spot_img
Monday, October 13, 2025
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကျော် ဖမ်းမိ

    သံဖြူဇရပ်တွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကျော် ဖမ်းမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၅)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပင စစ်ဆေးရေးဂိတ်တွင် သံဖြူဇရပ်မှ ရေးမြို့ဘက်သို့ အမျိုးသမီးတစ်ဦး‌မောင်းနှင်လာသော ယာဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ ပြား ဖမ်းမိခဲ့ကြောင်း CCDAC Myanmar ကဩဂုတ် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

    ဩဂုတ် ၂ ရက် ည ၈နာရီ ဝန်းကျင်ခန့်က ဒေါ်ည မောင်းနှင်ပြီး ဒေါ်မစိန် လိုက်ပါလာသည့် Honda Fit အမျိုးအစားမော်တော်ယာဉ်ကို ပငစစ်ဆေးဂိတ်တွင် ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်လက်စစ်ဆေးချက်များအရ ၉ နာရီဝန်းကျင်ခန့်တွင် ဒေါ်ည နေထိုင်သော သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ နေအိမ်အား၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အလေးချိန် ၂၀.၄၁၂၅ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄.၀၈၂၅ သိန်း)ရှိ ဘိန်းစာရွက် အစို များကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

    အလားတူ နေအိမ်ခြံ၀င်းအတွင်း ရပ်တန့်ထားသည့် PAJERO အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ TOYOTA SUCCEED အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့ နှင့်အတူ အလေးချိန် ၃ ကီလို ရှိသည့် အိုက်စ်(မက်သ်အဖက်တမင်း) တို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

    ဒေါ်ည (၄၇) နှစ်နှင့် ဒေါ်မစိန်(၅၆)နှစ်တို့ကို သံဖြူဇရပ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်

    photo – CCDAC Myanmar

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts