Friday, March 13, 2026
More
    spot_img
    Homeသတင်းလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်နေရာ မွန်ပါတီ ဝင်ပြိုင်

    လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်နေရာ မွန်ပါတီ ဝင်ပြိုင်

    -

    ရိုင်မရော့ – လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်းတစ်နေရာ ဝင်ပြိုင်မည်ဟု ပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ရွေးချယ်တာဝန်ပေးခံထားရသည့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမြင့် နေရာတွင် ဝင်ပြိုင်မည် ဖြစ်သည်။

    “ကျနော်တို့ ပါတီက တစ်နရာ ဝင်ပြိုင်မှာဖြစ်တယ်၊ အဲဒီအတွက် ကျနော်တို့ပါတီက ပြင်ဆင်စရာရှိတာတွေ စည်းရုံးရေး ဆင်းတာတွေ လုပ်ဆောင်နေတာဖြစ်တယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလလောက်မှာ ကျင်းပနိုင်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိ အခြေအနေအရ ၂၀၁၂ ဇန်နဝါရီလလေက်မှသာ ကျင်းပနိုင်သည်ဟု နိုင်ငွေသိန်းက ခန့်မှန်းထားသည်။

    ၄င်းက “လောလောဆယ် မကျင်းပနိုင်သေးဘူး ထင်တယ်၊ ဘာလို့လဲဆိုတော့ NLD ကလည်း မှတ်ပုံတင်ရေး မတင်ရေးကလည်း ရှိနေသေးတယ်ဆိုတော့ မဖြစ်နိုင်သေးဘူး ထင်တာပဲ”။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် ယခင် ရွေးကောက်ပွဲကာလက ကြုံတွေ့ခဲ့ရသည့် ကြိုတင်မဲကိစ္စ၊ မဲမသမာမှုကိစ္စများ မဖြစ်ပေါ်ရန်နှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

    ၂၀၁၁ ခုနှစ် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသည့် ညီနောင်တိုင်းရင်းသား ၅ ပါတီ အစည်းအဝေးတွင် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြပြီး သဘောထား ထုတ်ပြန်ခဲ့သည်။

    သဘောထား ထုတ်ပြန်ချက် ပထမအချက်တွင် “ ကြားဖြတ်ရွေးကောက်ပွဲနှင့် အနာဂတ် ရွေးကောက်ပွဲတွင် မိမိနှင့် သက်ဆိုင်သည့် ဒေသများ၌ အပြည့်အဝ ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် ကျန်ဒေသများတွင် ပါတီတခုက ဝင်ရောက်ယှဉ်ပြိုင်ပါက ကျန်ပါတီများက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပဲ ပံ့ပို့ကူညီသွားရန်” ပါရှိသည်။

    ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံလိုက်ရသော လွှတ်တော်ကိုယ်စားလှယ်များထဲမှ လစ်လပ်သွားသည့် ကိုယ်စားလှယ်များ နေရာမှာတွင် ပြန်လည် ရွေးကောက်တင်မြှောက်နိုင်ရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks