင်သူများ မြဝတီမြို့မှာ ခေတ္တရပ်နားနေရကြောင်း သိရသည်၊၊

    ၄င်းတို့သည် အများအားဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဖြစ်ကြပြီး ပွဲစားမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်အလုပ်လုပ်ကြမည့် ရွေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း ပွဲစားတို့က ပြောသည်၊၊

    “လူတွေတော့ တော်တော်နည်းသွားပြီး၊ ထိုင်းကို တက်မယ့်လူတွေ တစ်နေ့တစ်နေ့ အယောက် ၆၀ လောက်ပဲ ရှိတော့တယ်၊  အရင်ကဆို ရာကျာ်တယ်၊ အခုလိုဂိတ်တွေပိတ်ထားတော့ ဝင်ဖို့ခက်တယ်၊ စောင့်ရတာပေါ့၊ သူတို့မသွားဖြစ်ဘူးဆိုရင် အကုန်ကျွေးထားရတယ်” ဟု ပွဲစားတစ်ဦးက ပြောသည်။

    ပွဲစားနှင့် နီစပ်သောသူတစ်ဦးကလည်း “အခုလိုမျိုး တံတားပိတ် ဂိတ်တွေပိတ်တော့ ထိုင်းတက်မယ့်လူတွေ ဒုက္ခရောက်တာပေါ့၊ ပွဲစားတွေလည်း ခေါ်လာသမျှ လူတွေကို မြဝတီမှာ ထားထားရတယ်၊ ဒါပေမဲ့ အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့ပွဲစားကျတော့ အခက်အခဲသိပ်မရှိဘူး၊ တရားမဝင်လမ်းကနေ သူတို့ဂိတ်ကနေ ခိုးဝင်နေကြတယ်” ဟု ပြောသည်၊၊

    ဒီကေဘီအေလိုအဖွဲ့အစည်းမျိုးနှင့် ချိတ်ဆက်မှုရှိသည့် ပွဲစားများက ယခုလို ထိုင်း-
    မြန်မာချစ်ကြည်ရေး တံထားပိတ်သော်လည်း ထိုအဖွဲ့တို့၏ ဂိတ်မှတဆင့် ဝင်ထွက်နိုင်သည်။ အကြောင်ကာ အဆိုပါ ဒီကေဘီအေဂိတ်သည် ဖွင့်စမြဲဖြစ်နေသောကြောင့်  ပွဲစားများအတွက် ယခုကဲ့သို့ လွယ်ကူစေခဲ့သည်။

    မြန်မာအာဏာပိုင်မှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတား ပိတ်ပင်ထားသော်လည်း အချို့သော တရားမဝင်ဂိတ်တွေက နာရီပိုင်းဖြင့်ဖွင့်ထားတာရှိသည်ဟု မဲဆောက်စက်ရုံးတစ်ရုံမှ မြန်မာအလုပ်သမား မသူဇာ (အမည်ရင်းမဟုတ်) က ပြောသည်၊၊

    “ကျမတို့ နေ့တိုင်းမဲဆောက်ကို လာနေရတယ်၊ တရားမဝင်ဂိတ်ကနေ ပိုက်ဆံပေးပြီး ကူးလို့ရတယ်၊ ကျမတို့အတွက် အရမ်းကို အခက်အခဲဖြစ်တယ်၊ မြန်မာဘက်က တရားမဝင်ဂိတ်တွေတောင် ဖွင့်ချင်ရင် ဖွင့်ပြီး ပိတ်ချင်လဲ ပိတ်လိုက်တယ်” ဟု ၄င်းက ပြောသည်၊၊

    အာဏာပိုင်နှင့် နီစပ်သူများ နှစ်ဖက်သား နားလည်မှုနှင့် လှေခသက်သာစွာဖြင့် သွားလာနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် မြဝတီဒေသခံတစ်ဦးက ပြောသည်၊၊

    မဲဆောက်မြို့မှာ ခြေချထားသည့် ကရင်အမျိုးသားတစ်ဦးက “ကျနော် တရားမဝင်ဂိတ်ကနေ မြဝတီသွားခဲ့တယ်၊ စိတ်ထဲမှာတော့ အရင်တိုင်းပါဘဲ၊ မခက်ဘူးဆိုပေမယ့်လည်း ဗမာပြည်ကနေ လာရင် အခက်တွေ့လိမ့်မယ်၊ အထုပ်အပိုးတွေနဲ့ဆို ပေးမဖြတ်ဘူး” ဟု ၄င်းက ပြောသည်၊၊

    ယခုလို နှစ်နိုင်ငံ ချစ်ကြည်ရေးတံထားကို အာဏာပိုင်တို့မှ ပိတ်လိုက်ခြင်းကြောင့် ကုန်သွယ်ရေးထိခိုက်မှုရှိနေပြီး ကုန်သည်များ နေ့စဉ် ဖြတ်သန်းသွားလာနေကြသည့် အလုပ်သမားများအတွက် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    မြန်မာအာဏာပိုင်မှ ယင်းချစ်ကြည်ရေးတံတားကို ပိတ်လိုက်ခြင်းမှာ ကမ်းထိန်းနံရံ ဆောက်လုပ်ခြင်းဖြင့် နယ်ခြားသောင်းရင်းမြစ် ရေစူးထိုးရာတွင် မြန်မာဘက်ခြမ်း၌သာ ရေထိုးပြီး ကမ်းပြိုမှုများ၏ အကျိုးဆက်ကို ခံရမည်ဖြစ်သောကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ခေတ်ပြိုင်သတင်းဌာနမှာ ထုတ်ဖော်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks