spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း HIV/ AIDS ရောဂါဖြစ်ပွားသူများလာ

    မွန်ပြည်နယ်အတွင်း HIV/ AIDS ရောဂါဖြစ်ပွားသူများလာ

    -

    မိကျလွန်းထော။  ။မွန်ပြည်နယ်အတွင်းရှိ HIV/ AIDS ရောဂါဖြစ်ပွားသူအရေအတွက်များလာသည်ဟု နိုင်ငံတကာရွှေ့ပြောင်းသွားလာရေးအဖွဲ့ IOM မှ စာရင်းဝင်အရ သိရသည်။

    HIV/ AIDS ရောဂါဖြစ်ပွားသူများကို အကူအညီပေးနေသည့် IOM အဖွဲ့မှ စာရင်းဝင်များအရ ယမန်နှစ်က ရောဂါဖြစ်ပွားသူ ၅ ရာ ကျော်ပြီး ယခုနှစ်မှာ ရောဂါရှိသူ ၃ ရာကျော် ထပ်တိုးလာသည်။

    “ရောဂါဖြစ်တဲ့သူတွေက စာရင်းပေးထားတဲ့သူရှိသလို၊ အချို့ဆိုရင် စာရင်းမဝင်ဘူး၊ HIV positive ဖြစ်တဲ့သူများလာတယ်၊ ဒါပေမယ့် သူတို့တွေက လူတွေသိလာမှာစိုးရိမ်လို့ မပြောဘဲနေနေကြတယ်၊ နားလည်တဲ့သူတွေကြတော့ ကျမတို့နဲ့ ပူးပေါင်းပါဝင်လာတယ်၊ အခုဆိုရင် ကျမတို့ ရေးမြို့နယ်ဘက်မှာ အယောက် ၃၀ လောက် နောက်ထပ် ပါဝင်လာပါတယ်” ဟု ရေးမြို့နယ်အတွင်း အကူအညီပေးနေသည့် IOM အဖွဲ့သားတစ်ဦးက ပြောသည်။

    HIV ပိုးကူဆက်ခံရသူ ပိုများလာသော်လည်း အချို့မှာ မိမိရောဂါရှိကြောင်း အခြားသူများသိရှိမည်ကို စိုးရိမ်သောကြောင့် တိုတိတ်နေသူများလည်းရှိနေသည်။ မွန်ပြည်နယ်အတွင်းရှိ လက်ရှိ HIV/AIDS ပိုးရှိသူ စာရင်းအတိအကျကို မဖော်နိုင်သေးသော်လည်း IOM မှ လာရောက် ပူးပေါင်းပါဝင်လာသူများစာရင်းအရ ရောဂါရှိသူပြားလာကြောင်း ၄င်းက ပြောသည်။

    IOM အဖွဲ့သည် HIV/AIDS နှင့်ပတ်ပက်သည့် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်းနှင့် ၄င်းရောဂါပိုးရှိသူများကို အဟာရဖြစ်စေသည့် အစားအစာနှင့် အားဆေးများ လစဉ်လတိုင်း ကူညီထောက်ပံ့ပေးနေသည့်အတွက်ကြောင့် ရောဂါပိုးရှိသူများက ၄င်း IOM အဖွဲ့အတွင်းသို့ အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ရာမှ ယခုလိုမျိုး ရောဂါပိုးရှိသူ ရင်းပိုများလာသည်ဟု မုဒုံမြို့နယ်မှ IOM အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

    “ကျမတို့က တစ်လမှာ ၆ ကြိမ် HIV နဲ့ပတ်သက်တဲ့ ပညာပေးတွေလုပ်တယ်၊ အဟာရဖြစ်စေတဲ့ အစားစာတေွ၊ အားဆေးတွေလည်း လတိုင်းပေးတယ်၊ ပြီးတော့ ART ဆေးသောက်ရမယ့် အနေအထားရောက်ပြီဆိုရင်လည်း ဆေးကို ပုံမှန်တိုက်ပေးနေပါတယ်၊ ဒီနောက်ပိုင်းမှာ အသက် ၄၀ အထက်တွေက အဖွဲ့ဝင်အဖြစ် ပါဝင်လာနေကြတယ်၊ အခုဆိုရင် ရွာသားအများစုက ရောဂါအကြောင်းကို တော်တော် နားလည်နေကြပြီ” ဟု ၄င်းက ဆက်ပြောသည်။

    IOM အဖွဲ့မှာ မွန်ပြည်နယ် ၆ မြို့နယ်ဖြစ်သည့် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ရေးမြို့နယ်နှင့် ဘီလင်းမြို့နယ်တို့တွင် HIV/AIDS ရောဂါခံစားနေရသ ဝေဒနာရှင်များကို ART (Anti-retroviral Therapy) ဆေးဝါးအပါအဝင် အဟာဖြစ်စေသည့် အစားစာများကို ကူညီထောက်ပံ့ပေးနေသည်။

    IOM အဖွဲ့၏ သင်တန်းပေးမှု၊ ကူညီစောင့်ရှောင့်မှုတွေကြောင့် ရှက်ကြောင့်မှုမရှိပဲ ၄င်းအဖွဲ့တို့နှင့် ပူးပေါင်းပါဝင်လာခဲ့သည်ဟု မုဒုံမြို့နယ်မှ AIDS ရောဂါပိုးရှိနေသူ အမျိုးသားတစ်ဦးက ပြောသည်။

    “ပထမတုန်းက ဒီရောဂါရထားသာ သူများသိမှာကို အရမ်းရှက်တယ်၊ IOM အဖွဲ့တွေ သင်တန်းပေးလာတော့ ART ဆေးသောက်ရင် ဒီရောဂါလည်း သက်သာလာနိုင်မှန်း သိလာတော့ အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့တယ်၊ အခုဆိုရင် ကျတော် ART ဆေး သောက်နေတာ သိပ်မကြာသေးဘူး” ဟု ၄င်းက ပြောသည်။

    IOM အဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစပြီး မွန်ပြည်နယ်အတွင်း HIV/AIDS ရောဂါဝေဒနာခံစားနေရသူများကို အားဆေးနှင့် အဟာရဖြစ်စေသည့် အစားစာများ ကူညီပေးနေပြီး၊ ၂၀၀၈ ခုနှစ်ရောက်မှသာျှင် ART ဆေးဝါးများကို ကူညီပေးနိုင်ခဲ့သည်။

    မြန်မာနိုင်ငံတွင် လက်ရှိ HIV/AIDS ရောဂါပိုးရှိသူ စုစုပေါင်း (၂၄၀၀၀၀) ခန့်ရှိသည်ဟု AIDS ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အမျိုးသားမဟာဗျူဟာ ငါးနှစ်စီမံကိန်း (၂၀၀၆-၂၀၁၀) တွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef) က တရားဝင်ထုတ်ပြန်ထားသည်။

    ၄င်းတို့အထဲတွင် HIV ပိုးရှိသူ အမျိုးသမီးဦးရေ (၁၀၀၀၀၀) ခန့်ပါဝင်ပြီး၊ ရောဂါပိုးရှိသူများအနက် သုံးပုံနှစ်ပုံ နီးပါးမှာ လူငယ်များဖြစ်သည်ဟု (Unicef) ဌာန၏အဆိုကို PHOEWA News မှကိုးကားထားသည်။

    မြန်မာနိုင်ငံတွင် ကလေး၊ လူကြီးအပါအဝင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူနှင့် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၄၀၀၀၀ ဦးခန့်ရှိပြီး၊ ၄င်းရောဂါနှင့် ဆက်စပ်ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ၂၅၀၀၀ ခန့်ရှိသည်ဟု Weekenly eleven ဂျာနယ်မှာ တင်ပြထားပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks