Homeသတင်းဒေါက်တာနိုင်ပန်းလှ ကွယ်လွန်ခြင်းစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်ခြင်းစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

-

နာဲပါန်လှ(နိုင်ပန်းလှ)

ဂျုရီချိုင်း – ရှေးဟောင်းမွန်သုတေသီ သမိုင်းပညာရှင် ကွယ်လွန်သူဒေါက်တာနိုင်ပန်းလှအား ရည်စူး၍စာတမ်းဖတ်ပွဲ အခမ်းအနားတစ်ရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံ၌ ယမန်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။

နိုင်ပန်းလှ၏ ရေးသားပြုစုခဲ့သော မွန်-မြန်မာ နှစ်ဘာသာပါဝင်သည့် ရှေးကျဆုံးသော ကျောက်စာ၊ ရွှေစည်းခုံမွန်ကျောက်စာ မနုဓမ္မသတ်နှင့် ထိုင်းဓမ္မသတ်မူရင်း၊ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းအား သမိုင်းရှုထောင့်လေ့လာခြင်း စာတမ်းများကို တက္ကသိုလ်ကထိက ၅ ဦးတို့က ၄ နာရီကြာဖတ်ကြားခြင်း ဖြစ်သည်။

အခမ်းအနားဖြစ်မြောက်ရေးဦးဆောင်သူ သဘာပတိ နိုင်ပန်းအောင်က “ဒေါက်တာနိုင်ပန်းလှ ရေးသားခဲ့တဲ့ မွန်တို့ဂုဏ်ရည် သီချင်းကို အဆိုတော်မိမြသန်းက မွန်ဗမာနှစ်ဘာသာသီဆိုပြီး အခမ်းအနားဖွင့်လှစ်ခဲ့တာပါ၊ ” ဟု ပြောသည်။

ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်ခြင်းစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

အခမ်းအနားသို့ မွန်ပညာရှင်များ၊ နယ်မှ မွန်လူငယ်အဖွဲ့များ၊ မော်လမြိုင်မြို့ရှိ မွန်လူငယ်အဖွဲ့ အစည်းများနှင့် တက္ကသိုလ်ကျောင်း သား/သူ များ စုစုပေါင်း ၂၀ဝ ခန့် တက် ရောက်ခဲ့ကြသည်ဟု သိရသည်။

“မွန်တိုင်းရင်းသားတွေကို ကမ္ဘာကသိအောင်လုပ်ခဲ့သူလို့ ကျနော်တို့မှတ်တမ်းတင်ပါတယ်၊ ရှေးကျဆုံးသော မွန်/မြန်မာ ကျောက်စာနဲ့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း နဲ့ပတ်သက်တဲ့စာတမ်းဖတ်ကြားသွားတဲ့အထဲမှာ အတော်များများ စိတ်ဝင်စားကြတယ်” ဟု အခမ်းအနားတက်ရောက်ခဲ့သူ ကိုမင်းမင်းက သုံးသပ်သည်။

နိုင်ပန်းလှသည် ၁၉၉၁ ခုတွင် အမေရိကန်နိုင်ငံ လော့အိန်ဂျလိမြို့ရှိ အနောက်ပစိဖိတ် တက္ကသိုလ်သို့ ပါရဂူဘွဲ့ ကျမ်းပြု ကျောင်းသားအဖြစ် ဝင်ခွင့်ရပြီး ယဉ်ကျေးမှု မနုဿဗေဒ အဓိက B.SC နှင့် Ph.D ဘွဲ့များရရှိခဲ့သည်။

ထို့နောက် ၁၉၉၂ ခုတွင် မွန်ဓမ္မသတ် ၁၁ မျိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ LL.D ဘွဲ့ချီးမြှင့်ခံရသည်။ ၁၉၉၄ မှစ၍ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း Meio တက္ကသိုလ်တွင် အမြဲတန်း ပါမောက္ခအဖြစ် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို သင်ပြခဲ့သည်။

ဒေါက်တာနိုင်ပန်းလှကို ၁၉၂၃ ခု၊ မတ်လ ၂၀ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် ကော့ဗိန်ကျေးရွာ၌ ဦးကြွနှင့် ဒေါ်ချိုတို့မှ ဖွားမြင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် လေဖြတ်ရောဂါဖြင့် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

ဆက်စပ်သတင်း

1 COMMENT

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts