spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းနိုင်ငံတော်ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများပိုမိုပါဝင်ခွင့်ရှိရေးတောင်းဆို

    နိုင်ငံတော်ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများပိုမိုပါဝင်ခွင့်ရှိရေးတောင်းဆို

    -

    ကျလွန်းထော – မြန်မာအစိုးရသစ်လက်ထက် နိုင်ငံတော်ဦးဆောင်မှုအခန်းကဏ္ဍများတွင် အမျိုးသမီးများ ပိုမိုပါဝင်ခွင့်ရှိစေလိုကြောင်း မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့တွင် ထိုင်းအခြေစိုက်မြန်မာအမျိုးသမီးထုအဖွဲ့ကြီးက တောင်းဆိုလိုက်သည်။

    ယမန်နေ့တွင် ကျရောက်သော ကမ္ဘာ့အမျိုးသမီးများနေ့တွင် Map Foundation မှ ဦးစီး၍ ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားအမျိုးသမီးအဖွဲ့ ဦးရေ (၅၀၀) ကျော်တို့က ချင်းမိုင်မြို့လည်ရှိ နန်းတွင်းဥယျာဉ်ရှေ့တွင် လမ်းလျှောက်အခန်းအနားများ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

    ချင်းမိုင်မြို့တွင်ကျင်းပသော ကမ္ဘာ့အမျိုးသမီးနေ့(Photo-WCRP)
    “အမျိုးသမီးတွေကိုယ်တိုင်ပါဝင်ဆုံးဖြတ်ချက်ချမှတ်ပြီးမှ ထွက်ပေါ်လာတဲ့ပေါ်လစီတွေကသာ အမျိုးသမီးတွေကို ပိုမိုပြီးကိုယ်စားပြုနိုင်မယ်၊ အကာအကွယ်ပေးနိုင်မယ်၊ လုံခြုံမှုပေးနိုင်မယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်” ဟု ကချင်အမျိုးသမီးအဖွဲ့မှ ဂျူလီယာက ပြောသည်။

    လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ၏ပါလီမာန်တွင် အမျိုးသမီးတို့၏အသံများ ပါဝင်မှုနည်းပါးနေသည့်အတွက် အမျိုးသမီးများအား ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် ဥပဒေများ ထွက်လာနိုင်မည်မဟုတ်ခြင်းကြောင့် ယင်းကဲ့သို့တောင်းဆိုရခြင်းဖြစ်ကြောင်း “ဂျူလီယာ” က ဆက်ပြောသည်။

    ယင်းအခန်းအနားတွင် အမျိုးသမီးတို့၏ ကိုယ်ပိုင်လုပ်ဆောင်နိုင်သည့် ပြဌာန်းချက်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသမီးများအတွက် မိန့်ခွန်းများ၊ တိုင်းရင်းသားအကများဖြင့် ကမ္ဘာ့အမျိုးသမီးများနေ့လှုပ်ရှားမှုများ ပြုလုပ်ကြခြင်း ဖြစ်သည်။

    ထို့အပြင် ကမ္ဘာ့အမျိုးသမီးများနေ့အထိန်းအမှတ်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျမတို့အမျိုးသမီးတွေမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးပါ၊ ဘဝမှာရုန်းကန်နိုင်တာက နည်းတဲ့အရည်အချင်းမဟုတ်ဘူး၊ ဒီလို ဘဝမှာရုန်းကန်နိုင်တဲ့ အရည်အချင်းရှိလို့ စွန့်စွန့်စားစားနဲ့ ပြည်ပကိုသွားပြီး ဘဝသစ်တည်ထောင်ဖို့ ကြိုးစားခဲ့တယ်၊ ရေရှည်ရည်မှန်းချက်က ကျမတို့နိုင်ငံကို ပြန်လာပြီးတော့ ကျမတို့နိုင်ငံအကျိုးအတွက် တစ်ခုထဲမဟုတ်ဘဲ ကမ္ဘာ့ပြည်သူပြည်သားများအကျိုးအတွက် ထမ်းဆောင်နိုင်မယ့် အမျိုးသမီးများဖြစ်အောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်” ဟု မိန့်ခွန်းတရပ်တွင် ပြောကြားခဲ့သည်။

    “အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချင်းမိုင်မြို့လယ်ခေါင်မှာ ဖွင့်ဟပြောခွင့်ရတာ အရမ်းကို ဝမ်းသာပါတယ်၊ ဒေါ်စုရဲ့ မိန့်ခွန်းထဲကအတိုင်း ကမ္ဘာ့အမျိုးသမီးများနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံတွေ ပြုလုပ်သလို ကိုယ့်ရဲ့နိုင်ငံမှာလဲ လွတ်လပ်စွာပြုလုပ်ခွင့်ရချင်ပါတယ်” ဟု ကိုယ်တိုင်ပါဝင်ခဲ့သည့် မွန်တိုင်းရင်းသူတစ်ဦးက ပြောသည်။

    “တို့တတွေဟာ အမျိုးသမီးတွေဖြစ်ပြီး တို့တွေကိုယ်တိုင်ဆုံးဖြတ်ချက်ချရလိမ့်မယ်” ဟူသော ကြေငြာချက်ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသူအမျိုးသမီးအဖွဲ့တို့က ဟော်လီးဒေးဟိုတယ် မှစတင်ပြီး ချင်းမိုင်မြို့လည်အထိ လမ်းလျှောက်ပွဲကျင်းပပြီး ဟောပြောပွဲများလည်း ပြုလုပ်ခဲ့ကြသည်။

    MAP Foundation သည် ထိုင်းနိုင်ငံတွင်တရားဝင်မှတ်ပုံတင်ထားသည့် NGOs အဖွဲ့အစည်းဖြစ်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ပညာရေးနှင့် ကျန်းမာရေး အခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေးများ ရရှိရေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks