spot_img
Tuesday, March 19, 2024
More
    spot_img
    Homeသတင်းPNLO နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

    PNLO နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် အစိုးရအဖွဲ့တို့ ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

    photo: by skykaren
    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သော အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင် (၆) ဦးနှင့် (PNLO) အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်(၈) ဦးတို့သည် အပစ်အခတ်ရပ်စဲ ရေးအပါအဝင် အဓိက အချက် ၂ ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

    ၎င်းက “နှစ်ဦးနှစ်ဖက်က အဓိက အချက် ၂ ချက်နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်၊ ကျန်ရှိ သေးတဲ့ အချက်တွေ ဆက်လက်ဆွေးနွေးဖို့ကိုလဲ သဘောတူ ထားကြ တယ်” ဟု ပြောသည်။

    နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ ဆက်ဆံရေးစခန်းကို သဘောတူသည့် သင့်တော်ရာ နေရာ၌ ထားရှိရန်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အကြိုညှိနှိုင်းဆွေးနွေးရေး ပြုလုပ်မည် ကိုလည်း သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

    ဆွေးနွေးပွဲတွင် PNLO ဘက်မှ အပစ်အခတ်ရပ် စဲရေး၊ နှစ်ဖက်သဘောတူနိုင်မည့်နေရာ ဆက်ဆံ ရေးရုံးထားရှိရေး၊ ပအိုဝ်း PNLO တပ်ဖွဲ့ဝင် အားလုံး လက်နက်မပါပဲ မြန်မာပြည်အနှံ့ လွတ်လပ်စွာ သွားလာခွင့်ရရန်၊ သဘောတူညီချက် ရရှိပြီးပါက ပြည်တွင်းရှိ ပအိုဝ်းနိုင်ငံရေးပါတီများ၊ ပအိုဝ်း အမျိုးသားခေါင်းဆောင်များ၊ ပအိုဝ်း ရဟန်းသံဃာတော်များ ပြည်သူလူထုများတွေ့ ဆုံခွင့် ရရန်နှင့် ပအိုဝ်းနယ်ထဲတွင်ရှိသည့် မူးယစ်ဆေးဝါပြဿနာများ ဝိုင်းဝန်းတိုက်ဖျက်ရန် နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်၌ ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများနှင့် လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ပြုရန် စသည့် အချက် ၆ ချက်ကို တင်ပြတောင်းဆိုခဲ့သည်။

    ယင်းတောင်းဆိုချက်များကို ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့တွင် ဘန်ကောက်မြို့၌ ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် PNLO တို့မှ ဥက္ကဌ ဦးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းတို့တွေ့ဆုံစဉ် မူအားဖြင့် သဘောတူ ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် PNLO ဘက်က ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်နှင့် မောက်မယ် သုံးနေရာ ဆက်ဆံရေးရုံးထားရှိရန် တောင်းဆိုထားသည်ကို အစိုးရဘက်မှ အဘောတူခဲ့သည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ရှမ်းပြည်နယ်တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော် နှစ်ဦးနှင့် အမျိုးသားလွှတ်တော် နှစ်ဦးလည်း တက်ရောက်ခဲ့ကြသည်ဟု ဦးလှမောင်ရွှေက ပြောသည်။

    PNLO နှင့် အစိုးရတို့သည် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ယခုနှစ်ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ရာ PNLO က အချက် (၁၁)ချက်ကို တင်ပြတောင်းဆိုးဆိုခဲ့သည်။

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ် မြောက်ရေးအဖွဲ့ချုပ်(ရလလဖ)မှ ခွဲထွက်တည်ထောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts