spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းစစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နေကြပြီ

    စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နေကြပြီ

    -

    စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နေကြပုံ

    မိကျလွန်းထော

    ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းနှင့် ဖလဲ့ဒွန်းဖိုက်ကျေးရွာသို့ ထွက်ပြေးသိမ်းရှောင်လာကြသည့် မွန်ဒုက္ခသည်များ နေရပ်သို့ တရွေ့ရွေ့ ပြန်နေကြပြီဖြစ်သည်။

    စစ်အစိုးရ၏ ပြည်သူ့စစ်ပုံစံပြောင်းလဲရန် လက်မခံကြောင်း မွန်ပြည်သစ်ပါတီမှ အကြောင်းပြန်ပြီး၊ ဧပြီလ ၂၈ ရက်နေ့နောက်ပိုင်း မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ပဋိပက္ခ ဖြစ်ပွားနိုင်သည့်အခြေအနေမှ လက်ရှိငြိမ်သက်နေသည့်အတွက် စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ယခုလို ပြန်သွားကြသည်။

    လက်ရှိ စစ်ရိပ်စစ်ငွေ့များ အေးချမ်းနေခြင်နှင့် နေရပ်ရှိ အိမ်ခြံတွေကို စိုးရိမ်နေသည့်အတွက် ဒုက္ခသည် ၆၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော် တစ်ရွေ့ရွေ့ ပြန်သွားကြသည်ဟု ခလောက်ခနီဒုက္ခသည်စခန်းရှိ မွန်ကယ်ဆယ်ရေးအဖွဲ့မှ ကော်မတီဝင်တစ်ဦးက ပြောသည်။

    “တစ်ရက်ဆို အိမ်ထောင်စု ၂ စု၊ ၃ စု လောက်က ပြန်နေကြတယ်၊ အခုဆို ခလောက်ခနီစခန်းမှာ အမျိုးသမီးနဲ့ ခလေး စုစုပေါင်း ၂၁၄ ဦး၊ ဖလဲ့ဒွန်းဖိုက်ရွာမှာတော့ အယောက် ၂၀၀ နီးပါးတော့ ကျန်နေသေးတယ်၊ ပြန်တဲ့သူတွေကတော့ သူတို့ ရွာမှာကျန်ခဲ့တဲ့ အိမ်ခြံတွေကို စိတ်ပူလို့ပြန်သွားတာ” ဟု ၄င်းက ဆက်ပြောသည်။

    ယခုကျန်ရှိနေသည့် ဒုက္ခသည်များမှာ နေရပ်သို့ ပြန်သွားပြီးမှ စစ်သံကြားရမည်ကို စိုးရိမ်နေသောကြောင့် ခလောက်ခနီဒုက္ခသည်စခန်းမှာသာ အခြေအနေကိုစောင့်ကြည့်ရန် တောင်တင်နေကြသည်။

    “ပြန်သွားပြီးမှ သေနတ်သံတွေ ကြားနေရမှာဆိုးလို့ ဒီမှာခဏ စောင့်ဆိုင်းနေတာပါ၊ အကုန်းလုံးအေးချမ်းသွားမှ ပြန်မယ်” ဟု ခလောက်ခနီ စာသင်ကျောင်းတွင် ခေတ္တနားခိုနေသည့် အဖွားအို တစ်ဦးက ပြောသည်။

    ၄င်းဒုက္ခသည်များ စားသောက်ရန်အတွက် ဆန်ကို ကူညီထောက်ပံ့ပေးနေသည့် TBBC အဖွဲ့တို့ကလည်း ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီဟု မွန်ကယ်ဆယ်ရေးအဖွဲ့မှ ကော်မတီဝင်က ပြောသည်။

    “TBBC က တစ်နေ့ကို ဆန် ၅ အိတ်လှူပေးတယ်၊ ဒါပေမယ့် ဒီလ ၆ ရက်နေ့က သူတို့ရဲ့ ထောက်ပ့ံမှုကို ရပ်လိုက်ပြီးလို့ ကျမတို့ကို ပြောတယ်၊ ကျမတို့ အနေနဲ့ ပြန်တောင်းခံထားတာ အခု ဒီလ ၈၊ ၉၊ ၁၀ ရက်အတွက်ကို ပြန်ပေးထားတယ်၊ လူလည်းနည်းသွားပြီးဆိုတော့ စားသောက်ဖို့က အဆင်ပြေသွားမှာပါ၊ ဘာကြောင့် သူတို့ထောက်ပံ့မှုတွေ ရပ်လိုက်တာတော့ မသိဘူး” ဟု ၄င်းက ဆိုသည်။

    မွန်ပြည်သစ်ပါတီမှ ပြည်သူစစ်အသွင်ပြောင်းရန် လက်မခံကြောင်းကို စစ်အစိုးရအာ အကြောင်းပြန်ထားပြီးဖြစ်သည်။ ပါတီက စစ်အစိုးရ၏ကမ်းလှမ်းချက်ကို လက်မခံပါက ၁၉၉၅ ခုနှစ်နောက်ပိုင်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဟု ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ဧပြ႘လ ၇ ရက်နေ့မှာ ပြောကြားထားသော်လည်း ယခုအချိန်အထိ ထူးခြားမှုမရှိသေးပါ။ ထို့ကြောင့် ဒုက္ခသည်များ မိမိနေရပ်သို့ လှည့်ပြန်နေကြခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts