spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းဘီလူးကျွန်း-သံလွင်တံတား ပန္နက်ရိုက်အခမ်းအနားပြုလုပ်

    ဘီလူးကျွန်း-သံလွင်တံတား ပန္နက်ရိုက်အခမ်းအနားပြုလုပ်

    -

    ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်

    တံတားပန္နက်ရိုက်အခမ်းအနာ(Facebook)
    တံတားပန္နက်ရိုက်အခမ်းအနာ(Facebook)
    တို့က မွန်ပြည်နယ်၏ တတိယမြစ်ကူးတံတား ဖြစ်သော ဘီလူးကျွန်း-သံလွင်တံတား (ချောင်းဆုံ) ပိုင်တိုင်ပန္နက်ရိုက်အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် မုပွန်ဆိပ်၌ ပြုလုပ်ခဲ့သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် တံတားပန္နက်ရိုက်အခမ်းအနားတက်ရောက်စဉ်(Facebook)
    မွန်ပြည်နယ်ဝန်ကြီးချုပ် တံတားပန္နက်ရိုက်အခမ်းအနားတက်ရောက်စဉ်(Facebook)
    အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ကို မော်လမြိုင်မြို့ မုပွန်အရပ်မှ ချောင်းဆုံမြို့နယ်၊ ကညော်ကျေးရွာကို ဆက်သွယ် ဆောက်လုပ်မည်ဖြစ်ပြီး စီမံကိန်းတည်ဆောက်မည့် ကာလကို ၂ နှစ်ခွဲ ခန့်မှန်းထားကြောင်း သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေးစီမံကိန်း အထူးစီမံကိန်းကြီးအဖွဲ့ (၅) မှ အင်ဂျင်နီးယာမှူးကြီး ဦးတင့်လွင်က ပြောသည်။

    “တည်ဆောက်မှာက မြန်မာအင်ဂျင်နီယာတွေဖြစ်ပါတယ်၊ ပစ္စည်းကတော့ ဂျပန်-မြန်မာ ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်” ဟု ဦးတင့်လွင်က ပြောသည်။

    သံလွင်တံတားဆောက်လုပ်ရန် လျာထားခဲ့သည်မှာ ကြာမြင့်သော်လည်း ဘဏ္ဍာရေး အခက်အခဲကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ခွင့် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ဦးတင့်လွင်က ဆိုသည်။

    တည်ဆောက်မည့်ပုံစံမှာ မြန်မာနိုင်ငံတွင် ဆောက်လုပ်နေသည့် ပုံစံမဟုတ်ဘဲ ခေတ်မီပုံစံဖြင့် ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

    တံတားခံဝန်အား ၇၅ တန်ရှိပြီး နှစ်လမ်းသွားကားလမ်းအကျယ်မှာ ၂၈ ပေနှင့် ရေလမ်းကင်းလွတ် အမြင့် (အမြင့်ဆုံး ရေအမှတ်) ၄၆ ပေရှိကြောင်း သိရသည်။

    ပေပေါင်း ၅၂၀၃ (၁၅၈၆ မီတာ) အရှည်ရှိ နှစ်လမ်းသွားတံတားအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်း ခြောက်သောင်း ကျော် ကုန်ကျမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts