spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

    ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

    ပြီးခဲ့သည့်နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းမှ ယနေ့ (ဒီဇင်ဘာလ ၁၄) အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိသည့် အဆိုပါ ကော့ကရိတ်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းများ အသုံးပြုပြီး ပစ်ခတ်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးရသည့်အပြင် လူနေအိမ် အများအပြားလည်း ပျက်စီးသွားသည်ဟု ဆိုသည်။

    “တိုက်ပွဲစဖြစ်တဲ့ရက်ကနေ ဒီနေ့အထိဆိုရင် သေတဲ့လူက (၁၅) ယောက်လောက်ရှိမယ်။ တံတားဦးမှာ အလုံးကြီးကျပြီး သေတဲ့လူက သုံးယောက်ပေါ့ ကလေးတစ်ယောက်၊ အဖိုးတစ် ယောက်၊ အဖွားတစ်ယောက်ပါတယ်။ ပထမနေ့ တိုက်ပွဲစဖြစ်တာက သေတာများ တယ်။ နောက် ကားသမားတွေလည်း ဒဏ်ရာရတဲ့လူက သုံးယောက်၊ လေးယောက်က ပစ်ခံထိပြီး သေတယ်” ဟု စစ်ဘေးရှောင်များအရေး ကူညီပေးနေသည့် ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

    ထို့အပြင် ကော့ကရိတ်မြို့အဝင်ရှိ ကြာပန်အနီးတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၇ ဦးအထိ သေဆုံးမှုရှိခဲ့သည်ဟု အထက်ပါ မြို့ခံက ဆိုသည်။

    ကော့ကရိတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြို့တွင်းနှင့် အနီးဝန်းကျင် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် လေကြောင်းပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသည့် အရပ်သားများလည်း ရှိဟု အခြားမြို့ခံတစ်ဦးမှ IMNA ကို ပြောပြသည်။

    “တစ်နေ့က အဖွားကြီးတစ်ဦးနဲ့ ခြေထောက်သိပ်မကောင်းတဲ့ လူတစ်ယောက် လမ်းမှာ သွားရင်း နဲ့ ခြေထောက် ပစ်ခံထိတယ်၊ ဟိုတနေ့ကလည်း ချောင်းတောင်ကနေ ဆိုင်ကယ်နဲ့ လာတာကို သေနတ်နဲ့လှမ်းပစ်တယ်။ ခြေထောက်ထိသွားတယ် သေတော့ မသေဘူး။ ဒေသခံတွေက သေနတ်ဒဏ်ရာရတာ များလာတယ်၊ ရက်အတိကျတော့ မပြောတတ်ဘူး” ဟု ပြောသည်။

    လက်ရှိအခြေအနေအရ ကော့ကရိတ်မြို့နယ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူပေါင်းတပ်ဖွဲ့တို့က တည်ရှိနေသလို စစ်ကောင်စီတပ် စစ်ကြောင်းများလည်း အင်အားဖြည့်ထားပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်လာမည်ကို ဒေသခံတို့က စိုးရိမ်လျက်ရှိကြသည်။

    နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့် ကော့ကရိတ်ဒေသခံပြည်သူ နှစ်သောင်းနီးပါးတို့သည် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူညီတွေလည်း လိုအပ်လျှက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks