spot_img
Sunday, June 16, 2024
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကို မနှောင့်ယှက်ရန် ကေအန်ယူ ငွေတောင်း

    ရွေးကောက်ပွဲကို မနှောင့်ယှက်ရန် ကေအန်ယူ ငွေတောင်း

    -

    မင်းအဲ – မနက်ဖြန်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း မပြုရန်အတွက် ကေအန်ယူက ဘုရားသုံးဆူမြို့ရှိ နယ်ခြားစောင့်တပ် ကော်မတီ ကို ထိုင်းဘတ်ငွေ (၁၀) သိန်း တောင်းထားကြောင်း ထိုကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယနေ့နိုဝင်ဘာလ (၆) ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) တပ်ရင်း (၁၆) က ထိုငွေများကို တောင်းခံထားပြီး ဘုရားသုံးဆူမြို့ရှိ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်များ နှင့် ရယက အဖွဲ့ဝင်များက ထိုတပ်ရင်းနှင့် သွားရောက် ညှိနှိုင်းနေကြကြောင်း သုံးဆူမြို့မှ ရယက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ကေအန်ယူ တောင်းသလောက် ကျနော်တို့ မပေးနိုင်ဘူး၊ တကယ်လို့ လေးသိန်း ငါးသိန်း လောက်ဆို ကျနော်တို့ ပေးနိုင်ပါတယ်” ဟု သူက ပြောသည်။

    ထိုငွေများကို ပေးနိုင်ရန်အတွက် သုံးဆူမြို့ရှိ အာဏာပိုင်များက စီးပွားရေး လုပ်ငန်းရှင်များထံ ငွေကြေးစုဆောင်းလျက် ရှိပြီး အချို့လုပ်ငန်းရှင်ကြီးများမှာ ဘတ်ငွေတစ်သိန်းထိ ပေးကြရကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “သာမာန် လုပ်ငန်းရှင်တွေကတော့ ဘတ်ငါးသောင်း ပေးရတယ်။ ဒါပေမဲ့ ရယက တွေကတော့ ကေအန်ယူတွေ ဆပ်ကြေးတောင်းတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

    ဘုရားသုံးဆူမြို့သည် နယ်စပ်မြို့ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့တစ်မြို့ ဖြစ်သည်။ နှစ်စဉ် ထိုင်းဘတ်ငွေ ငါးသောင်းကို ကေအန်ယူအား ဆပ်ကြေးငွေအဖြစ် ပေးဆောင်ကြရပြီး သုံးဆူအာဏာပိုင်များက စီးပွားရေး လုပ်ငန်းရှင်များနှင့် ငွေကြေးချမ်းသာသော မြို့နေပြည်သူများထံမှ ကောက်ခံပေးကြရသည်။

    ယခု ငွေကြေး ကောက်ခံခြင်းနှင့် ပတ်သက်၍ ကေအင်ယူ ဒု-ဥက္ကဌ ထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း မသိရှိကြောင်း ဖြေကြားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,100SubscribersSubscribe
    spot_img

    Latest posts