spot_img
Wednesday, March 19, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီက နည်းပညာအသုံးပြု တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ

    စစ်ကောင်စီက နည်းပညာအသုံးပြု တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ

    -

    လက်ရှိ ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်က နည်းပညာအသုံးပြု တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း နိုင်ငံရေးသုံးသပ်သူတို့က ပြောသည်။

    ယခုလအစောပိုင်းက စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသို့ သွားရောက်သည့် ကိစ္စမှာ အဆင့်မြင့် လက်နက်ပစ္စည်းများ ရရှိရန် သွားခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။

    “သူနည်းပညာတွေ မြင့်လာတာ မှန်တယ်နော်၊ နောက်တစ်ခုကလည်း ကျမကြည့်တယ်၊ မင်းအောင်လှိုင် ရုရှားသွားတာလည်း ဒီဟာတွေပါမယ်ထင်တယ်။ တကယ့်အဆင့်မြင့်တဲ့ လက်နက်တွေ ရဖို့ သွားတာနဲ့ တူပါတယ်။ ဒါပေမဲ့ ကျမပြောဖူးပေါင်းများပြီး ဒီစစ်တပ် တစ်တပ်ရဲ့ တိုက်ခိုက်မှု စွမ်းရည်ဟာ လက်နက်အင်အားအပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး။ စစ်တိုက်ခိုက်နေတဲ့ လူတွေရဲ့ စိတ်ဓါတ်အပေါ်မှာ မူတည်တယ်။ နောက်တစ်ခုက ပြည်သူလူထုရဲ့ ထောက်ခံမှုလည်း ရဦးမှ ဖြစ်မှာ၊ တစ်စုံတစ်ရာ ကာလမှတော့ ကျမတို့ တော်လှန်ရေးသမားတွေ အတွက်တော့ အခက်အခဲရနိုင်တာပေါ့၊ ဒါပေမဲ့ သူတို့ဖက်က အဲဒီလို လက်နက်အဆန်းတွေ သုံးလာရင် ကျမတို့ ပြည်သူတွေဖက်ကလည်း ဘယ်လို နည်းနာတွေ ရှာပြီး ဖြေရှင်းနိုင်ပါလိမ့်မယ် ထင်တယ်” ဟု ပြောသည်။

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် ပြင်းအားမြင့် ဗုံးများ၊ ရုရှားနည်းပညာသုံး အဆင့်မြင့် ဒရုန်းများ ဆက်တိုက်အသုံးပြုလာနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

    ထို့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဆင်နွှဲနေသည့် ဗန်းမော်မြို့သိမ်း တိုက်ပွဲတွင်လည်း ညဖက်သုံး ဒရုန်းများ အသုံးပြု တိုက်ခိုက်နေကြောင်း သုံးသပ်သူများက ပြောသည်။

    စစ်ကောင်စီကို အနိုင်မတိုက်ဘဲ အချိန်ပေးပါက ပြင်ဆင်ချိန် ပိုရ၍ နည်းပညာအသုံးပြုမှု လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    “အဲဒါ ရန်သူကို အချိန်ပေးတာပဲ၊ စစ်ကိုနိုင်အောင် မတိုက်နိုင်တာပဲ၊ ပြည်မကြီးကို‌ ပြောတာနော်၊ ပြည်နယ်တွေကို ပြောတာမဟုတ်ဘူး။ ပြည်မကြီးက စစ်မနိုင်တဲ့အခါ ရန်သူကို အချိန်ပေးသလို စစ်ပြင်ချိန် ပိုရတာပေါ့ဗျာ၊ ပိုရတဲ့အခါကြတော့ ပြည်မကြီးက ပိုထိမယ်လေ။ အခုချိန်မှာ ဘာမ ပြင်ပြင်ဆင်ဆင်မရှိဘဲ ထိုးစစ်ဆင်ကြည့်ပါလား၊ လုပ်ကြည့်ပါလား၊ အမှုန့်တောင် ဖြစ်သွားဦးမယ်၊ သေတောင်သွားဦးမယ်။ အဲဒါကြောင့်မို့လို့ ရန်သူကို ပြင်ဆင်ချိန် ပေးတာပေါ့ ပြည်မကြီးက ပြည်မကြီးက စစ်မှမနိုင်တာ အချောင်သမားတွေကြီးပဲ ရတဲ့ ပိုက်ဆန်သုံးပစ်တယ်လေ” ဟု ပြောသည်။

    စစ်ကောင်စီက တရုတ်ထုတ် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့သလို လက်ရှိမှာလည်း ရုရှားထုတ် ဒရုန်းများ တိုးမြှင့်သုံးစွဲလာကြောင်း သိရသည်။

    ယခုနှစ်အစောပိုင်းမှ စတင်ကာ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသလို ပေါက်ကွဲအားပြင်း ဗုံးများ၊ ခဲယမ်းများ ပိုမိုထုတ်လုပ်လာနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,500SubscribersSubscribe
    spot_img

    Latest posts