spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းအဖွဲ့အစည်းကားများသာ လိုင်ပြေးဆွဲခွင့်ရှိ

    အဖွဲ့အစည်းကားများသာ လိုင်ပြေးဆွဲခွင့်ရှိ

    -

    မင်းအာသံ။   ။လိုင်စင်မဲ့ကားများ ဖမ်းဆီးမည်ဟု သတင်းထွက်နေသော်လည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှာ လိုင်ပြေးဆွဲနေသည့် လိုင်စင်မဲ့ အဖွဲ့အစည်းကားများ ပြေးဆွဲနေလျှက်ရှိသည်။

    ဘားအံ-မြ၀တီနှင့် မော်လမြိုင်-မြဝတီစသည့် လမ်းကြောင်းမှာ ပြေးဆွဲနေသည့် ဟိုင်းလက် ကားငယ်များသည် အများအားဖြင့် လိုင်စင်မဲ့ကားများသာ ဖြစ်ပြီး၊ တစ်နေ့လျှင် လိုင်စင်မဲ့ ကားအစီးရေ ရာကျော် ပြေးဆွဲနေသည်။

    ဇွန်လအတွင်း လိုင်စင်မဲ့ကားများ ဖမ်းဆီးမည့်သတင်း ထွက်ပေါ်ပြီးနောက် အဖွဲ့အစည်းဝင်ထားသည့်ကားများသာ ပြေးဆွဲနေသည်ဟု KPF (ဟောင်းတယော) အဖွဲ့ဝင်ထားသည့် ကားပိုင်ရှင်တစ်ဦးက ပြောသည်။

    “အခုဆို မြဝတီမှာ DKBA၊ KPF၊ စသုံးလုံး စတဲ့ တကယ့်အဖွဲ့အစည်းထဲကကားတွေပဲ ပြေးဆွဲနေတယ်၊ ကျနော့်ကားတောင် အတက်အဆင်း မလုပ်ရဲဘူး၊ မြဝတီမှာ ၂ ည အိပ်လိုက်ရတယ်၊ အဖွဲ့အစည်း နာမည်ခံထားတဲ့ အရပ်သားကားတွေ ပိုဆိုးတာပေါ့၊ အဖွဲ့အစည်းဝင်ထားတာတောင် ဖမ်းမှာ ကြောက်လို့ လိုင်ဆွဲဖို့မပြောနဲ့ ရှောင်နေရတယ်”ဟု ၄င်းက ပြောသည်။

    အဖမ်းအဆီးသတင်းကြောင့် လိုင်ပြေးဆွဲကားများ ထက်ဝက်နီးပါး လျော့သွားသည့်အတွက် ဘားအံ-မြဝတီ လိုင်ဆွဲနေသည့် ကားများ ကားခကို နှစ်ဆတိုးမြှင့် ကောက်ခံနေကြောင်း ခရီးသည်တစ်ဦးက ပြောသည်။

    “ကျနော်တို့ ဘားအံ-မြဝတီ စီးနေကျ အများဆုံး ပေးရရင် ၅၀၀၀ ပေါ့၊ အခု လူတစ်ယောက် ကို ၁၀၀၀၀ ကောက်တယ်၊ ကျနော်တို့မှာတော့ တခါတလေမှ မြဝတီတက်တာ သိပ်ပြီး အရေးတကြီးမဖြစ်ဘူးပေါ့၊ ဒါပေမယ့် ကုန်သည်တွေအတွက်တော့ ပစ္စည်းကုန်သွယ်ဖို့က အခက်အခဲဖြစ်နေမှာပေါ့” ဟု ၄င်းခရီးသည်က ပြောသည်။

    မြဝတီမှ ဘားအံသို့ လူသုံးကုန်ပစ္စည်း ကုန်သွယ်နေသည့်  ကုန်သည်တစ်ဦးကလည်း “အခုလိုမျိုး ဖမ်းဆီးမှု ပြုလုပ်နေတော့ ပစ္စည်းတွေ မချရဲဘူးဖြစ်နေတယ်၊ ကုန်သည်ကြီး တွေကလည်း ခဏတော့ ရပ်နာထားရတယ်၊ နောက်တော့ နေပြည်တော်ကအဖွဲ့တွေလဲ မြဝတီရောက်နေတာ ကြားတယ်” ဟု ၄င်းက ပြောသည်။

    သို့သော် ပြည်တွင်းထုတ် ကုန်ပစ္စည်းတခုဖြစ်သည့် ပဲပြားကို အရှိန်မပျက် တင်ပို့လျှက်ရှိနေသည်ဟု ပဲပြားကုန်သည်နှင့် နီစပ်သူတစ်ဦးက ပြောသည်။

    “အခု ကုန်သည်တော်တော်များများက ပဲပြားပဲ တင်လာတာများတယ်၊ ပဲပြားတင်လာတော့ အာဏာပိုင်တွေကိုလည်း အခွန်သိပ်ပြီး မပေးရဘူး၊ နောက်ပြီးတော့ အမြတ်လည်း ရများတယ်၊ အခုဆို အဲဒါပဲ ခေတ်စားနေတယ်” ဟု ၄င်းက ပြောသည်။

    လွန်ခဲ့သည့် ၂၀၀၄-၂၀၀၅ ခုနှစ်တွင်လည်း လိုင်စင်မဲ့ကားများကို မြို့နယ်အလိုက် သတ်မှတ်ထားသော နေရာများတွင် လာရောက်အပ်နှံရန်နှင့် လာရောက်မအပ်နှံပါက ဖမ်းဆီးရမိလျှင် ကားပိုင်ရှင်များ ထောင်ဒဏ်သုံးနှစ် ကျခံရမည်ဖြစ်ကြောင်း စစ်အစိုးရက အမိန့်ထုတ်သည်

    လိုင်စင်မဲ့ အဖွဲ့အစည်းကားများသာ လိုင်ပြေးဆွဲနေသောကြောင့် မြန်မာကုန်သည်အများစုက ထိုင်းဘက်မှကုန်သွယ်လာသမျှ ကုုန်ပစ္စည်းများကို မြဝတီမြို့မှာပင် တဖန်ပြန်ရောင်းရတာ ရှိသလို သိမ်းဆည်းသိုလှောင်ထားသည့်ကုန်သည်များလည်း ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks