Thursday, March 12, 2026
More
    spot_img
    Homeသတင်းဆွေးနွေးပွဲနှစ်ဖက်ကိုယ်စားလှယ်များ ရေးမြို့သို့ရောက်ရှိနေ

    ဆွေးနွေးပွဲနှစ်ဖက်ကိုယ်စားလှယ်များ ရေးမြို့သို့ရောက်ရှိနေ

    -

    မင်းသုတ – မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အသစ်တဖန်တွေ့ဆုံဆွေးနွေးရန် နှစ်ဖက်ကိုယ်စားလှယ်များ မွန်ပြည်နယ်၊ ရေးမြို့သို့ ရောက်ရှိနေသည်ဟု မွန်ဝန်ကြီးတစ်ဦးနှင့်နီးသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်သစ်ပါတီရဲဘော်များ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စ႘ )
    မွန်ပြည်သစ်ပါတီရဲဘော်များ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စ႘ )

    “ဒီနေ့လား မနက်ဖြန်လား၊ ဘယ်လိုဘယ်ပုံ ဘာအကြောင်းတွေဆွေးနွေးမှာကို မသိရပါဘူး၊ အထူးသဖြင့် မွန်ပြည်သစ်က အထူးလျှို့ဝှက်ထားတယ်၊” ဟု သူကဆက်ပြောသည်။

    မွန်ပြည်နယ်အစိုးရဖက်မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်နှင့် မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီတို့ အဓိကဦးဆောင်ဆွေးနွေးမည်ဟု သိရသော်လည်း မွန်ပြည်သစ်ပါတီဗဟိုမှ ယခုဆွေးနွေးပွဲကိစ္စကို ထုတ်ဖေါ်ပြောဆိုရန် ငြင်းပယ်ခဲ့သည်။

    မွန်ပြည်သစ်ပါတီ စစ်ရေးအကြံပေးပုဂ္ဂိုလ်အငြိမ်းစားဗိုလ်မှူးကြီးဟောင်း ကောင်းရွတ်က “ပြည်နယ်အဆင့်လောက်နဲ့ဆွေးနွေးလို့တော့ အလုပ်ပြီးမြောက်အောင်မြင်မှာမဟုတ်ပါဘူး၊ UNFC အနေနဲ့ပဲ ဆွေးနွေးသင့်ပါတယ်၊ ဒါမှလည်းတပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကိုဖေါ်ဆောင်နိုင်လိမ့်မယ်” ဟု ပြောသည်။

    ထို့အပြည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များပါဝင်ခြင်းမရှိပါက မွန်ပြည်နယ် ကြံ့/ ဖွတ်အစိုးရ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို လက်မခံရန် မွန်ပြည်သစ်ပါတီအား အလေးအနက်တိုက်တွန်းထားသော ကြေငြာချက်တစ်ရပ်ကို နိုင်ငံတကာရောက်မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Overseas Mon Coordination Committee- OMCC) က ယမန်နေ့အောက်တိုဘာလ (၃) ရက် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

    မွန်ပြည်သစ်ပါတီသည် ယခင်စစ်အစိုးရနှင့် ၂၀၁၀ ခုနှစ်၊ စက်တာဘာလဆန်းပိုင်းတွင် ၁၅ နှစ်ကျော် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့သော်လည်း နှစ်ဖက်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုများ မရှိသေးပေ။

    ထိုသို့အပစ်ရပ်နိုင်ရန် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရတို့သည် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တစ်နှစ်ခွဲကာလအတွင်း လေးကြိမ်တိတိ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်ဟု သတင်းမှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks