Tuesday, March 10, 2026
More
    spot_img
    Homeသတင်းနွေရာသီ မွန်စာသင်ကြားမှုသင်တန်းများ စဖွင့်

    နွေရာသီ မွန်စာသင်ကြားမှုသင်တန်းများ စဖွင့်

    -

    နွေရာသီ မွန်စာပေသင်ကြားမှုသင်တန်းကို မတ်လ ၂ ရက်နေ့ကနေ စတင်ဖွင့်လှစ်နေပြီးဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

    နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးစေလိုသည် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း မြို့နယ်အလိုက် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

    “မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာသင်ကြားရေးသင်တန်းကို သူ့မြို့နယ်နဲ့သူတော့ ဖွင့်နေကြပြီး။ စာစသင်မယ့် ရက်နဲ့ ကျောင်းဆင်းတဲ့ရက်ကိုတော့ မြို့နယ်တစ်ခုနဲ့ တစ်ခုတော့ တူချင်မှတူကြမယ်။ မွန်ဒေသလုံးဆိုင်ရာ စာမေးပွဲကိုတော့ အကုန်လုံးအတူတူ ဖြေကြမှာပါ” ဟု မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ နိုင်မွန်ရာဇာက ပြောသည်။

    နွေရာသီ မွန်စာပေသင်ကြားမှုသင်တန်းကို မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်သင်ကြားလေ့ရှိသည်။

    ယခုနှစ်တွင် စစ်ရေးပဋိပက္ခများပြင်းထန်နေသည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နွေရာသီ မွန်စာပေသင်ကြားမှုသင်တန်း ဖွင့်လှစ်ရန် မသေချာသေးသည့်အခြေအနေရှိနေသည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ်က နွေရာသီ မွန်စာပေသင်ကြားမှုသင်တန်းကို ကျောင်းသား ကျောင်းသူ ၁၈၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး သံဃာတော်များနှင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာ ဆရာမပေါင်း ၅၀၀၀ နီးပါး ရှိခဲ့သည်။

    မွန်စာသင်ကြားခွင့် လုံးဝပိတ်ပင်ခံခဲ့ရသည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မွန်စာကို နွေရာသီအချိန်တွင် သံဃာတော်များ ဦးဆောင်ပြီး ဘုန်းတော်ကြီးကျောင်းတို့တွင် သင်ကြားလာခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks