spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမိုးသက်လေပြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီး

    မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီး

    -

    ကျလွန်းထော – ယမန်နေ့ နံနက်ပိုင်း၌ မိုးသက်လေပြင်း ကျရောက်ခြင်းကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့ရှိ စာသင်ကျောင်း၊ နေအိမ်၊ ဓါတ်တိုင်နှင့် သစ်ပင်အများအပြား ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကော့မုပွန် လှေဆိပ် ( ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်းအေဂျင်စီ )
    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကော့မုပွန် လှေဆိပ် ( ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်းအေဂျင်စီ )

    “မနက် ၈ နာရီလောက်က မိုးရော လေရောပဲ တော်တော်ပြင်းတာ၊ အလယ်တန်းကျောင်းက သွပ်ခေါင်မိုး အချပ် ၂၀ လောက်က လွင့်ထွက်သွားတယ်၊ အချို့အိမ်တွေလည်း သစ်ပင်ပိလို့ ပြိုကျသွားတယ်” ဟု ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာခံတဦးက ပြောသည်။

    ကမ်းစပ်နှင့် နီးစပ်နေသည့် ကျေးရွာအချို့တွင် ငါးဖမ်းထွက်သည့် လှေများလည်း လေပြင်းနှင့်အတူ လွင့်ပျောက်နေသည်ဟု ကော့မုပွန်ရွာခံတဦးက ပြောသည်။

    “အဖေနဲ့သား ပိုက်သွားချတဲ့ လှေတစီး ပျောက်သွားတာ အခုထိ ပြန်မတွေ့သေးဘူး” ဟု သူမက ပြောသည်။

    ၎င်းပြင် မော်လမြိုင်မြို့ပေါ်တွင်လည်း အဆောက်အဦးအချို့၊ ဓါတ်တိုင်အချို့နှင့် သစ်ပင် အများအပြား ပြိုလဲသွားကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။

    “ဓါတ်တိုင်တွေ ပြတ်ကျတော့ မနေ့က တနေ့လုံး မီးမလာဘူး၊ စျေးကြိုက စိုက်ပျိုးရေးခြံရှေ့က အလှသစ်ပင်တွေဆိုရင် အကုန်ကျိုးကျနေတာ၊ လမ်းပေါ်မှာလည်း သစ်ပင်တွေ အများကြီး ကျိုးကျနေတယ်၊ မိုးရောလေရော ထီးတောင်ဖွင့်လို့ မရဘူး” ဟု မော်လမြိုင်မြို့ခံက ပြောသည်။

    မြန်မာနိုင်ငံ၏ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်၏ အင်တာနက်စာမျက်နှာ (Myanmar Climate Change Watch) မှ မေလ ၉ ရက်နေ့ လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းကြီးမည့် သတိပေး ထုတ်ပြန်ချက်တွင် “မုတ္တမပင်လယ်ကွေ့နှင့် မွန်ပြည်နယ် ကရင်ပြည်နယ်တို့ အပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် မွန်၊ တနသာင်္ရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်နာရီ မိုင် (၃၀) မှ (၄၅) မိုင်အထိ လေပြင်းများ တိုက်ခတ်နိုင်ပြီး၊ လှိုင်းကြီးနိုင်ပါတယ်”

    “ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ထစ်ချုန်းမိုးများ ရွာသွန်းခြင်းနှင့်အတူ မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျပ်တပြက်ရေကြီးခြင်း၊ မြေပြိုကျခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို အထူးသတိပြုရန် လိုအပ်ပါလိမ့်မယ်” ဟု ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks