spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းအင်းစိန်ထောင်တွင် အရှင်ဥက္ကံသ ကျောက်ကပ်ရောဂါခံစားနေရ

    အင်းစိန်ထောင်တွင် အရှင်ဥက္ကံသ ကျောက်ကပ်ရောဂါခံစားနေရ

    -

    အာကာ။   ။၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်မှုဖြင့် အင်းစိန်ထောင်တွင် ထောင်အချုပ်ကျခံနေရသည့် အရှင်ဥက္ကံသ (အရှင်အဇ္ဇ) ခေါ် ဦးဇင်းဇော်လတ်သည် ထောင်တွင်း၌ ကျောက်ကပ်ရောဂါ ခံစားနေရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် ၂ ရက်ခန့်က ဆေးစစ်ချက်အရ ကျောက်ကပ်ရောဂါ လက္ခဏာ တွေ့ရှိခဲ့ပြီး ပြင်ပဆေးခန်း၌ ကုသခွင့် ရရှိရန် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သူ၏အမှုကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

    သူမက “ဓာတ်မှန်တွေရိုက် ဆီးတွေ စစ်ပြီး ရောဂါလက္ခဏာ ရှိတယ်လို့ ကြားရတယ်၊ အပြင်မှာ ကုဖို့က လျှောက်လွှာတွေ တင်ရဦးမယ်၊ နောက်တော့ သီတာဝင်း (အရှင်ဥက္ကံသ၏ နှမ) ကိုလည်း စောင့်ရဦးမယ်၊ တနင်္လာနေ့လောက်မှ တင်ဖြစ်မယ် ထင်တယ်” ဟု ပြောသည်။

    အရှင်ဥက္ကံသတွင် အစာအိမ်ရောဂါ အခံရှိပြီး စစ်ကြောစခန်းတွင် ရိုက်နှက်ခံရသည့် ဒဏ်ကြောင့် အဖျားရောဂါနှင့် ခါးနာရောဂါကိုလည်း ခံစားနေရကြောင်း လွန်ခဲ့သည့် ၁၀ ရက်ခန့်က သူ့အား ထောင်ဝင်စာ တွေ့ခဲ့သည့် နှမဖြစ်သူက ပြောသည်။

    အရှင်ဥက္ကံသ မိသားစုတွင် နာတာရှည်ရောဂါသည် ဖခင်တစ်ဦးနှင့် အသက် ၂၀ အရွယ်ခန့်ရှိ နှမငယ်တစ်ဦးသာ ရှိပြီး ထောင်ဝင်စာ တွေ့နိုင်ရန် အခက်အခဲများစွာ ရှိကြောင်း ညီမဖြစ်သူက ပြောသည်။

    သူ့အား မေလ ၁၄ ရက်နေ့မှ စ၍ အင်းစိန်ထောင် တရားရုံးတွင် ၆ ကြိမ်တိုင် ရုံးတင် စစ်ဆေးပြီး ဖြစ်သော်လည်း ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးပေ၊ ၎င်းအပြင် မိသားစုဝင်များလည်း တရားရုံးသို့ ဝင်ရောက်နာကြားခွင့် မရှိကြောင်း သိရသည်။

    အရှင်ဥက္ကံသအား စွဲချက်တင်နိုင်ရန်အတွက် မွန်ကျိုက်စွဲ (သူအဖမ်းခံရပြီးနောက် ၄ ရက်ခန့်တွင် သူ့အား ကြိုပို့မှုဖြင့် အဖမ်းခံရသူ) က တရားလိုပြသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ရသည်ဟု အဖမ်းခံရာမှ လေးလခန့်တွင် ပြန်လည်လွတ်မြောက်လာသူ မွန်ကျိုက်စွဲက ပြောသည်။

    သူ့အား နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ဥပဒေပုဒ်မ ၅၀၅ (ခ)၊ တရားမဝင် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ၊ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က)/၃၈ တို့ဖြင့် စွဲချက်တင်ထားသည်။

    မွန်ပြည်နယ် ချောင်းဆုံမြိ့ုနယ် မုဒွန်းရွာဇာတိ သက်တော် ၂၈ နှစ်ရှိ အရှင်ဥက္ကံသသည် မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အောင်ဇေယျပရိယတ္တိစာသင်တိုက်တွင် လက်ထောက်စာချဆရာတော်တစ်ပါးအဖြစ်  ၅ နှစ်ကျော် သီတင်းသုံးခဲ့သည်။

    ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှင်ဥက္ကံသအား သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်၌ ရဲများက ဖမ်းဆီးမိခဲ့ပြီး ယခုအချိန်ထိ အင်းစိန်အကျဉ်းထောင် တိုက် ၂၊ အခန်း ၁ တွင် ဆက်လက်ချုပ်နှောင်ထားစဉ် ယခုကဲ့သို့ ရောဂါဝေဒနာခံစားရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks