Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် စီမံကိန်းကြီးများ လက်မခံဟု မွန်ပြည်သစ်ပါတီပြော

    အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် စီမံကိန်းကြီးများ လက်မခံဟု မွန်ပြည်သစ်ပါတီပြော

    -

    မွန်ပြည်အစိုးရနှင့်မွန်ပြည်သစ်ပါတီခောင်းဆောင်များ ရေးမြို့နယ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်(Facebook)
    မွန်ပြည်အစိုးရနှင့်မွန်ပြည်သစ်ပါတီခောင်းဆောင်များ ရေးမြို့နယ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်(Facebook)
    မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် ဆောက်လုပ်ရန် စီစဉ်လျှက်ရှိသည့် ကျောက်မီးသွေးသုံး လျှစ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ မွန်ပြည်သူများအပေါ် အကောင်းကျိုး အဆိုးကျိုး မည်သို့ အကျိုးသက်ရောက်သည်ဖြစ်စေ အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးနေသည့် ကာလအတွင်း ထိုကဲ့သို့ စီမံကိန်းကြီးများကို လက်ခံမည် မဟုတ်ကြောင်းအံဒင်ဒေသပတ်ဝန်းကျင်ကျေးရွာမှ မွန်ဆရာတော်များ မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌ ‘နိုင်ထောမွန်’ ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အံဒင်ဒေသပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မွန်သံဃာအဖွဲ့ မှ ဆရာတော်ဘုရားများ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ သွားရောက်၍ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး အကြံဉာဏ်များ တောင်းယူစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အံဒင်ကျေးရွာမှ ဆရာတော် ‘အရှင်နန္ဒ’ က မိန့်သည်။

    “ဒီလိုတွေ့တာက ကျောက်မီးသွေးစက်ရုံနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီရဲ့ သဘောထား အသံတွေ၊ ရေမြေရှုပ်ထွေးမှုတွေကို ဘယ်လိုဖြေရှင်မလည်း ဒီလောက်ပါပဲ၊ ဆရာတော်တို့ မသွားခင်ကတည်က မွန်ပြည်သစ်ဘက်ကတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချထားပြီးသားပဲ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတဲ့ အချိန်မှာ စီမံကိန်းကြီးတွေကို မွန်ပြည်သစ်ဘက်က လက်ခံမှာမဟုတ်ဘူး” ဟု ဆရာတော် အရှင်နန္ဒ က ဆက်မိန့်သည်။

    ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင် စာကြည့်တိုက်တွင် ပြုလုပ်သည့် လူထုတွေဆုံပွဲတွင် မွန်ပြည်သစ်ပါတီ ဒေသဖွံ့ဖြိုးရေးဌာန တာဝန်ခံ နိုင်အမ်းစိုက်ချမ်းက ပြောသည်။

    သို့သော်လည်း ယခုလ ၂၇ ရက်နေ့တွင် ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာရှိ ပုပ္ဖဝတီကျောင်းတိုက်တွင် Toyo Thai ကုမ္ပ္ပဏီနှင့် လင်းရောင်ခြည်ဦး တို့ပူတွဲလုပ်ဆောင်သည့် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် မွန်ပြည်နယ်အစိုးရ လျှပ်စစ်နှင့် စက်မှုဝန်ကြီး နိုင်လဝီအောင်၊ ပြည်နယ် ဥပဒေချုပ် ဦးဝင်ကြည်း လွှတ်တော်ကိုယ်စားလှယ်များ၊ သံဃာတော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

    ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညာအောင်မိုးက “Toyo Thai ကုမ္ပဏီအနေနဲ့ ကတိပေးထားတဲ့ အတိုင်း ဂျပါန်နည်းပညာ Ultar Super Critical (USC) နဲ့လုပ်မယ်ဆိုတာ သေးခြာပါ့မလား၊ လုပ်ငန်း အကောင်အထည် ဖော်တဲ့အချိန်မှ ဒီနည်းက ကျန်ကျစရိတ် များတဲ့အတွက် စက်ရုံက စွန့်ပစ်ပစ္စည်းတွေကို ပင်လယ်ထဲကို စွန့်ပစ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးလိမ့်မယ် ဒါကို ဘယ်သူက စောင့်ကြည့် သွားမှာလည်း၊ ဒါကိုဘယ်သူက တာဝန်ယူမှာလည်း” ဟု အခန်းအနားတွင်း မေးခွန်းထုတ် မေးမြန်းခဲ့သည်။

    အံဒင်ကျောက်မီးသွေး စက်ရုံတည်ဆောက်ရေးနှင့် ပတ်သက်၍ Toyo Thai ကုမ္ပ၏ အစီအမံဖြစ် လွန်ခဲ့သည့် ရက်သတ္တပတ်တွင်လည်း ဂျပါန်နိုင်ငံရှိ ကျောက်မီးသွေးစက်ရုံနှင့် ထိုင်းနိုင်ငံရှိကျောက်မီးသွေးစက်ရုံများသို့ လေ့လာရေးခရီးစဉ်အဖြစ် (၉) ရက်ခန့် ပို့ဆောင်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks