spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအခက်အခဲကြားမှ ပါတီဝင်အင်အားထောင်ကျော် စည်းရုံးနိုင်ခဲ့

    အခက်အခဲကြားမှ ပါတီဝင်အင်အားထောင်ကျော် စည်းရုံးနိုင်ခဲ့

    -

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ။ ။မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးခရီးစဉ်တွင် မွန်ပြည်သူတို့၏ ထောက်ခံအားပေးမှုထောင်ကျော်ကို အခက်အခဲအကြားမှ စည်းရုံးနိုင်ခဲ့ကြောင်း ပါတီဥက္ကဌက ပြောသည်။

    ရွေးကောက်ပွဲကော်မရှင်မှ စည်းရုံးရေးဆင်းရာမှာ တပတ်ကြိုတင်ခွင့်တောင်းထားရခြင်း အစရှိသည့် ကန့်သတ်ချက်များကြောင့် စည်းရုံးရေးမှာ လွတ်လပ်မှုမရှိသော်လည်း ပြည်သူတို့၏ ထောက်ခံအားပေးမှုမှာ အားရသည့်အနေအထားပင်ဖြစ်သည်။

    မဲကော်မရှင်က ကန့်သတ်ထားတာကိုလည်း မချိုးဖောက်မိအောင်၊ ကိုယ့်အလုပ်လည်း ချောမွေ့အောင်တော့ စည်းရုံးရတယ်လေ၊ ကိုယ်လုပ်တာကလည်း တရားဝင်လုပ်တာပဲ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး၊ လူထုရဲ့ ထောက်ခံမှုအပေါ်မှာတော့ တော်တော်အားရတယ်၊ ခရီးစဉ်လည်း အောင်မြင်မှုရရှိတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း (နိုင်ဇနူး) က ပြောသည်။

    ပါတီမှ ရေး၊ သံဖြူဇရပ်၊ လမိုင်း၊ မုဒုံနှင့် ကရင်ပြည်နယ်မှ ပါတီဝင်အင်အား တစ်ထောင့်လေးရာကျော်ရရှိထားပြီးဖြစ်ကာ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီ၊ လက်ရှိတွင် မော်လမြိုင်မြို့ပေါ်တွင် စည်းရုံးရေးဆင်းနေဆဲဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ ထိုနောက် ပေါင်မြို့နယ်ဘက်သို့လည်း စည်းရုံးရေးခရီးဆက်မည်ဖြစ်သည်။

    ယခုလပိုင်းအတွင်းက ဗဟိုအလုပ်မှုဆောင်များရွေးကောက်တင်မြှောက်ပြီ ဗဟိုအလုပ်မှုဆောင်တို့နှင့်အတူ ပါတီဝင်အင်အား တစ်ထောင့်လေးရာကျော်ကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည်။

    အစက မွန်ပြည်သူတွေက မဲကို ဘယ်သူ့ကို ထည့်ပေးရမှာလဲ၊ တချို့ဆို ဘာမှတောင်မသိဘူး မွန်ပါတီ တစ်ပါတီရှိတယ်ဆိုတာတောင် တချို့က မသိကျဘူး၊ အခုလို ကျနော်တို့ကနေ အနီးကပ် စည်းရုံးရေးဆင်းတော့မှ ပြည်သူတွေက မဲထည့်ဖို့ မွန်မှာ ပါတီရှိတယ် ဘယ်လိုထည့်ရမယ်ဆိုတာကို သိတော့ စည်းရုံးရေးမှာ အောင်မြင်မှုရရှိလာတာပေါ့” ဟု နိုင်ငွေသိမ်းက ဆက်ရှင်းပြသည်။

    တချို့က အစွဲအလန်းတွေရှိတယ်၊ ကြောက်ကြတယ်၊ ဒီလိုမျိုး နိုင်ငံရေးပါတီတွေကို ထောက်ခံရင် အားပေးရင် အနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုတဲ့အတွေးတွေက ကျနော်တို့ မွန်ပြည်သူတွေမှာ အစွဲလိုရှိနေကြတယ်ဟု နိုင်ငွေသိမ်းက ဆိုပါသည်။ သို့သော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေီပါတီတို့က တရားဝင်အနေဖြင့် စည်းရုံးသည့်အတွက် ပြည်သူများကလည်း ကြောက်စရာမလိုကြောင်း မိမိမဲထည့်ချင်သည့်ပါတီကို ထည့်ခွင့်ရှိကြောင်းကိုလည်း သူက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယှဉ်ပြိုင်အရွေးခံရန် ရွည်ရွယ်ထားသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်အမျိုးသားထုတစ်ရပ်လုံးနှင့် မွန်ဒေသအဝှမ်းရှိ တိုင်းရင်းသားများအား ကိုယ်စားပြုကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ယခုနှစ် ဧပြီလ () ရက်နေ့တွင် အငြိမ်းစား အစိုးရဝန်ထမ်းများ၊ တတ်သိပညာရှင်များ၊ မွန်အမျိုးသားဒီမိုကရေစီပါတီဝင်အချို့နှင့် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ပါတီဝင်အချို့တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

    မေလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ပါတီမှတ်ပုံတင်အမှတ် (၁၃) ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks