spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းအလုပ်သမား ၅၀၀၀ ကျော် ရောဂါစစ်ဆေးရေး ပြုလုပ်ပေး

    အလုပ်သမား ၅၀၀၀ ကျော် ရောဂါစစ်ဆေးရေး ပြုလုပ်ပေး

    -

    မိကျလွန်းထော

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ထိုင်းဘက်ကမ်းရှိ စက်ရုံအလုပ်သမား၀၀၀ ကျော်ကို ဇွန်လ ၂၂ ရက်နေ့မှစပြီး ရောဂါစစ်ဆေးမှုများ ပြုလုပ်ပေးနေသည်။

    ကူးစက်လွယ်သည့် တီဘီရောဂါ ကူးစက်မည်ကို စိုးရိမ်သောကြောင့် ယခုလို ရောဂါစစ်ဆေးမှုများ ပြုလုပ်ပေးသည်ဟု အလုပ်သမားများကို ဦးဆောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

    “သူတို့က သွေးစစ်ပေးတယ်၊ ဆီးလည်း စစ်တယ်၊ ဓါတ်မှန်ရိုက်တယ်၊ အဓိကတော့ တီဘီပိုးရှိမရှိ စစ်တယ်၊ ပြီးတော့ HIV/AIDS၊ ငှက်ဖျားပါ စစ်ဆေးသွားမယ်၊ အလုပ်ခွင်မှာ ရောဂါကူးစက်မှုရှိသွားရင် အလုပ်ပျက်ကုန်မယ်လေ” ဟု ၄င်းက ပြောသည်။

    ထိုစစ်ဆေးမှုကို ကန်ချနပူရီခရိုင် စံခလပူရီမြို့ဆေးရုံမှ ဆရာဝန်များနှင့် NGOs အဖွဲ့များ ပါထနာရက်ဖောင်ဒေးရှင်းအဖွဲ့များ ဦးဆောင်ပြီး စစ်ဆေးသည်။

    လွန်ခဲ့သည့် ွန်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ အလုပ်သမားစာရင်းများစုစည်းပြီး ယနေ့ ၈ နာရီခွဲမှစကာ လာမည့် ဇူလိုင်လ ၁၂ ရက်နေ့အထိ ရောဂါရှာဖွေ စစ်ဆေးသွားမည်ဟု အလုပ်သမားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “တစ်နေ့ကို အယောက် ၁၀၀ စစ်မယ်၊ ရောဂါမစစ်ခင်ကလည်း အလုပ်သမားတွေကို ရောဂါနဲ့ပတ်သက်တဲ့ လက်ကမ်းစာဆောင်တွေ ဝေပေးထားတယ်၊ ရောဂါတွေ့ရင် သူတို့ ကုပေးမယ်၊ အလုပ်ထုတ်တဲ့အထိတော့ မလုပ်ဘူး၊ ဒါပေမယ့် စာရင်းသွင်းပြီးသား အစစ်မခံရင်ေတာ့ အဲဒီအလုပ်သမားက အလုပ်ဖြုတ်ခံထိမယ်” ဟု ၄င်းက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ထိုင်းဘက်ကမ်းတွင် စက်ရုံပေါင်း (၄၀) ကျော်ရှိပြီး၊ ၄င်းတို့မှာ ဖိနပ်စက်ရုံု၊ ဇာခြင်တောင်စက်ရုံဘောင်ဘီစက်ရုံ၊ ဘောလီစက်ရုံ၊ မီးသီးစက်ရုုံနှင့် ဆံပင်အတုစက်ရုံတို့ ပါဝင်သည်။

    ယခုလိုကဲ့သို့ စက်ရုံရှိ အလုပ်သမားများ ရောဂါ စစ်ဆေးမှု ပြုလုပ်ပေးနေသည်မှာ ဒုတိယအကြိမ်မြောက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

    “ရောဂါစစ်လို့ ကိုယ့်မှာ ရောဂါပေါ်သွားမှာ ဆိုးလို့ အစစ်မခံချင်ဘူးဆိုရင် အလုပ်ရှင်က အစစ်မခံတဲ့လူကို အလုပ်ဖြုတ်ခံရမယ်လို့ ပြောထားတာ၊ မနှစ်က စစ်တုန်းကဆို HIV/AIDS ပိုးရှိတဲ့သူ ၄-၅ ဦး တွေ့တယ်၊ အလုပ်ရှင်က အလုပ်မဖြုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ဟာနဲ့ သူတို့ အလုပ်ကနေထွက်သွားကြတယ်” ဟု အထက်ပါ အလုပ်သမားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    မြန်မာအလုပ်သမား မြောက်များစွာရှိနေသော စက်ရုံများတွင် ထိုကဲ့သို့ ရောဂါစစ်ဆေးမှုများ ပြုလုပ်ပေးသည်မှာ ကောင်းသောလက္ခဏာရပ်တစ်ခုဖြစ်သည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts