spot_img
Thursday, April 17, 2025
More
    spot_img
    Homeသတင်းမွန်လူငယ်များအတွက် ရပ်ရွာဖွံ့ ဖြိုးရေးသင်တန်းပြီးစီး

    မွန်လူငယ်များအတွက် ရပ်ရွာဖွံ့ ဖြိုးရေးသင်တန်းပြီးစီး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသ အရပ်သားလူ့ အဖွဲ့ အစည်းဖွံ့ ဖြိုးရေးအစီအစဉ်မှ ပြုလုပ်သည့် သုံးလတာ ‘လူထုစည်းရုံးရေးနှင် ရပ်ရွာဖွံ့ ဖြိုးသင်တန်း’ သည် မွန်လူငယ်သင်တန်းသား (၁၈) ဦးအား ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ထိုင်းဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့တခု၏ အကူအညီနှင့်အတူ သင်တန်ပေးအပ် ပြီးစီးသွားကြောင်း သိရှိရသည်။

    ယမန်နေ့ က ပြုလုပ်သည့် သင်တန်းပြီးဆုံးသည့် အခမ်းအနားတခုတွင် ဒေသခံပြည်သူများ၊ မွန်ရပ်သားလူ့ အဖွဲ့ အစည်းများမှ လူ (၁၀ဝ) နီးပါး တက်ရောက်သည့် အခမ်းအနားတွင် ထိုင်းနိုင်ငံအခြေစိုက် မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ ချူပ် ဥက္ကဌ နိုင်ဆွန်းထွန်းမှ သဘာပတိ အဖြစ်ဆောင်ရွက်ကာ ‘ပတ်ထနာရတ်’ ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ‘မစ္စတာဆေရီထောင်ဇု’ နှင့် အဖွဲ့ ဝင်များလည်း တက်ရောက်ပါသည်။

    သဘာပတိ နိုင်ဆွန်းထွန်း မှ ပြောကြားရာတွင် "မကြာမီ အာစီယာန် (၁၀) နိုင်ငံဟာ တနိုင်ငံတည်း စုစည်းဖို့ ဖြစ်လာတော့မှာ၊ စီးပွားရေးရင်းနှီးမြှပ်နှံမှုနှင့်အတူ ဖွံ့ ဖြိုးတိုးတက်ဖို့ အခြေအနေ ရှိလာနိုင်တယ်၊ ဒါပေမဲ့ ကျေးလက်ဒေသတွေမှာလည်း အဲဒီလို ဖွံ့ ဖြိုးမှုထဲမှာ ပါဝင်ဖို့ အထူးလိုအပ်နေပါတယ်၊ ရေရှည်တည်တန့် တဲ့ ဖွံ့ ဖြိုးရေးတွေ လုပ်ကိုင်သွားဖို့ မှာကြားချင်ပါတယ်" ဆိုပြီး သင်တန်းသားများအား မှာကြားသွားပါသည်။

    ‘ပတ်ထနာရတ်’ ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ‘မစ္စတာဆေရီထောင်ဇု’ ကလည်း သင်တန်းသူ/သားများအား နှစ်ပတ်ခန့် သင်တန်းပေးကာ မိမိအနေဖြင့် မွန်ဒေသအတွင်း လူထုဖွံ့ ဖြိုးရေးကို အထူးလိုလားကာ သင်တန်သူ/သား များအနေဖြင့် ကျေးလက်လူထုများနှင့် တသားတည်း ရှိနေရန်၊ ၄င်းတို့ နှင့် အတူအလုပ်လုပ်ရန် (Working With) မှာကြားခဲ့ပေသည်။

    "သင်တန်းကာလအတွင်းမှာ လူ့ အခွင့်ရေးသဘောတရား၊ ခေါင်းဆောင်မှုပညာ၊ အဖွဲ့ အစည်းစီမံခန့် ခွဲရေးပညာ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးသဘောတရား၊ အချက်အလက် ကောက်ယူစုဆောင်းခြင်း၊ အကူအညီတောင်းခံလွာရေးသားခြင်း၊ အစီရင်ခံစာရေးသားခြင်းတွေကို သင်တန်းသူ/သားတွေ လေ့လာခွင့် ရခဲ့တယ်" ဟု သင်တန်းအစီအစဉ် ကွပ်ကဲသူ မိစိုက်စန္ဒာမှ ပြောပြပါသည်။

    သင်တန်းကာလတွင် ဗဟုဖွံ့ ဖြိုးရေးအဖွဲ့ မှ ဆရာ ‘ဦးအောင်သူငြိမ်း’၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ထောက်ပံ့ရေးအဖွဲ့ မှ Mr. Ashley South တို့ မှ ပါဝင်ကူညီကာ ဆင်းရဲမှု ပပျောက်ရေး၊ ASEAN Economics Community အာဆီယန်ပူးပေါင်းဆောင်ရွက်ရေး နှင့် လူထုလိုအပ်ချက်များ ကောက်ခံစုဆောင်းရေး အကြောင်းတို့ လည်း သင်ကြားသွားသည်။

    (၃) လတာ သင်တန်းသို့ မွန်ဒေသအသီးအသီးမှ လူငယ်များ ပါဝင်တက်ရောက်ကြပါသည်။ ကရင်ပြည်နယ် ဖားအံမြို့ နယ်၊ မွန်ပြည်နယ်မှ ပေါင်မြို့ နယ်၊ မုဒုံမြို့ နယ်၊ သံဖြူဇရပ်မြို့ နယ် နှင့် ရေးမြို့ နယ် နှင့် တနင်္သာရီတိုင်း ရေဖြူမြို့ နယ်မှ သင်တန်းသားများ ပါဝင်ကြပါသည်။

    မြန်မာနိုင်ငံ တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည့်အတွက် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသအတွင်း အောက်ကျ နောက်ကျ ဖြစ်နေသည့် အခြေအနေ၊ ဆင်းရဲနွမ်းပါး အခြေအနေများ ပပျောက်သွားအောင် သင်တန်းမှ ရည်ရွယ်ချက်ထားရှိသည်ဟု သင်တန်းစီစဉ်သူတို့ မှ ပြောပြပါသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ဘုရားသုံးဆူမြို ့ကြံတောကျေးရွာမှာ.ကျေးရွာသူများကဦးဆောင်ပြီးစုပေါင်းလမ်းပြုပြင်ကြတာကို..ကျေးရွာ ဥက္ကဋ္ဌက..မကူညီတဲ.အပြင်.ပြစ်တင်ကြိမ်းမောင်းတယ်..ကျေးရွာဖွံ ့ဖြိုးရေးကို.မလိုလားဘူးလို.ယူဆမိတယ်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,000SubscribersSubscribe
    spot_img

    Latest posts