spot_img
Wednesday, November 19, 2025
More
    spot_img
    Homeသတင်းလယ်သမားများအတွက် ချေးငွေ ယခင်နှစ်ထက်တိုးချေးပေး

    လယ်သမားများအတွက် ချေးငွေ ယခင်နှစ်ထက်တိုးချေးပေး

    -

    တောင်သူလယ်သမားများ စပါးလှေ့နေစဉ်

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ

    ယခုနှစ်အတွင်း စပါးစိုက်တောင်သူများအတွက် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ချေးငွေကို ယခင်နှစ်ကထက် တစ်ဆတိုးချေးပေးသည်ဟု မုဒုံမြို့နယ်အတွင်းရှိ လယ်သမားတို့က ပြောသည်။

    ထိုချေးငွေကို ယမန်နှစ်က တစ်ဧကလျှင်တစ်သောင်းနှုန်းဖြင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ အတိုး ၃ ကျပ် နှုန်းဖြင့် ချေးပေးပြီး၊ ယခုနှစ်မှာ တစ်ဧက နှစ်သောင်း အတိုး ၂ ကျပ် ပြား ၇၀ ဖြင့် ချေးပေးသည်။

    “ဒီနှစ်မှာ တစ်ဧက တစ်သောင်းတိုးချေးပေးတယ်၊ ချေးငွေယူတဲ့လူတွေက ရယကရုံးမှာ စာရင်းသွားသွင်းရတယ်၊ ပြီးရင် ဥက္ကဌကနေ မုဒုံက လယ်ယာစိုက်ပျိုးရေးဘဏ်မှာ ထုတ်လာပေးမယ်၊ လယ်သမားတွေက ရယကရုံးမှာ သွားယူရတယ်” ဟု မုဒုံမြို့နယ်အတွင်းရှိ ချေးငွေယူထားသည့် လယ်သမားတစ်ဦးက ပြောသည်။

    လယ်သမားများအတွက် အစိုးရချေးငွေကို မေလမှစပြီး ချေးငွေလိုသူများ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ မြို့နယ်တိုင်းမှာ စတင်ချေးပေးနေသည်။

    “ဒီနှစ်မှာတော့ ချေးတဲ့လူတွေ တော်တော်များတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ် စပါးအထွက်လျော့ထားတာကြောင့် ဒီနှစ်စိုက်စရိတ်အတွက် လယ်သမားတိုင်းလိုလိုက အခတ်အခဲဖြစ်ကြတယ်၊ မချေးတဲ့လယ်သမားတွေ အနည်းအကျဉ်းပဲရှိတယ်၊ ပိုက်ဆံရှိတဲ့လူတွေပဲ မယူတာလေ၊ ကျနော်ဆို ခါတိုင်းနှစ်မချေးပါဘူး၊ ဒီနှစ်မှ ကိုယ့်မှာ ရစရာမရှိလို့ ချေးရတာပါ၊ အပိုလည်းချေးပေးတယ်ဆိုတော့” ဟု ၄င်းက ပြောသည်။

    မုဒုံမြို့နယ်အတွင်းရှိ ရယကဥက္ကဌတစ်ဦးက ယခုလောလောဆယ်မှာတော့ ကျနော်တို့ရွာမှာ ၁၈ သိန်းချေးယူထားပြီးဖြစ်သည်။ နောက်ထပ် ချေးချင်သည့်လယ်သမားများလည်း ရှိသေးကြောင်း သူက ပြောသည်။

    “အစိုးရ ချေးပေးတဲ့ငွေက အနည်းအကျဉ်းပဲလေ တချို့ပိုက်ဆံရှိတွေကျတော့ သူတို့ အရူပ်မခံဘူး ယူလည်းမယူဘူး၊ ဒါပေမယ့် ဒီနှစ်ကျတော့ မနှစ်က စပါးအထွက်လျော့ထားတဲ့အတွက် ချေးငွေယူကြတာများတယ်၊ သူတို့ ချေးပေးတဲ့ငွေက မလောက်မငှပါပဲ၊ ဒါပေမယ့် မရှိတာနဲ့စာရင်တော့ နည်းနည်းရတာလဲ နည်းနည်းတော့ အဆင်ပြေသွားမှာဆိုပြီး ချေးကြတယ်” ဟု အထက်ပါ လယ်သမားက ပြောသည်။

    ယခုလို လယ်သမားများအတွက် အစိုးရချေးငွေတိုးပေးမှုအပေါ် တချို့က စစ်အစိုးရမှ ဒေသခံများကို ရွေးကောက်ပွဲအတွက် ပြည်သူများ စစ်အစိုးရအပေါ် အမြင်ကောင်းများရှိလာစေရန် ဒေသခံပြင်သူတွေကို စည်းရုံးနည်းတမျိုးပဲဟု ပြောဆိုနေကြသည်။

    မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် ချေးပေးထားသည့် ချေးငွေများကို စပါးရိတ်သိမ်းပြီးချိန်တွင် တောင်သူလယ်သမားတို့က အတိုးရော အရင်းပါ ပြန်ဆပ်ပေးရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts