spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းထိုင်း-မြန်မာနယ်စပ်လမ်း ရုတ်တရက်ပိတ်

    ထိုင်း-မြန်မာနယ်စပ်လမ်း ရုတ်တရက်ပိတ်

    -

    ပနွတ်ကျား ။  ။ ဒီကနေ့ နေ့လည်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူလမ်းကို မြန်မာစစ်တပ်တို့မှ ရုတ်တရက် ပိတ်လိုက်သည်။

    နှစ်နိုင်ငံနယ်စပ်ရှိ လမ်းကို မြန်မာစစ်တပ်တို့မှ ပြုပြင်နေသည်ကို ထိုင်းအာဏာတို့ဘက်မှ လာရောက်တားဆီးလိုက်ခြင်းကြောင့် ယခုလို နယ်စပ်ဖြတ်သန်းသွားလာခွင့်ကို စစ်အစိုးရတို့မှ ပိတ်လိုက်သည်။

    ဒီကိစ္စကို ကြီးကြပ်နေသူမှာ ခလရ ၃၂ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အောင်တင့်ခိုင်ဖြစ်သည်ဟု နယ်စပ်ရှိ စစ်ရေးကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

    ယခုကဲ့သို့ ရုတ်တရက် ပိတ်လိုက်သဖြင့် ထိုင်းဘက်ခြမ်းမှ မော်တော်ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းခွင့်မရှိသည့်အတွက် ကုန်ပစ္စည်းနှင့် ခရီးသည်များ ဒုက္ခရောက်နေရသည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ၂၀၀၅ ခုနှစ်က မြန်မာစစ်အစိုးရတို့မှ သိမ်းယူထားသော ထိုနယ်စပ်ဘုံမြေကို စစ်အစိုးရတို့မှ ကတ္တရာလမ်းခင်းနေစဉ် ထိုင်းအာဏာပိုင်တို့မှ လာရောက် မေးမြန်းမှုရှိခြင်းကြောင့် ယခုလို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်သည်။

    “၂၀၀၅ ခုနှစ်ကတည်းက ဗမာစစ်တပ်တွေ အဲဒီနယ်စပ်မြေကို တိုးချဲ့ပြီးတော့ သိမ်းယူလိုက်တာ ဘယ်သူ့မြေလဲဆိုတော့ အခုထိ ပြောလို့မရသေးဘူး ဒါပေမဲ့ ဗမာစစ်တပ်တွေက ကတ္တရာလမ်းခင်းနေတယ်” လို့ ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ထိုသို့ မြန်မာစစ်တပ်မှ ခင်းနေစဉ်မှာ ထိုင်းအာဏာပိုင်တို့က ရပ်ဆိုင်းပေးရန် တားမြစ်လိုက်ခြင်းကြောင့် လူသွားလူလာ မရှိအောင် မြန်မာစစ်တပ်တို့မှ လုံခြုံရေးတိုးမြှင့်ထားပြီး ကားနှင့် ဆိုင်ကယ်ကိုလည်း ဖြတ်သန်းခွင့် ပိတ်ထားသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သူတစ်ဦးမှ သိရသည်။

    ၄င်လမ်းသည် အဓိကလမ်းမကြီးမဟုတ်သော်လည်း ယဉ်များ ဖြတ်သန်းခွင့်မရသဖြင့် ထိုင်းဘက်ခြမ်းမှ သယ်ယူပို့ဆောင်နေသည့် ကုန်ပစ္စည်းတင်ကားများ ပြတ်တောက်ခဲ့ရသည်။

    အလာတူပင် မြဝတီ စစ်အစိုးရ ရုံးဝန်ထမ်းတစ်ဦးက “ဒီနေ့မနက် ၉း၀၀ မှာ နယ်စပ်တံတားကို ပိတ်လိုက်တယ် ညနေ ၃း၀၀ လောက်မှ ပြန်ဖွင့်ပေးခဲ့တယ်” ဟု ၄င်းက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းကုန်သည်များနှင့် မြန်မာကုန်သည်များ ဒီကနေ့အတွင်း အရေးပေါ် အစည်းအဝေးကျင်းပနေလို့  နယ်စပ်ဖြတ်သန်းခွင့်ကို ပိတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ထိုင်းကုန်သည်များ အသိုင်းအဝိုင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks