Tuesday, March 10, 2026
More
    spot_img
    Homeသတင်း၂၀၁၀ ရွေးကောက်ပွဲအတွက် အာဏာပိုင်တို့မှ မှတ်ပုံတင်လုပ်ပေးနေ

    ၂၀၁၀ ရွေးကောက်ပွဲအတွက် အာဏာပိုင်တို့မှ မှတ်ပုံတင်လုပ်ပေးနေ

    -

    မင်းအာသံ

    မြန်မာစစ်အစိုးရမှ ကျင်းပသွားမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီ အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့် မှတ်ပုံတင်မရှိသူများကို ကုန်ကျစရိတ်သက်သာစွာဖြင့် မှတ်ပုံတင် ပြုလုပ်ပေးနေသည်။

    ယခုလပထမပတ်မှစပြီး ရွေးကောက်ပွဲမှာ ပါဝင်မဲထည့်ပေးနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများအား အာဏာပိုင်တို့မှှ အရွယ်ရောက်ပြီး မှတ်ပုံတင်မပြုလုပ်သေးသူများနှင့် ပျောက်ဆုံးသွားသူများအပါအဝင် မှတ်ပုံတင်မရှိသူများအားလုံးကို သက်ဆိုင်ရာ အာဏာပိုင်တို့မှ အကျန်ကျသက်သာစွာဖြင့် ပြုလုပ်ပေးနေသည်။

    “မုဒုံမြို့နယ်ကလူတွေဆိုရင် မှတ်ပုံတင် လုပ်ရတာတော်တော်ခက်တယ်၊ ရုံးကဆို သိပ်မလုပ်ပေးချင်ဘူး၊ လုပ်ပေးပြန်တော့လည်း အခမတင့်ရင် သိန်းချီကုန်တယ်၊ အခုတော့ စျေးလည်း ချိုသာစွာ ပေးရတယ် တစ်သောင်း၊ အများဆုံးတစ်သောင်းကျော်ကျော်ပဲ ကုန်မယ်လို့ ပြောနေတယ်” ဟု မှတ်ပုံတင်လုပ်ပေးရေးဌာနနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    လာမည့် ၂၀၁၀ ရွေးေကာက်ပွဲမှာ ပါဝင်မဲထည့်ပေးသွားရန် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ မှတ်ပုံတင်လုပ်ပေးရေးဌာနက ကျေးရွာအလိုက် ဆင်းပြီး မည်သည့်အကြောင်းကြောင့်မဆို မှတ်ပုံတင်မရှိသူများကို ယခုလမှစ၍ လုပ်ပေးနေသည်ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

    “မှတ်ပုံတင်မရှိသူတွေအတွက် ဒီလိုလုပ်ပေးတာ ကောင်းပေမယ့်လည်း ရွးကောက်ပွဲမှာ သူတို့အတွက် မဲထည့်ပေးရမယ်လို့လည်း ပြောသွားတယ်”ဟု ၄င်းက ပြောသည်။

    ထိုနည်းတူပင် ကရင်ပြည်နယ် ဇာသပြင်ခွင်တိုက်နယ်အတွင်းမှာရှိသည့် မွန်ကျေးရွာများ ဖြစ်သည့် ဇာသပြင်၊ ကျုံးဖဲ၊ ကော့လမု၊ ခရားအတွင်း၊ ခရားအပြင်၊ ကော့ယက္ခနှင့် သံလယ်ကျေးရွာဘက်မှာလည်း မှတ်ပုံတင်လုပ်ပေးရန် စီစဉ်နေသည်။

    ယင်းကျေးရွာတွင် နေထိုင်သော ဒေသခံအများစုသည် များသောအားဖြင့် ပြည်ပ ထိုင်းနိုင်ငံနှင့် မလေးရှားတို့တွင် မိသားစုအတွက် ဝင်ငွေရှာနေကြပြီး၊ အကယ်၍ ၄င်းတို့မှ မှတ်ပုံတင်လုပ်လိုလျှင် ဘားအံမှတ်ပုံတင်ရုံးထံ သွားရောက်ပြုလုပ်ရမည်ဟု ခရားရွာခံ တစ်ဦးက ပြောသည်။

    “ကျမတို့ မှတ်ပုံတင်လုပ်တာ ကျပ် ၂၂၀၀၀ ကုန်သွားတယ်၊ form ဖိုက ၄၀၀၀ ယူတယ်၊ ဓါတ်ပုံရိုက်တာ ၁၀၀၀၊ သွေးစစ်တာ ၇၀၀၊ တာဝန်ယူတဲ့သူကိုတော့ ၁၅၀၀၀ လောက် ပေးရတယ်၊ မပေးမှ မရတာ၊ တော်တော်လေးကို ကုန်တယ်၊ ဒါပေမဲ့ အားလုံးတော့ လုပ်ပေးတယ် form ဖြည့်ပေးတာကအစ မှတ်ပုံတင်ရတဲ့ထိပေါ့ ဟု ဘားအံမှ မှတ်ပုံတင် လုပ်ဖူးသူတစ်ဦးက ပြောသည်။

    ဘားအံမှ တက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း “ကျနော် ကိုယ်တိုင်သွားလုပ်တာ ၅၀၀၀ ကျော်ကျော် ကုန်သွားတယ်၊ ကုန်ကျတာက တယောက်နဲ့တယောက် မတူဘူး၊ ဒါပေမဲ့ အမှန်က အဲလောက်လဲ များတာပဲလေ” ဟု ၄င်းက ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ပြန်ရှုြမင်လိုက်သည့်အခါ မြန်မာစစ်အစိုးရက ၄င်းတို့လုပ်ချင်သလို လိုက်လံလုပ်ဆောင်နေပြီး ယခုကဲ့သို့ မှတ်ပုံတင်လုပ်ပေးသည်လည်း မဲပေးသည့်အခါ ပြည်သူများ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် မရခဲ့ပါ ဟု အဆိုပါ ကျောင်းသားက ရွေးကောက်ပွဲအပေါ် သုံးသပ်ပြောဆိုသွားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks