spot_img
Saturday, October 4, 2025
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပါတီတည်ထောင်ခွင့်ရ

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပါတီတည်ထောင်ခွင့်ရ

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ငွေသိန်း(က) နိုင်ဇနူ

    အာကာ၊ လွယ်ထော :

    ဧပြီလ ၃၀ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျောက်ထားသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား မေလ ၄ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုကြောင်း မေလ ၅ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

    ပါတီခေါင်းဆောင်နှင့် ပါတီတံဆိပ် အလံများကိုလည်း ရွေးချယ်ပြီးစီးပြီ ဖြစ်ကြောင်း ပါတီခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ယခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ မွန်အမျိုးသားထု တစ်ရပ်လုံးနှင့် မွန်ဒေသအဝှမ်းရှိ တိုင်းရင်းသားများအား ကိုယ်စားပြုကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    ‘မွန်အမျိုးသားထုတစ်ရပ်လုံးနဲ့ မွန်ဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းသား ညီအကိုတွေရဲ့ ရပိုင်ခွင့်အတွက် ဥပဒေဘောင်အတွင်းကနေ ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမယ်’ ဟု သူက ပြောသည်။

    ၄င်းပါတီက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အဓိကဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ပြီး အခြေအနေပေးပါက တနင်္သာရီတိုင်း ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တည်ထောင်ခြင်းနှင့်ပတ်သက်၍ မွန်အမျိုးသားများအတွင်း မတူညီသော ဝေဖန်မှုများ ရှိကြသည်။

    မွန်အမျိုးသားကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတစ်ရပ် ရှိသင့်သည်ဟု ယုံကြည်သူများက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေတီပါတီအား ကြိုဆိုကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသူများက ၄င်းပါတီအား ကန့်ကွက်ကြသည်။

    မေလ ၆ ရက်နေ့ထိ ပါတီတည်ထောင်ခွင့်ပြုရန် လျောက်ထားသည့်အဖွဲ့ ၃၁ ဖွဲ့ရှိပြီး ၂၇ ဖွဲ့အား ပါတီတည်ထောင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြုဌာန်းသည့်နေ့ (မတ်လ ၈ ရက်နေ့) မှစ၍ ရက်ပေါင်း ၆၀ (မေလ ၆ ရက်) နေ့ထိ လက်ရှိပါတီများ မှတ်ပုံတင်ခြင်းမပြုပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။

    ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး အမတ် ၅ နေရာ အနိုင်ရခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပေးခြင်း မရှိပါက ၂၀၁၀ ရွေးကောက်ပွဲကို စဉ်းစားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပေးရန် ငြင်းဆိုကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts