spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နိုင်ဖွယ်ရှိ

    ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နိုင်ဖွယ်ရှိ

    -

    မိကျလွန်းထော – စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်သတင်းကြောင့် နေအိမ်စွန့်ခွာပြီး ခလောက်ခနီ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြသည့် ထွက်ပြေးတိမ်းရှောင်လာသူများအတွက် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများ အခက်အခဲကြုံတွေ့ဖွယ်ရှိသည်။

    “ဒီ ၂/၃ ရက်အတွင်းမှာဆိုရင် စားသောက်ဖို့က အဆင်ပြေပါတယ်၊ နောက်ရက်တွေအတွက်က မသေခြာသေးဘူး၊ TBBC အဖွဲ့တွေ မနေ့က လာကြည့်သွားတယ်၊ သူတို့နေရာပြန်ရောက်ရင် စားနပ်ရိက္ခာတွေ ပို့ပေးဖို့ စီစဉ်ပေးမယ်လို့ပြောထားတယ်၊ ဒါပေမယ့် အခုထိတော့ သတင်းမကြားသေးဘူး” ဟု ခလောက်ခနီ မွန်ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ယခုလက်ရှိ ခလောက်ခနီဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၂၅၀ ဦးရောက်ရှိနေပြီး၊ ၄င်းအနီးရှိ ဖလဲ့ဒွန်းဖိုက်ဒုက္ခသည်စခန်းမှာလည်း ဒုက္ခသည် ၂၇၉ ဦးရောက်ရှိနေသည်ဟု ကယ်ဆယ်ရေးအဖွဲ့၏ စာရင်းကောက်နှုတ်ချက်အရ သိရသည်။

    ထွက်ပြေးတိမ်းရှောင်လာသူများသည် အများအားဖြင့် အမျိုးသမီးများနှင့် ခလေးများ အဓိကပါဝင်ပြီး၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေမှ သပြုချောင်းရွာ၊ ဖလန်ရွာ၊ ဟနီရွာ၊ ချဲတိုက်ရွာနှင့် အနင်းရွာမှ ရွာသားများဒဖြစ်သည်။ ယခုလက်ရှိအခြေအနမှာ ခလောက်ခနီနှင့် ဖလဲ့ဒွန်းဖိုက်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းမှာ ခေတ္တနေရာချထားပေးသည်။

    ၄င်းဒုက္ခတို့သည် စစ်ရေးအခြေအနေ ငြိမ်းအေးလာပါက နေရပ်သို့ပြန်ရန် အစီစဉ်ရှိကြောင်း၊ လက်ရှိအခြေအနေမှာ စားဝတ်နေရေး အစဉ်ပြေနေကြသော်လည်း သောက်သုံးရေလုံလောက်မှုမရှိခြင်ကြောင့် အခက်အခဲအနည်းငယ်ရှိနေသည်။

    “ထိုင်းနိုင်ငံဘက်ကို တက်ဖို့တော့ အစီစဉ်မရှိဘူး၊ ရွာမှာ ခြံတွေလည်းရှိသေးတော့ အခြေအနေကောင်းရင် ရွာကိုပဲ ပြန်မှာပါ၊ အခု အမျိုးသားက ရွာမှာရှိနေတယ်၊ ကျမနဲ့ ခလေးတွေကျတော့ အရင်ထွက်လာထားတာပါ၊ ယောကျာ်းတွေကျတော့ ပြေးလို့လွယ်တယ်လေ၊ သူတို့တွေက အခြေအနေ စောင့်ကြည့်ပြီးတော့မှ တက်လာမယ်” ဟု ခလောက်ခနီသို့ရောက်ရှိနေသည့် သပြုချောင်းရွာမှ အမျိုးသမီးကတစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီမှ စစ်အစိုးရ ကမ်းလှမ်းထားသည့် ပြည်သူ့စစ်အသွင်ပြောင်းခြင်းကို ဧပြီလ ၂၂ ရက်နေ့တွင် တရားဝင် ငြင်းပယ်ပြီးနောက် လာမည့် ဧပြီလ ၂၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီအား ထိုးစစ်ဆင်မည်ဟူသော သတင်းများနှင့် စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့နေရခြင်းကြောင့် ယခုကဲ့သို့ ရွာသားများ အိုးအိမ်စွန့်ကာ တိမ်းရှောင်လာကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks